Thursday, May 23, 2019

မြန်မာနိုင်ငံရှိ တရုတ်စီးပွားရေးစီမံကိန်းအချို့ကို လူတစ်စုက နိုင်ငံရေးရည်ရွယ်ချက်ဖြင့်ကန့်ကွက်နေဟုဆို

 မြန်မာနိုင်ငံရှိ တရုတ် စီးပွားရေးစီမံကိန်းအချို့ကို အ ကောင်အထည်မပေါ်စေရန် လူ တစ်စုက နိုင်ငံရေးရည်ရွယ်ချက် ဖြင့် ကန့်ကွက်နေသည်ဟု မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာဟုန်လျန်က ပြောသည်။ တရုတ်-မြန်မာချစ်ကြည် ရေးပျက်ပြားစေရန် အစစ်အမှန် မဟုတ်သည့် သတင်းမှားများ မကြာခဏထုတ်ပြန်လေ့ရှိပြီး ၎င်း တို့နောက်တွင် နိုင်ငံခြားတိုင်းပြည် အချို့က ကျောထောက်နောက်ခံ ပြုထားသည်ဟု မေလ ၂၁ ရက် က သံအမတ်နေအိမ်၌ ကျင်းပ သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။
‘‘သူတို့က မြန်မာနိုင်ငံမှာ ဒီ မိုကရေစီအသွင်ကူးပြောင်းရေး ကို အနှောင့်အယှက်ပေးဖို့ပါ။ တ ရုတ်-မြန်မာချစ်ကြည်ရေးကို အ နှောင့်အယှက်ပေးဖို့ပါ။ သူတို့ပြင် ဆင်မှုကို သတိထားဖို့လိုပါတယ်။ တရုတ်-မြန်မာနှစ်နိုင်ငံကြားက ချစ်ကြည်ရေးက ခိုင်မာပါတယ်’’ ဟု တရုတ်သံအမတ်ကပြော သည်။

တရုတ်-မြန်မာစီးပွားရေးပူး ပေါင်းဆောင်ရွက်မှုစီမံကိန်းများ ရှိပြီး ကောင်းမွန်သည့်အလားအ လာများရှိနေဆဲဖြစ်သည်ဟု ၎င်း က ဆိုသည်။  နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်မှုတွင် အခက်အခဲများ၊ ပြဿနာများကြုံတွေ့ရသည်မှာ သဘာဝကျပြီး နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပြည်သူ့အကျိုး ကို ရှေးရှု၍သာ ပြဿနာများဖြေ ရှင်းရမည်ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် လာရောက် လုပ်ကိုင်နေသည့် စည်းကမ်းပျက် တရုတ်လုပ်ငန်းရှင်များရှိသည် ကို လက်ခံထားပြီး ၎င်းတို့လုပ် ဆောင်နေခြင်းကို တရုတ်သံရုံးက လက်မခံကြောင်း၊ ထိုစည်းကမ်း ပျက်သည့်လုပ်ငန်းရှင်များသည် အနည်းငယ်သာဖြစ်ပြီး တည်ဆဲ ဥပဒေအရ အရေးယူနိုင်ကြောင်း သံအမတ်က ပြောသည်။ ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်၍လည်း မြန်မာပြည် တွင်းတွင် အမြင်ကွဲလွဲမှုများရှိ ကြောင်း၊ ထိုစီမံကိန်းသည် မြန် မာအစိုးရက ဆောင်ရွက်သည့် စီမံကိန်းဖြစ်ပြီး တရုတ်ကုမ္ပဏီက စည်းကမ်းအရ စီးပွားရေးလုပ် ကိုင်နေခြင်းသာဖြစ်ကြောင်း သံ အမတ်ကပြောသည်။

No comments:

Post a Comment