Thursday, May 23, 2019

ချင်းပြည်နယ်၊ ထန်တလန်တွင် အရက် ဆက်လက်ရောင်းချခွင့်ပြုမည်

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ တရားဝင်ဖွင့်လှစ်ထားတဲ့ ယစ်မျိုးဆိုင်(၃)ဆိုင်ကို မပိတ်သိမ်းဘဲ သတ်မှတ်စည်းကမ်းနဲ့အညီ ရောင်းချအောင် ကြပ်မတ်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင်မြင့်ကပြောပါတယ်။ေ မ(၂၅)ရက်ကကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ထန်တလန် မဲဆန္ဒနယ်အမတ် ဒေါ်နီရွှေလျန်းမေးမြန်းတဲ့ ထန်တလန်မြို့နယ်က တရားဝင်ရောင်းချခွင့်ပေးထားတဲ့ ယစ်မျိုးလိုင်စင်တွေကို အပြီးတိုင် ပိတ်သိမ်းပေးဖို့နဲ့ ပိတ်သိမ်းဖို့အစီအစဉ်မရှိရင် စည်းကမ်းနဲ့အညီ ရောင်းဝယ်ဖောက်ကားအောင် စောင့်ကြည့်ကွပ်ကဲပေးဖို့ အစီအစဉ်ရှိ၊ မရှိမေးခွန်းကို ဒုတိယ၀န်ကြီး ဦးတင်မြင့်က ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။



ချင်းလူငယ်တွေက အတွေ့အကြုံဗဟုသုတနည်းပါးတာ၊ သောက်စားတဲ့ နေရာမှာ စည်းကမ်းမရှိတာ၊ မိသားစုတွင်း မှာ အရက်ကြောင့် မလိုလား အပ်တဲ့ပြသနာတွေကို ဖြစ်ပွားနေတာကို ကြုံတွေ့ကြားသိနေရတာ ကြောင့် အခုလို ယစ်မျိုးလိုင်စင်တွေပိတ်သိမ်းဖို့ မေးမြန်းတာဖြစ်တယ်လို့ ထန်တလန်မဲဆန္ဒနယ်အမတ် ဒေါ်နီရွှေလျန်းက ပြောပါတယ်။

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ရှိ တရားဝင်ဖွင့်နေတဲ့ ယစ်မျိုးဆိုင်(၃)ဆိုင်ကိုပိတ်သိမ်းလိုက်ရင် နီးစပ်ရာ မြို့နယ်တွေကနေ တရားမ၀င်အရက်ရောင်းဝယ်မှုတွေ၊ သယ်ဆောင်မှုတွေ ပိုမိုများပြားလာနိုင်ပြီး စည်းကမ်းမဲ့ အရက်သောက်သုံးမှုတွေ ပိုမိုများပြားလာနိုင်တာကြောင့် ယစ်မျိုးဆိုင်အသစ်တွေကိုချထားမပေးဘဲ လက်ရှိ ဆိုင်တွေကိုပဲ စည်းကမ်းနဲ့အညီ ရောင်းချအောင် ကြပ်မတ်ဆောင်ရွက်ဖို့ ထန်တလန်မြို့နယ်ရှိ ယစ်မျိုးအကြံပေး အဖွဲ့က အစည်းအဝေးမှာ သဘောတူဆုံးဖြတ်ထားတာကို စိစစ်သိရှိရပါတယ်လို့ ဒုတိယ၀န်ကြီး ဦးတင်မြင့်က လွှတ်တော်မှာ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဒါ့အပြင် မြို့မိမြို့ဖတွေ၊ ဘာသာရေးအသင်အဖွဲ့တွေရဲ့ မေတ္တာရပ်ခံချက်အရ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ ပွဲလမ်းသဘင်ရှိတဲ့ရက်တွေ၊ ချင်းအမျိုးသားနေ့နဲ့ အပတ်စဉ် တနင်္ဂနွေနေ့တွေမှာ အရက်ရောင်းချမှုမရှိစေရေးကို ကြပ်မတ်ဆောင်ရွက်ပေးနေတယ်လို့လည်း ချင်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ဒုတိယ၀န်ကြီး ဦးတင်မြင့်က ဖြေကြားခဲ့ပါတယ်။

No comments:

Post a Comment