Thursday, May 23, 2019

ဝေသာလီ​ကျေးရွာအနီး တိုက်​ပွဲအပြီး လူ ၂ ဦး ဖမ်းဆီးခံရ

ရခိုင်​ပြည်​နယ်​၊ မြောက်​ဦးမြို့နယ်၊ ဝေသာလီ​ရွာအနီး ရန်​ကုန်​-စစ်​​တွေ လမ်းမကြီးမှာ​ ​မေလ ၂၂ ရက်​​ မနက်ပိုင်းက တပ်​မ​တော်​နဲ့ အေ​အေတပ်ဖွဲ့တို့ နာရီဝက်လောက် တိုက်​ပွဲဖြစ်​ပွားခဲ့​ပြီး အေအေတပ်​သား ၂ ဦးကို ဖမ်းထား​တယ်လို့ တပ်မတော် သတင်းမှန်​ပြန်​ကြား​ရေးအဖွဲ့ အတွင်း​ရေးမှူး ဗိုလ်​ချုပ်​​ဇော်​မင်းထွန်းက​ ပြောပါတယ်​။ “မ​နေ့က ၁၁ နာရီ ​ကျော်​​လောက်​မှာ တိုက်​ပွဲဖြစ်​တာမှန်​ပါတယ်​။ အေ​အေဘက်က လက်​နက်​မဲ့ တပ်​သား ၂ ဦး ဖမ်းမိပါတယ်​။ အခုရဲလက်ထဲ အပ်​နှံထားပါတယ်​။ အမှုတော့ မဖွင့်​​သေးပါဘူး။ စစ်​​ဆေး​နေတုန်းပါလို့”​ ပြောပါတယ်​။



ဖမ်းဆီးခံရသူ ၂ ဦးဟာ အသက် ၂၈ နှစ်အရွယ် ကို​အောင်​​ကျော်​နိုင်နဲ့ အသက် ၃၅ နှစ်အရွယ် ​ကို​စိုးစိုး​အောင်တို့ဖြစ်ကြပါတယ်။

သူတို့ နှစ်ဦးလုံးဟာ ​ဝေသာလီ​ကျေးရွာသားတွေဖြစ်တယ်လို့ ​ဝေသာလီ​ကျေးရွာ အုပ်​ချုပ်​​ရေးမှူး ​ဦးကျော်​၀င်းကပြောပါတယ်။

“ဒီက​လေး ၂ ​ယောက်​က သာမန်​အရပ်​သား​တွေပါ။ ​နေမ​ကောင်းတဲ့ သူတယောက်​လည်း ပါတယ်။ ​နောက်​တဦးက​ ခြေ​ထောက်​မသန်​ဘူး။ စစ်​​တွေမှာ ​ဆေးကုသလို့ ​ရောက်​တာလည်း မကြာ​သေးဘူးလို့ သိရတယ်​။ ​ဆေးလက်​မှတ်​​တွေ ​သောက်​​နေရတဲ့ ​ဆေး​တွေကို မိသားစု​တွေက ကျနော့်ဆီလာ​ပေးတယ်။ သူတို့က အမြဲဆေး​သောက်​​နေရတာလို့ ​ပြောတယ်။ စိစစ်​ရင်တော့အမှန်​ ​ပေါ်လာပါလိမ့်​မယ်။ သူတို့က ရာသီဥတုပူတာ​ကြောင့်​ ဘုရားကြီးရင်​ပြင်​မှာ ​လေညင်းခံ​နေကြတာပါ။ ပစ်​ခတ်​မှု​တွေဖြစ်​ပြီး​နောက်​မှာ သူတို့​နေအိမ်​ကိုပြန်​လာတဲ့အချိန်​ ရွာကို ၀ိုင်းထားတဲ့ တပ်​နဲ့ ရဲတပ်​ဖွဲ့က ဖမ်းဆီးလိုက်​တာ​” လို့​ ပြောပါတယ်​။ ​ဝေသာလီ​ကျေးရွာမှာ လူနေ အိမ်​​ခြေ ၃၀၀ ​ကျော်​ရှိပြီး  လူဦး​ရေ ၁၈၀၀ ​ကျော်​ နေထိုင်ကြတယ်လို့ သိရပါတယ်။

No comments:

Post a Comment