Thursday, May 23, 2019

ပေါ့ဂ်ဘာနှင့် ဟာဇက် ရောက်လာပါက ကြိုဆိုမည်ဟု ရီးရဲလ်နောက်ခံလူ ဗာရန်းပြော

ပေါ့ဂ်ဘာနဲ့ ဟာဇက်တို့ဟာ ကစားသမားကောင်းတွေ ဖြစ်တာကြောင့် အသင်းကို ရောက်လာမယ်ဆိုရင် ကြိုဆိုတယ်လို့ ရီးရဲလ်နောက်ခံလူ ဗာရန်းက ပြောလိုက်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့်ဘောလုံးရာသီမှာ အောင်မြင်မှုတွေ ရယူနိုင်ဖို့အတွက် ထိပ်တန်းကစားသမားတွေဖြစ်တဲ့ ပေါ့ဂ်ဘာ၊ ဟာဇက်တို့ကို ခေါ်ယူဖို့ ကြိုးပမ်းနေတာပါ။



ရီးရဲလ်နောက်ခံလူ ဗာရန်းကတော့ ပြင်သစ်လက်ရွေးစင် အသင်းဖော် ပေါ့ဂ်ဘာနဲ့ သူ့ရဲ့ကြားက ပြောစကားတွေကို ထုတ်ဖော်ပြောဆိုမှာ မဟုတ်ပေမယ့်လည်း ပေါ့ဂ်ဘာလို ထိပ်တန်းကစားသမားတဦးအတွက် ရီးရဲလ်အသင်းမှာ နေရာတနေရာရှိတယ်လို့ ဖိတ်ခေါ်စကား ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဟာဇက်နဲ့ ပတ်သက်ပြီး ပြောကြားရာမှာတော့ ပြင်သစ်လိဂ်မှာ ကစားခဲ့စဉ်ကတည်းက ဟာဇက်ကို သိခဲ့ပြီး ထိပ်တန်းကစားသမားတဦးဖြစ်လို့ ရီးရဲလ်အသင်းမှာ ကစားနိုင်စွမ်းရှိတယ်လို့ ဗာရန်းက ပြောကြားသွားပါတယ်။

No comments:

Post a Comment