Thursday, May 23, 2019

ရေခဲတွေ အရည်ပျော်နှုန်း မြင့်လာလို့ ရှန်ဟိုင်း၊ နယူးယောက်နဲ့ လန်ဒန်မြို့ကြီးတွေ အပါအဝင် မြို့ကြီးတချို့ အန္တရာယ်ရှိနေ

 ဂရင်းလန့် နိုင်ငံနဲ့ အန္တာတိကတိုက်က ရေခဲတွေ အရည်ပျော်နှုန်း မြင့်လာတာကြောင့် ရှန်ဟိုင်း၊ နယူးယောက်နဲ့ လန်ဒန် မြို့ကြီးတွေ အပါအဝင် မြို့ကြီး တချို့ အန္တရာယ် ရှိနေတယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးလိုက်ပါတယ်။ေ ရခဲတွေ အရေပျော်နှုန်း မြင့်လာလို့ ကမ္ဘာတဝန်း ပင်လယ်ရေ မျက်နှာပြင်တွေဟာ ခန့်မှန်းထားတာထက် ပိုမြင့်တက်လာ နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးလိုက်ပါတယ်။



အခု ရာစုနှစ်ကုန်ပိုင်းမှာ ပင်လယ်ရေ မျက်နှာပြင်ဟာ ၁ မီတာ လောက် အထိ မြင့်တက်လာနိုင်တယ်လို့ အမေရိကန် ပြည်ထောင်စု အမျိုးသား သိပ္ပံပညာဆိုင်ရာ အကယ်ဒမီက သုတေသီတွေက သူတို့ရဲ့ လေ့လာချက်မှာ အခုလို ပြောလိုက်တာပါ။

ဒါ့အပြင် ကမ္ဘာကြီးပူနွေးမှုဟာ ၂ ဒီဂရီကျော် အထိ မြင့်တက်လာမယ်ဆိုရင် ရေခဲတွေ အရည်ပျော်လို့ အမှန်တကယ် မြင့်တက်လာမယ့် ပင်လယ်ရေပြင် မျက်နှာပြင်ဟာ ၂ မီတာ လောက် အထိ ဖြစ်လာနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

ဒီ အခြေအနေကြောင့် ကုန်းမြေအကျယ် သန်းပေါင်း ၁.၈ စတုရန်း ကီလိုမီတာ နီးပါးဟာ ဘင်္ဂလားဒေ့ရှ်နဲ့ အီဂျစ်နိုင်ငံက နိုင်းမြစ်ဝှမ်း ဒေသတို့ဟာ ရေတဝက်မြုပ်သွားနိုင်ပြီး ရှန်ဟိုင်း၊ နယူးယောက်နဲ့ လန်ဒန်မြို့ကြီးတွေ အပါအဝင် မြို့ကြီး တော်တော်များများအတွက်လည်း အန္တရာယ် ရှိလာစေပါတယ်။

လာမယ့် ဆယ်စုနှစ်တွေအတွင်း ကမ္ဘာကြီး ပူနွေးစေတဲ့ ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေကို အကြီးအကျယ် လျှော့ချနိုင်မယ် ဆိုရင် ဒါတွေ မဖြစ်လာအောင် ရှောင်ရှားနိုင်မယ်လို့ သုတေသီတွေက အကြံပြု ထားပါတယ်။

No comments:

Post a Comment