Thursday, May 23, 2019

တနင်္သ࿿ာရီတိုင်းဒေသကြီး အတွင်းရှိ ဒေသခံများ အခြားပြည်နယ်နှင့် တိုင်းများကဲ့သို့ အစိုးရက ထောက်ပံ့သည့် လျှပ်စစ်မီး တစ်ယူနှစ်လျှင် ၃၅ ကျပ်နှုန်းဖြင့် အခြေခံယူနစ် ၂၀ ရရှိရန် တိုင်းလုံးကျွတ် လူထုတောင်းဆိုပွဲ ပြုလုပ်မည်ဟုဆို

တနင်္သ࿿ာရီတိုင်း ဒေသကြီး အတွင်းရှိ ဒေသခံများ အခြားပြည်နယ်နှင့် တိုင်းများကဲ့သို့အစိုးရက ထောက်ပံ့သည့် လျှပ်စစ်မီး တစ်ယူနှစ်လျှင် ၃၅ ကျပ်နှုန်းဖြင့် အခြေခံယူနစ် ၂၀ ရရှိရန် တိုင်းလုံးကျွတ် လူထုတောင်းဆိုပွဲ ပြုလုပ်သွားမည့်အပြင် GGS ကုမ္ပဏီအား တစ်ယူနစ် ၂၅၀ ကျပ်ဖြင့် ဆက်လက်လုပ်ခွင့်ပြုမှုကိုလည်း ကန့်ကွက်ပြီး ဆန္ဒထုတ်ဖော်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေ ၁၈ ရက်က ထားဝယ်မြို့ရှိ ဆိပ်ကမ်းသာ-၂ မင်္ဂ္လာခန်းမ၌ ပြုလုပ်ခဲ့သည့် ဒေသတွင်း လျှပ်စစ်ပြဿနာဆိုင်ရာ ဆွေးနွေးပွဲတွင် တက်ရောက်လာသည့် လျှပ်စစ်ကျွမ်းကျင် ပညာရှင်များ၊ လျှပ်စစ်အရေး တက်ကြွလှုပ်ရှားသူများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများက လက်ရှိကြုံတွေ့နေရသည့် လျှပ်စစ်ပြဿနာများကို ဖြေရှင်းနိုင်သည့် နည်းလမ်းများနှင့် တိုင်းအတွင်းရှိ ပြည်သူများ အခြားပြည်နယ်နှင့် တိုင်းများကဲ့သို့ လျှပ်စစ်ယူနစ်ခကို တန်းတူသုံးစွဲခွင့်ရရှိရန် ဆက်လက်လုပ်ဆောင်မည့် ကိစ္စများ ဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးပွဲ၌ တက်ရောက်လာသူများက တိုင်းအတွင်းရှိ ဒေသခံများ အခြားပြည်နယ်နှင့် တိုင်းများကဲ့သို့ အစိုးရက ထောက်ပံ့သည့် တစ်ယူနှစ်လျှင် ၃၅ ကျပ်နှုန်းဖြင့် အခြေခံယူနစ် ၂၀ ရရှိရန် တိုင်းလုံးကျွတ် လူထုတောင်းဆိုပွဲကို ကျင်းပရန် ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ ကော့သောင်းခရိုင်တို့တွင် တွေ့ဆုံဆွေးနွေးပွဲများ ဆက်လက် လုပ်ဆောင်သွားမည်ဟု ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီနေ့လျှပ်စစ်အကြောင်းလေးကို ဒေသတွင်းမှာ ဆွေးနွေးတဲ့အချိန်မှာပေါ့ဗျာ၊ တစ်နိုင်ငံလုံးမှာ ကျွန်တော်တို့ ဒေသသည် သယံဇာတလည်း ရှိနေရဲ့သားနဲ့ လျှပ်စစ်မီတာခတွေ ဘာလို့တန်းတူမဖြစ်လဲ ကျွန်တော်တို့စပြီး ဆွေးနွေးတဲ့အချိန်မှာ ဆွေးနွေးချက်တွေ အများကြီးရတယ်။ အများကြီးရတဲ့ အထဲမှာမှ ဘာလေးကို ပြောနိုင်သလဲဆိုတော့ ယူနစ် ၂၀ ကို(တစ်ယူနစ်) ၃၅ ကျပ်နဲ့ တစ်တိုင်းလုံးမှာရှိတဲ့ တရားဝင် မီတာတွေမှာ သူများတိုင်းတွေ သူများမြို့တွေမှာ ခံစားခွင့်ရှိသလိုမျိုး ခံစားခွင့်ရဖို့အတွက် တစ်တိုင်းလုံးအနေနဲ့ တောင်းဆိုမှု လုပ်သွားဖို့ သမ္မတဆီကို တင်ပြတောင်းဆိုဖို့အတွက် ဆုံးဖြတ်တယ်။ ဒါက ပထမပိုင်းပါ။ အဲဒီအစည်းအဝေး ပြီးသွားတဲ့ အချိန်မှာ အစည်းအဝေး တက်ရောက်လာသူတွေရဲ့ အကြံပြုချက်အရ ဆွေးနွေးချက်အရ လက်ရှိ လျှပ်စစ်ဖြစ်နေတဲ့ အခြေအနေကို နောက်တစ်ပိုင်း ဆွေးနွေးခဲ့တယ်။ အဲဒီလို ဆွေးနွေးတဲ့အခါမှာ လက်ရှိ တနင်္သ࿿ာရီတိုင်းအစိုးရက ပြောနေတဲ့ ဝန်ကြီးချုပ်ကြီးတို့ လျှပ်စစ်ဝန်ကြီးတို့ ပြောနေတဲ့ အဲဒီစာချုပ်ပါ စည်းမျဉ်းစည်းကမ်းများ ဖောက်ဖျက်ပါတယ်၊ အဂတိနဲ့ ငြိပါတယ်ဆိုပြီး တရားစွဲခံထားရတဲ့ GGS ကုမ္ပဏီကိုပဲ ယာယီစာချုပ်ပဲပြောပြော သက်တမ်းတိုးလိုက်တာပဲပြောပြော၊ အဲဒီဟာနဲ့ ခြောက်လလုပ်ခွင့်ပြုမယ်ဆိုတဲ့ ၂၅၀ ကျပ်နှုန်းကို လုံးဝကန့်ကွက်တယ်။ အဲဒီလို ၂၅၀ ကျပ်နှုန်း ဖြစ်လာလို့ ရှိရင်လည်း အရင်က ဆန္ဒပြခဲ့တဲ့ လျှပ်စစ်အရေးမှာ ဦးဆောင်ခဲ့တဲ့ ‘ဒို့သယံဇာတ ဒို့ပြည်သူများ’ အဖွဲ့ကနေပြီးတော့ ဦးဆောင်ဆန္ဒထုတ်ဖော်သွားဖို့က အသေအချာပါပဲ” ဟု အဆိုပါ ဆွေးနွေးပွဲကို ဦးဆောင်ပြုလုပ်ခဲ့သည့် ထားဝယ်ခရိုင် လျှပ်စစ်အရေး လှုပ်ရှားသူ ဦးသန်းဝင်းက ပြောကြားသည်။


ထို့ပြင် ထားဝယ်ခရိုင် အတွင်း၌ လျှပ်စစ်ထုတ်လုပ်၊ ဖြန့်ဖြူးရေး လုပ်ကိုင်သည့် GGS ကုမ္ပဏီမှာ အရှုံးပေါ်နေသည့်အပြင် ယင်းကုမ္ပဏီအား အရေးယူပါက မီးပြတ်တောက်နိုင်သည့် အခြေအနေကြောင့် ယင်းလုပ်ငန်းအတွက် အောက်တိုဘာလကုန်အထိ ယာယီစာချုပ် ချုပ်ဆိုသွားမည်ဖြစ်ပြီး ယခုမေလမှ စတင်ကာ တစ်ယူနစ်လျှင် ကျပ်၂၅၀ နှင့် လမ်းမီးခ ကျပ် ၄၀ဝ သို့ အစိုးရက တိုးမြှင့်ကောက်ခံခွင့် ပြုလိုက်ခြင်းအပေါ် လုံးဝလက်မခံနိုင်ကြောင်းနှင့် လိုအပ်ပါက ဆန္ဒထုတ်ဖော်မှုများ ဆောင်ရွက်သွားမည်ဟု သိရသည်။

“အဲဒီသတင်းက အင်မတန်အံ့သြဖို့ ကောင်းတယ်။ အဲဒီလို Black list လို့ ပြောလို့ရတဲ့ ကုမ္ပဏီတစ်ခုကို ဘာဖြစ်လို့ ထပ်ပြီးတော့ သက်တမ်းတိုးပေးတာလဲ။ ကုမ္ပဏီက ရှုံးနေတယ်ဆိုတဲ့ အကြောင်းပြချက်တိုင်းသာ ပြည်သူတွေ ပေးဆပ်ရမယ်ဆိုရင် ကုမ္ပဏီမြတ်လို့ရှိရင် ပြည်သူကို ဘာလုပ်ပေးခဲ့လို့လဲ။ ပြည်သူမှာ ရက်လွန်ကြေး ကောက်တာပဲရှိတယ်။ GGS ဆိုတဲ့ကုမ္ပဏီက လုံးဝမပေးသင့်တဲ့ ကုမ္ပဏီ။ အဲဒီတော့ မီတာခ တိုးကောက်မယ် ဆိုရင်တော့ ဒေသခံတွေအနေနဲ့ အကုန်လုံးက လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ နောက်တစ်ခုက အင်မတန်အံ့သြဖို့ကောင်းတဲ့ စကားတစ်ခွန်း လူထုတွေ့ဆုံပွဲမှာ ဗီဒီယိုဖိုင်ကနေ ပြန်ကြည့်ရတယ်။ အခုအဂတိ တိုက်ဖျက်ရေး ကော်မရှင်ကနေ တရားစွဲထားတဲ့ GGS ကုမ္ပဏီဒါရိုက်တာ ဦးအောင်မြတ်ကိုယ်တိုင် မြို့တော်ခန်းမမှာ ပြည်သူလူထုကို ခေါ်ပြီးတော့ သူ့အနေနဲ့တော့ ဒီကိစ္စ ဒီလိုဒီလို ဖြစ်လာလို့ရှိရင် မီးပိတ်ပြီး ပြန်သွားရုံပဲ၊ ထားဝယ်မြို့ကြီး မှောင်သွားမယ် ခြိမ်းခြောက်ခဲ့တဲ့ စကားအတိုင်းကို အခုလက်ရှိဝန်ကြီးက ဒီစကားလိုမျိုး စကားတွေ ပြန်သုံးပြီးတော့ သူတို့ကိုမှ မပေးရင် မီးမှောင်သွားမယ်ဆိုတဲ့ ဟာတွေက ကျွန်တော်တို့ စိတ်ထဲမှာ ခြိမ်းခြောက်ခံရသလို ဖြစ်တယ်ဗျ။ ကျွန်တော်တို့ မှောင်ချင် မှောင်သွားပါစေပေါ့။ ဘယ်နှလမှောင်မှာလဲ။ အရင်တုန်းက သူတို့ပြောခဲ့တယ်။ Plan B ရှိတယ်၊ Plan C ရှိတယ်။ အခုအချိန်မှာ ဘယ်ရောက်သွားပြီလဲ။ Plan B တို့ Plan C တို့က လုံးဝသုံးလို့မရတော့ဘူးလား။ အဲဒီတော့ ကျွန်တော်တို့ ပြည်သူလူထုကို ပူးပေါင်းပါ မခြိမ်းခြောက်ပါနဲ့လို့ပဲ ကျွန်တော်ပြောချင်တယ်” ဟုဦးသန်းဝင်းက ဆက်လက်ပြောကြားသည်။

လက်ရှိ၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တရားစွဲဆိုခြင်း ခံထားရသည့် GGS ကုမ္ပဏီအား မီတာခနှုန်းထား အသစ်ဖြင့် ယခုနှစ် စက်တင်ဘာလကုန်အထိ ယာယီလုပ်ကိုင်ခွင့် ဆက်ပေးရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖွဲ့စည်းပေးထားသော အဖွဲ့ဝင် ၃၄ ဦးပါ ထားဝယ်ခရိုင် လျှပ်စစ်ကော်မတီက တင်ပြချက်အရ ဆုံးဖြတ်ခဲ့သည်ဟု ဆိုသော်လည်း ယင်းကော်မတီတွင် မည်သူများ ပါဝင်ကြောင်းကိုပင် ဒေသခံများ အနေဖြင့် သိရှိရခြင်း မရှိသည့်အပြင် ပြည်သူများက ရွေးချယ်ပေးထားခြင်းလည်း မရှိကြောင်း၊ ပြည်သူလူထုက ရွေးချယ်ပေးထားသည့် အချို့လွှတ်တော် ကိုယ်စားလှယ်များသည်ပင် တစ်ခါတလေ၌ ပြည်သူလူထုကို ကိုယ်စားမပြုနိုင်သည်များ ရှိသောကြောင့် ၃၄ ဦးပါဝင်သော ကော်မတီက ပြည်သူများကို ကိုယ်စားပြုနိုင်သည်ဟု မည်သူပြောခဲ့သည်ကို မေးခွန်းထုတ်စရာရှိပြီး ယင်းအပေါ်တွင် လက်မခံနိုင်ကြောင်းနှင့် ယင်းကော်မတီအား ပြည်သူများ အနေဖြင့် လက်ခံလိမ့်မည် မဟုတ်ကြောင်း၊ ပြည်သူ့ကိုယ်စားလှယ်များ အနေဖြင့် ခရိုနီများဘက်မှ မရပ်ဘဲ ပြည်သူဘက်က ရပ်ပေးရန် ဦးသန်းဝင်းက ပြောကြားသည်။

No comments:

Post a Comment