Thursday, May 23, 2019

မင်းလှတွင် ဆီသိုလှောင်ခြံ မီးလောင်မှု ဖြစ်ပွား

Image may contain: sky and outdoorမ​ကွေးတိုင်း​ဒေသကြီး၊ အထက်​မင်းလှမြို့၊ကုန်းကြီး​ကျေးရွာ၏အ​ရှေ့ဘက်​တစ်​မိုင်​ခန့်​အကွာရှိ ဆီသိုလှောင်ခြံ အကွက်​အမှတ်​(၂၆)တွင်​ ​မေ၂၂ ရက်​ ​နေ့လယ်​ ၁ နာရီ ၅၀ မိနစ်​အချိန်​က မီး​လောင်​မှု ဖြစ်​ပွားခဲ့သည်​။ "ဆီခြံထဲက ပေပါတစ်​လုံးအထဲ ရေနံစိမ်းတွေကို ပိုက်​နဲ့ဆီကန်​ထဲ ထည့်ရာကနေ ဆီပိုက်​​ဂေါက်​နဲ့ သံကန်​ ပွတ်​တိုက်​မိပြီး မီးလောင်တာပါ"ဟု မင်းလှမြို့နယ်​မီးသတ်​ဦးစီးဌာနမှဦးစီးမှူး ဦး​ဝေဖြိုးအောင်​က ​ပြောသည်။


မီး​လောင်​မှု​ကြောင့်​ ကျပ် သိန်း ၂၈၀ တန်​​ကြေးရှိ (၂၂)ဘီး အဖြူ​ရောင်​တွဲကားယာဉ်​ ​ရှေ့တွဲ​ခေါင်းခြမ်းနှင့်တာယာ​များ၊ ဆီဘောက်ဆာယာဉ်အနောက်ခြမ်း တာယာ ၉ လုံး မီးလောင်ကာ ကျပ် သိန်း၂၀ ဖိုးခန့်၊ ဆီပိုက်​၊ဆီ​ပိုက်​ဂေါက်​များ လောင်ကျွမ်းကာ စုစု​ပေါင်း ကျပ်သိန်း ၃၀၀ ကျော် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်​စဉ်​နှင့်​ပတ်​သက်​ပြီး ဆီခြံပိုင်ရှင် ကိုသက်​(ခ)ကိုဘိုသက်​အား ပအမှတ်​(ပ)၁၉၇/၂၀၁၉၊ရာဇသတ်​ကြီးပုဒ်​မ၂၈၅ ဖြင့်​ အမှုရေးဖွင့်​နိုင်​ရန်​ စီစဉ်​​ဆောင်​ရွက်​လျှက်​ရှိသည်​။

No comments:

Post a Comment