Thursday, May 23, 2019

မြန်မာနိုင်ငံတွင် အမှိုက်ကစ ပြဿဒ်မီးလောင်ကောင်းနေကြောင်း မော်လိုက်အမတ် ဝေဖန်ပြောဆို

Image may contain: one or more people, tree, outdoor and natureနိုင်ငံတကာတွင် အမှိုက်ရွှေဖြစ်နေသည့်အချိန်တွင် မြန်မာပြည်၌ အမှိုက်ကစ ပြဿဒ် မီးလောင်နေကြောင်း မော်လိုက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုဝင်းက ပြောသည်။ေ မလ ၂၂ ရက်က ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ၁၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေး နဝမနေ့ အစီအ စဉ်တွင် ရွှေပြည်သာမဲဆန္ဒနယ်မှ ဦးဥာဏ်လင်းတင်သွင်းသည့် စွန့်ပစ်အမှိုက်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်ဆီးမှု လျော့နည်းပပျောက်စေရန် နေ့စဉ်မီးရှို့နိုင်သော အမှိုက်မီးရှို့စက်များ အသုံးပြုပြီးလျှပ်စစ်မီးထုတ်လုပ်နိုင်ငံရန် နိုင်ငံ တော်အစိုးရအားတိုက်တွန်းသည့်အဆိုအား ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အိမ်နီးချင်းနိုင်ငံနှင့် နိုင်ငံတော်တော်များများမှာ အမှိုက်က ရွှေဖြစ်နေချိန်မှာ ကျွန်မတို့နိုင်ငံမှာ အမှိုက်ကစ ပြ ဿဒ်မီးလောင် လို့ ကောင်းနေတုန်းပဲ ရှိပါသေးတယ်။ ဗရမ်းဗတာ အမှိုက်စွန့်ပစ်ခြင်း၊ အမှိုက်သိမ်းဆည်းမှု စနစ်မကျခြင်း၊ မနိုင်မနင်းဖြစ်ခြင်း၊ စီမံ ခန့်ခွဲနိုင်မှုအားနည်းခြင်းစတာတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးရပါတယ်။ မြို့အဂါင်္ရပ်နဲ့မညီဘဲ ညစ်ပတ် ရုပ်ဆိုး အကျည်းတန်ရပါတယ်။ အနံအသက်ဆိုးများ၊ ခြင်၊ ယင်၊ ပိုးမွှားများကြောင့် ရောဂါဘယတွေများပြားပြီး စိတ်ပိုင်းဆိုင်ရာ ယုံကြည် မှုတွေဆုံးရှုံးရပါတယ်”ဟုဒေါ်ချိုချိုဝင်း ကပြောသည်။
လက်ရှိ ရန်ကုန်မြို့တွင် တစ်နေ့လျှင် အမှိုက်တန်ချိန် ၂၅၀၀ ခန့် နေ့စဉ်ထွက်ရှိနေပြီး လှိုင်သာယာထိန်ပင် နောက်ဆုံးအမှိုက်စွန့် ပစ် အမှိုက်ပုံသို့ တစ်နေ့လျှင် တန် ၁၃၀၀ ခန့်စွန့်ပစ်လျက်ရှိကြောင်း သိရသည်။
ထိန်ပင်အမှိုက်ပုံသည် ဧက ၂၄၀ ကျော်ရှိပြီး လက်ရှိမှာ ဧက ၁၄၀ ခန့်တွင် အမှိုက်များ စုပုံပြီးဖြစ်ကာ နောက်နှစ်နည်းငယ် အ တွင်းတွင် အမှိုက်စွန့်ပစ်ရန်အတွက် မြေနေရာအခက်အခဲရှိလာမည်ဖြစ်ကြောင်း လှိုင်သာယာ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးဝင်းမင်းက ထောက်ပြသည်။

No comments:

Post a Comment