Thursday, May 23, 2019

မြို့ပတ်ရထားလမ်း အဆင့်မြှင်တာကို လာမယ့်နှစ်မှာ အပြီးလုပ်မယ်

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်မှုစီမံကိန်းကို ၂၀၂၀မေလမှာ ပြီးစီးအောင်ဆောင်ရွက်မယ်လို့ မြန်မာ့မီးရထားအောက်မြန်မာပြည်ရဲ့ အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းကပြောပါတယ်။ ရန်ကုန်မြို့ပတ်ရထားလမ်းအဆင်မြှင့်တင်မှုစီမံကိန်းကို ဒညင်းကုန်းဘူတာကနေ ပုဇွန်တောင်ဘူတာထိ အရှေ့ဘက်ပိုင်းနဲ့ ဘုရားလမ်းဘူတာကနေဒညင်းကုန်းဘူတာထိအနောက်ဘက်ပိုင်းဆိုပြီး ၂ပိုင်းခွဲဆောင်ရွက်နေတာပါ။
မြို့ပတ်ရထားလမ်းအဆင့်မြှင့်ပြီးပါက အဲဒီ့ရထားလမ်းမှာ ဂျပန်ကဝယ်ယူမယ့်ရထားတွဲတွေနဲ့ ပြေးဆွဲမယ်လို့လည်း ဦးထွန်းအောင်သင်းကပြောပါတယ်။ ဒီစီမံကိန်းကို မြန်မာ့မီးရထားရဲ့ဘတ်ဂျက်နဲ့အတူ ဂျပန်နိုင်ငံရဲ့ချေးငွေနဲ့ဆောင်ရွက်နေတာဖြစ်ပြီး သံလမ်းပြုပြင်တာတွေ၊ အချက်ပြစနစ်အဆင့်မြှင့်တာတွေ၊ မီးရထားစက်ခေါင်းတွဲဝယ်ယူတာတွေပါဝင်ပါတယ်။ စီမံကိန်းကို ၂၀၁၈နှစ်လယ်ကစတင်ခဲ့တာဖြစ်ပြီး မြို့ပတ်ရဲ့အရှေ့ဘက်ပိုင်းကို ရွှေတောင်ကုမ္ပဏီ၊ အနောက်ဘက်ပိုင်းကိုတော့ အေဝမ်းကုမ္ပဏီတို့က တာဝန်ယူဆောင်ရွက်နေတာပါ။

No comments:

Post a Comment