Thursday, May 23, 2019

ဂွာဒီယိုလာ ဂျူဗင်တပ်သို့ လေးနှစ်စာချုပ်ဖြင့်ပြောင်းရန် သဘောတူညီထားဟု သတင်းထွက်

 မန်စီးတီးနည်းပြပက်ဂွာ ဒီယိုလာသည် ဂျူဗင်တပ်အသင်း အားကစားညွှန်ကြားရေးမှူး ဖာ ဘီယိုပါရာတီစီနှင့် အင်္ဂါနေ့က မီလန်မြို့၌ တွေ့ဆုံကာ ဂျူဗင် တပ်သို့လေးနှစ်စာချုပ်ဖြင့်ပြောင်း ရွှေ့ရန် သဘောတူထားကြောင်း အီတလီသတင်းများက ဖော်ပြ သည်။ ပြည်တွင်း    ပြိုင်ပွဲများ၌ အောင်မြင်မှုများ ရယူခဲ့သော် လည်း ချန်ပီယံလိဂ်တွင် အကြိမ် ကြိမ်အခြေအနေမကောင်းဖြစ်ခဲ့ သည့် နည်းပြအယ်လီဂရီနှင့်လမ်းခွဲခဲ့ပြီးနောက် ဂျူဗင်တပ်က ဂွာ ဒီယိုလာကို နံပါတ် (၁) အဖြစ် ပစ်မှတ်ထားနေကြောင်း Radio Sportiva မှ အီတလီဂျာနယ်လစ် တစ်ဦးကို ကိုးကား၍အီတလီသ တင်းများက ဖော်ပြသည်။

ဂွာဒီယိုလာသည် များမကြာ မီက မန်စီးတီးနှင့်အတူ အင်္ဂလန် ပြည်တွင်းဖလားသုံးလုံး ရယူခဲ့ သော်လည်း ဘာကာနှင့်ဘိုင်ယန် နည်းပြဟောင်းအတွက် နောက် ထပ်ချန်ပီယံလိဂ်အောင်မြင်ရေး အခက်အခဲဖြစ်နေခြင်းနှင့်အတူ ဂျူဗင်တပ်၏ ချန်ပီယံလိဂ်ဖလား မျှော်လင့်ချက်နှင့် ၎င်း၏မျှော်လင့် ချက် တစ်ထပ်တည်းကျခဲ့သည် ဟု သတင်းများက ဖော်ပြသည်။

ထို့အပြင် ဘဏ္ဍာငွေမျှတစွာ ယှဉ်ပြိုင်ရေးစည်းကမ်းချိုးဖောက် သည်ဆိုခြင်းကြောင့် မန်စီးတီး သည် ချန်ပီယံလိဂ်မှ တစ်နှစ်အ ပယ်ခံရနိုင်ခြေရှိနေသည်။

ဂွာဒီယိုလာက စီးရီးအေချန် ပီယံအသင်းနှင့် ချိတ်ဆက်ပြော ဆိုမှုများကို ယခင်က ပယ်ချထား သော်လည်း မန်စီးတီးအပြစ်ပေး ခံရနိုင်ခြေက ဂျူဗင်တပ်သို့ ပြောင်းရန် ဆုံးဖြတ်ရာတွင် တစ် ချက်အပါအဝင်ဖြစ်ခဲ့သည်ဟု သတင်းများက ဖော်ပြသည်။

No comments:

Post a Comment