Thursday, May 23, 2019

အထက်မြန်မာပြည်စီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဥရောပကုန်သည်အသင်းလာရောက်ဆွေးနွေး

အထက်မြန်မာပြည်ရှိ မြို့များတွင် စီးပွားရေးလုပ်ငန်း များ ပူးပေါင်းဆောင်ရွက်ရန် ဥရောပကုန်သည်ကြီးများအသင်း က မန္တလေးတိုင်း ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းနှင့် ပူးပေါင်းကာ မေလ ၂၁ ရက်က ဆွေးနွေးပွဲကျင်းပခဲ့ သည်။ မန္တလေးတိုင်း ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းရုံးတွင် ကျင်းပသည့် ယင်းဆွေးနွေးပွဲ၌ ဥရောပကုန် သည်ကြီးများအသင်းမှ လုပ်ငန်း ရှင် ၁၃ ဦးက ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ရင်း နှီးမြှုပ်နှံမှုများ ပြုလုပ်ရာ၌ ပေါ်လစီနှင့် မူဝါဒများ ပိုမိုလွယ်ကူ လာ စေရေး ဆွေးနွေးခဲ့သည်။ ‘
‘အီးယူဟာ ကမ္ဘာမှာ ဒုတိယမြောက်အကြီးဆုံး စီးပွားရေးဈေး ကွက်တစ်ခုဖြစ်ပါတယ်။ မြန်မာ နိုင်ငံနဲ့ဆိုရင် စတုတ္ထမြောက်အ ကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပါ တယ်။ ဒါ့အပြင် မန္တလေးဟာ တည်ငြိမ်အေးချမ်းပြီး လွတ်လပ် ပွင့်လင်းစွာနဲ့ စီးပွားရေးလုပ်ငန်း တွေကို ဖိတ်ခေါ်နေတယ်။ တိုး တက်မှုတွေလည်း အများကြီးရှိနေ တာကို တွေ့ရပါတယ်’’ဟု အ ထက်ပါဆွေးနွေးပွဲတွင် ဥရောပ သမဂ္ဂ(အီးယူ)မှ မြန်မာနိုင်ငံဆိုင် ရာ သံအမတ်ကြီး Kristian Schmidt က ပြောသည်။

ယခုအခါ မန္တလေးတိုင်းအ တွင်း ဥရောပကုမ္ပဏီ ၃၀ ခန့် လာရောက်ရင်းနှီးမြှုပ်နှံကာ လုပ်ငန်းများဆောင်ရွက်နေသည်။ ဥရောပနိုင်ငံများရှိ စီးပွားရေးလုပ်ငန်းများ သည် မန္တလေးတိုင်း၌ ဒေသတွင်း လုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ စီးပွားရေးဖွံ့ဖြိုးရေး ရင်းနှီးမြှုပ်နှံမှု များ ပြုလုပ်မည်ဖြစ်ကြောင်း ၎င်း က ပြောသည်။ ‘‘နိုင်ငံတကာက ရင်းနှီးမြှုပ်နှံ မှုတွေ လာဖို့ဆိုတာ နိုင်ငံရေး တည်ငြိမ်မှုက အရေးကြီးဆုံးပါ။ မန္တလေးမြို့ကို ပြောရရင် နိုင်ငံရေးအရ တည်ငြိမ်မှုရှိတယ်လို့ ပြောလို့ ရပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ပေါ်လစီတွေဟာ ရေရာသေချာဖို့ လိုပါတယ်။ တတ်နိုင်သမျှ မျှော်မှန်းလို့မရတဲ့ ဆုံးရှုံးနိုင်မှုတွေနဲ့ စွန့်စားရမယ့် ဟာတွေကို ဖြေ လျှော့ပေးရမယ်။ အဲဒါမှ လာပြီး ရင်းနှီးမြှုပ်နှံချင်ကြမှာ ဖြစ်ပါ တယ်’’ဟု မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အ ဆိုပါဆွေးနွေးပွဲတွင် ပြောသည်။

No comments:

Post a Comment