Thursday, May 23, 2019

ရွှေစက်တော်ဘေးမဲ့တော၌ တွေ့ရှိသည့် တောက်တဲ့မျိုးစိတ်သစ်ကို မြန်မာအမည်ပေး

မြန်မာလူမျိုးပညာရှင်ဒေါက်တာညီညီကျော်ကို ဂုဏ်ပြုသောအားဖြင့် Cyrto-dactylusnyinyikyawi ဟု အမည်ပေးထားသည်။  ရွှေစက်တော်ဘေးမဲ့ တော၌ တွေ့ရှိသည့် တောက်တဲ့ မျိုးစိတ်သစ်ကို မြန်မာအမည်ပေး ၍ မှတ်တမ်းတင်ခဲ့သည်ဟု သစ် တောဦးစီးဌာန တာဝန်ရှိသူတစ် ဦးက ပြောသည်။  တောက်တဲ့မျိုးစိတ်သစ်ကို သစ်တောဦးစီးဌာနတွင် လက်ရှိ ညွှန်ကြားရေးမှူးချုပ်တာဝန်ထမ်း ဆောင်နေသော ဒေါက်တာညီညီ ကျော်အမည်အစွဲပြု၍ Cyrto-dactylusnyinyikyawi ဟု အမည် ပေးထားပြီး ထိန်းသိမ်းရေးလုပ် ငန်းများ၌ ကူညီပံ့ပိုးမှုများကို ဂုဏ်ပြုသောအားဖြင့် ယင်းအမည်ပေး ခဲ့သည်။
  Cyrtodactylusnyinyi-kyawi အမည်ရှိ တောက်တဲ့မျိုး စိတ်သစ်ကို California Academyof Science က ၂၀၀၂ တွင် မကွေး တိုင်းဒေသကြီး မင်းဘူးမြို့နယ် ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၌ တွားသွားသတ္တဝါ မျိုးစိတ်အခြေအနေကို လေ့လာ စဉ် တွေ့ရှိခဲ့သည်။

အဆိုပါတောက်တဲ့ကို မျိုးရိုး ဗီဇလေ့လာဆန်းစစ်ခြင်းနှင့် ပြင်ပ ရုပ်သွင် ခွဲခြားလေ့လာဆောင် ရွက်​ခြင်းမှ တစ်ဆင့် မျိုးစိတ်သစ် ဖြစ်ကြောင်း  တွေ့ရှိပြီး  Magno-lia Press က ထုတ်ဝေသည့် ၂၀၁၉ ဧပြီထုတ် Zootaxa ဂျာနယ်၌ ဖော်ပြခဲ့သည်။  ၂၀၁၈ စက်တင်ဘာအတွင်း က ပုပ္ပားတောင်၌ တွေ့ရှိသည့် တောက်တဲ့မျိုးစိတ်သစ်ကို ရှာဖွေ တွေ့ရှိသည့် မြန်မာလူမျိုးတွား သွားသတ္တဝါပညာရှင် ကိုမြင့်ကျော်သူရအမည်အစွဲပြု၍ Cyr-todactylus Myinkyawthurai ဟု အမည်ပေးသတ်မှတ်ခဲ့သည်။

No comments:

Post a Comment