Thursday, May 23, 2019

၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ် မတ်အထိ အမျိုးသမီးများအပေါ် ကျူးလွန်သည့်မှုခင်းများတွင် ပုဒ်မ ၃၇၆ (အဓမ္မပြုကျင့်ခံရမှု) ၃၀၉၄ မှုရှိခဲ့ပြီး ပုဒ်မ ၃၆၃ (အရွယ်မရောက်သေးသော မိန်းကလေးအားခိုးယူမှု) ၁၀၈၈ မှုရှိခဲ့

၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ် မတ်အထိ အမျိုးသမီးများအပေါ် ကျူးလွန်သည့် မှုခင်းများတွင် ပုဒ်မ ၃၇၆(အဓမ္မပြုကျင့်ခံရမှု) ၃၀၉၄ မှုရှိခဲ့ပြီး ပုဒ်မ ၃၆၃ (အရွယ်မရောက်သေးသော မိန်းကလေးအား ခိုးယူမှု) မှာ ၁၀၈၈ မှုရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက အမျိုးသားလွှတ်တော်၌ ပြောကြားသည်။ေ မ ၂၁ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀) မှ လွှတ်တော်ကိုယ်စားလှယ် နော်လှလှစိုးက မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးမှု မြင့်မားတိုးတက်လာစေရန် တာဝန်ရှိ မြန်မာနိုင်ငံ ပြည်သူ့ရဲတပ်ဖွဲ့အား ကျား/မ ဆိုင်ရာ အကဲခတ်မှုဆိုင်ရာ အသိပညာပေးရန် အစီအစဉ် ရှိ မရှိမေးမြန်းမှုအား ဖြေကြားစဉ် ဒုတိယဝန်ကြီးက ယင်းသို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။



ဒုတိယဝန်ကြီးက နိုင်ငံတော်၌ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများအရ အမျိုးသား၊ အမျိုးသမီး ခွဲခြားဆက်ဆံမှု မရှိသော်လည်း အမျိုးသမီးများ၏ မူလဇစ်မြစ်အရ ゞင်းတို့သည် အားနည်းသော အုပ်စုဖြစ်သဖြင့် အထူးကာကွယ်ပေးရန် လိုအပ်သော အခြေအနေတွင် ရှိနေဆဲဖြစ်ကြောင်း၊ တည်ဆဲဥပဒေများဖြစ်သည့် ရာဇဝဝတ်ကျင့်ထုံး ဥပဒေ၊ ရာဇသတ်ကြီး၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေများတွင် အမျိုးသမီးများနှင့်စပ်လျဉ်း၍ အထူးပြုကာကွယ်ပေးသော ပြဋ္ဌဌာန်းချက်များ ထည့်သွင်းထားရှိပြီး ယင်းတို့၏ အခွင့်အရေးများနှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ ကလေးသူငယ် ဥပဒေ၊ မသန်စွမ်းသူများဥပဒေ စသည့် တည်ဆဲဥပဒေများတွင် ထည့်သွင်းပြဋ္ဌဌာန်းထားရှိထားကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။


အမျိုးသမီးများအပေါ် ကျူးလွန်သည့် မှုခင်းများနှင့် စပ်လျဉ်း၍ ရာဇသတ်ကြီးအရ အရေးယူမှုများမှာ ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ် မတ်အထိ ပုဒ်မ ၃၅၄ (အမျိုးသမီး၏ ကာယိနြေ္ဒပျက်စီးစေမှု) ၃၃၂၁ မှု၊ ပုဒ်မ ၃၆၃ (အရွယ်မရောက်သေးသော မိန်းကလေးအား ခိုးယူမှု) ၁၀၈၈ မှု၊ ပုဒ်မ ၃၆၆ (အတင်းအကြပ် ထိမ်းမြားရန်ခိုးယူမှု) ၃၉၅ မှု၊ ပုဒ်မ ၃၇၆ (အဓမ္မပြုကျင့်ခံရမှု) ၃၀၉၄ မှု၊ ပုဒ်မ ၃၇၆/၅၁၁ (အဓမ္မပြုကျင့်ရန်အား ထုတ်မှု) ၁၂၈၉ မှု၊ ပုဒ်မ ၃၇၇ (ဓမ္မတာ နှင့်ဆန့်ကျင်သည့် ကာမစပ်ယှက်မှု) ၁၁၈ မှု၊ ပုဒ်မ ၄၁၇ (ကာမလိမ်လည်ရယူမှု)၂၅၄ မှု၊ ပုဒ်မ ၅၀၉ (အမျိုးသမီး၏ ကာယိနြေ္ဒ စော်ကားရန်စကား၊ ကိုယ်အမူအရာဖြင့် ပြုလုပ်မှု) ၁၁၇ မှု၊ ပုဒ်မ ၃၁၄ (ကိုယ်ဝန်ပျက်စေရန်အကြံနှင့်ပြုသော ပြုလုပ်မှုဖြင့် သေစေခြင်း) တစ်မှု၊ အမျိုးသမီးများ လူကုန်ကူးခံရမှု ၄၉၄ မှု ရှိခဲ့ကြောင်း ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောကြားသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အမျိုးသမီးများအပေါ် ကျူးလွန်သည့်မှုခင်းများ လျော့နည်းကျဆင်းရေး ဆောင်ရွက်ရာတွင် တားဆီးနှိမ်နင်းရေး လုပ်ငန်းများသာမက ပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိကြောင်း၊ ရဲတပ်ဖွဲ့အနေဖြင့် အမျိုးသမီးချင်းသာ ရှာဖွေရန်အတွက်လည်းကောင်း၊ ပြစ်မှုကျူးလွန်ခံရသူ အမျိုးသမီးများအား စစ်ဆေးရာတွင်လည်းကောင်း၊ ပြစ်မှုကျူးလွန်သူ အမျိုးသမီးအချုပ် တရားခံများနှင့်စပ်လျဉ်း၍ အမျိုးသမီးများ၏ ကာယိနြေ္ဒကို ထိန်းသိမ်းနိုင်ရေးအတွက် အချုပ်ခန်းစောင့်ရာတွင်လည်းကောင်း၊ အမျိုးသမီးအရာရှိနှင့် အခြားအဆင့်တပ်ဖွဲ့ဝင်များကို တာဝန်ချထားဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့တာဝန်ထမ်းဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၌ အမျိုးသမီးတပ်ဖွဲ့ဝင်အရာရှိ ၁၇၈၃ ဦး၊ အခြား အဆင့်တပ်ဖွဲ့ဝင် ၆၀၁၅ ဦး စုစုပေါင်း ၇၇၉၈ ဦးခန့်ထားပြီး အမျိုးသမီးတပ်ဖွဲ့ဝင်များကို ဆက်လက်ခန့်ထားနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ကျား/မ ဆိုင်ရာ အကဲဆတ်မှုဖြစ်ပေါ်မှုများကို တပ်ဖွဲ့ဝင်များမှ သိရှိနားလည်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲလေ့ကျင့်ရေးဌာနကြီးက ကြီးမှူးဖွင့်လှစ်သော ရဲလေ့ကျင့်ရေး သင်တန်းကျောင်များတွင် သင်ကြားပို့ချပေးခြင်းနှင့် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံးတို့နှင့် ပူးပေါင်း၍ သင်တန်းများဖွင့်လှစ် သင်ကြားပို့ချခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး ကျား/မ အခြေပြုဖြစ်ပေါ်လာသော မှုခင်းများနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ စုံစမ်းစစ်ဆေးရေးလုပ်ငန်းများနှင့် ပြည်သူများအကြား အသိပညာပေးခြင်းလုပ်ငန်းများကိုလည်း အထူးပြု၍ အလေးထားဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားသည်။

No comments:

Post a Comment