Tuesday, July 2, 2019

ရန်ကုန်တိုင်းသည် လမ်းတစ်ခြမ်းတည်းခင်းခဲ့သော အခြေအနေများမှ ရုန်းထွက်နေရဟု ဦးဖြိုးမင်းသိန်းပြော

ရန်ကုန်တိုင်းဒေသကြီး သည် လမ်းတစ်ခြမ်းတည်းခင်းခဲ့ သည့် အခြေအနေများထဲမှ ရုန်း ထွက်နေရသည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် စည်းကမ်းမဲ့စွာ ဖြတ်သန်းလာမှုများကြောင့် ဖြစ်ပေါ်ခဲ့သည့် အ ကျိုးဆက်များကို လက်ရှိတွင် ပြန်လည်ရုန်းကန် ကုစားနေရသည် ဟု ၎င်းက ဇွန်လ ၂၉ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။



‘‘ရန်ကုန်မြို့က အမှိုက်ပုံကြီး လိုဖြစ်ကျန်ခဲ့တဲ့ အခြေအနေတွေ အများကြီးရှိပါတယ်။ ဒီအခြေအ နေတွေထဲကနေ ကျွန်တော်တို့ ပြန် ရုန်းထနေရတဲ့အခြေအနေဖြစ်ပါ တယ်။ လမ်းပန်းဆက်သွယ်ရေး တွေ၊ လမ်းတွေပျက်နေတာတွေ၊ လမ်းတစ်ခြမ်းတည်း ခင်းခဲ့တာ တွေ၊ ဒီအခြေအနေတွေကြားထဲ ကနေ ကျွန်တော်တို့ အခု ရုန်းထ နေရတာဖြစ်ပါတယ်’’ဟု ဦးဖြိုး မင်းသိန်းက ပြောသည်။

ရန်ကုန်မြို့တော်စည်ပင် သာယာရေးဥပဒေကို လက်ရှိအ ချိန်အထိ ကျင့်သုံးမှုအားနည်းနေ ကြောင်း ဝေဖန်မှုများရှိနေသည့် အပေါ် ၎င်းက ပြန်လည်ရှင်းလင်း  ဖြေကြားခြင်းဖြစ်သည်။

ယင်းဥပဒေသည် အသက် ဝင်နေပြီဖြစ်သော်လည်း ဥပဒေ ပြဋ္ဌာန်းချက်အတိုင်း အရေးယူ၊ အပြစ်ပေးမှုများကို ပြင်းပြင်းထန် ထန်လုပ်ဆောင်ခြင်းထက် အများ ပြည်သူကိုယ်တိုင် နားလည်သိမြင် နိုင်စေရန် စည်းရုံးလုပ်ဆောင်နေ သည်ဟု ဦးဖြိုးမင်းသိန်းက ဆို သည်။

‘‘ကျွန်တော်တို့မြို့တော်ကြီး အတွင်းမှာ အားလုံးက မြို့တော် စည်ပင်သာယာဥပဒေနဲ့အညီ နေ ထိုင်သွားနိုင်ဖို့အတွက် ငါးနှစ်တန် သည်၊ ၁၀ နှစ်တန်သည် ကျွန်တော်တို့ ကြိုးစားရပါတယ်။ တစ်ခါ တည်း ဒီဥပဒေအတိုင်း အကုန်သာလုပ်ဆိုပြီး လုပ်လို့ရတဲ့ ဥပဒေမျိုး ထဲမှာ စည်ပင်သာယာဥပဒေမပါ ပါဘူး’’ဟု ၎င်းက ပြောသည်။

 ရန်ကုန်မြို့တော်စည်ပင် သာယာရေးဥပဒေကို ထိရောက် စွာ ကျင့်သုံးနိုင်ရန် ရွေးချယ်ခံရသော ကော်မတီဝင်များ၏ စွမ်းဆောင်ရည်အပေါ် မူတည်နေသည်ဟု စမ်းချောင်းမြို့နယ် မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသော်တာအောင်က ဆိုသည်။

 ‘‘ဥပဒေကို ကျင့်သုံးမှုအား နည်းတာက သိသာပေါ်လွင်နေ တာပဲ။ အစိုးရပိုင်းက တခြားသက် ရောက်မှုတွေအပေါ် ချင့်ချိန်နေ တာမျိုးလည်း ဖြစ်နိုင်တယ်’’ဟု ၎င်းက ပြောသည်။  ရန်ကုန်မြို့တော်စည်ပင် သာယာရေးဥပဒေကို ၂၀၁၈ ဇွန် လ ၂၇ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ခြင်းဖြစ်၍ သက်တမ်း တစ်နှစ် ကျော်လွန်ပြီဖြစ်သည်။

No comments:

Post a Comment