Tuesday, July 2, 2019

ပြည်သူများ နိုင်ငံရေးစိတ်မဝင်စားပါက ပါတီများ၏လိမ်လည်မှုကိုခံရနိုင်ဟု သူရဦးရွှေမန်းသုံးသပ်

 ပြည်သူများ နိုင်ငံရေး စိတ်မဝင်စားပါက နိုင်ငံရေးသ မားများနှင့် ပါတီများ၏ လိမ်လည် မှုကိုခံရနိုင်ပြီး နိုင်ငံရေးလုပ်စားသူ များက တိုင်းပြည်ကို လုပ်စားလိမ့် မည်ဟု ပြည်ထောင်စုကောင်း ကျိုးဆောင် ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ပြောသည်။ ရန်ကုန်မြို့ MCC ခန်းမ၌ ဇွန်လ ၂၉ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကောင်းကျိုးဆောင်ပါ တီဝင်များနှင့် တွေ့ဆုံပွဲတွင် ၎င်း က အထက်ပါအတိုင်းပြောသည်။



‘‘နိုင်ငံရေးကို စိတ်ဝင်စား တော့မှ နိုင်ငံရေးပါတီတွေ၊ နိုင်ငံ ရေးသမားတွေ ကိုယ့်ကို မလိမ် မှာ။ လိမ်လို့မရအောင် စိတ်ဝင် စားဖို့လိုတယ်’’ ဟု သူရဦးရွှေမန်း က ဆိုသည်။ ပြည်သူများအနေဖြင့် မိမိဒေသ၊ ရပ်ရွာရှိ နိုင်ငံရေးပါတီ များနှင့် ပါတီခေါင်းဆောင်များကို လေ့လာကာ ဒေသအကျိုးအမှန် တကယ်ဆောင်ရွက်နိုင်သူများကို ရွေးကောက်ပွဲ၌ မဲပေးရွေးချယ် ရန်လိုအပ်ကြောင်း ၎င်းကပြော သည်။

ရန်ကုန်မြို့၌ ပြုလုပ်သည့် ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ ရန်ကုန်တိုင်းရုံးခန်းဖွင့်ပွဲနှင့် ပါတီဝင်များ တွေ့ဆုံပွဲသို့ နိုင်ငံ တကာသံတမန်အချို့၊ လွှတ် တော်ကိုယ်စားလှယ်ဟောင်းအ ချို့နှင့် နိုင်ငံရေးပါတီအချို့မှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ ဒီချုပ်ပါတီဝင် ပထမအကြိမ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်၊ လက်ရှိ ရန်ကုန်တိုင်းလွှတ်တော် အမတ် ဒေါ်စန္ဒာမင်းလည်း တက် ရောက်ခဲ့သည်။

မိမိတို့ပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းဒေသ ကြီးများရှိ မဲဆန္ဒနယ်များ၌ အဓိ ကဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ် ထားပြီး ပါတီဥက္ကဋ္ဌကိုယ်တိုင် ရွေးကောက်ပွဲ ယှဉ်ပြိုင်ရန် ရှိ၊ မရှိ မပြောနိုင်သေးကြောင်း သူရဦး ရွှေမန်းက ပြောသည်။

 နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံရေးပါတီများ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်သော်လည်း အပြုတ်တိုက်၊ အပြတ်ရှင်းရေး လုပ်ဆောင်မှုများကြောင့် တိုင်း ပြည်နစ်နာကြောင်း ၎င်းကပါတီ ဝင်များနှင့် တွေ့ဆုံပွဲတွင်ပြော သည်။ မိမိတို့ပါတီအနေဖြင့် ရွေး ကောက်ပွဲနိုင်သည်ဖြစ်စေ၊ ရှုံး သည်ဖြစ်စေ ထိုသို့ပြုလုပ်မည်မ ဟုတ်ဟု ဆိုသည်။

‘‘သူတို့ ပါတီတွေ၊ အဖွဲ့အ စည်းတွေ ကျဆုံးတာထက် တိုင်း ပြည်ကျဆုံးတယ်။ တိုင်းပြည်ကို တကယ်ချစ်တယ်၊ စေတနာရှိ တယ်ဆိုရင်တော့ မလိုအပ်ဘဲနဲ့ ရန်မပြုကြပါနဲ့၊ ရန်မစောင်ကြပါ နဲ့။ တစ်ယောက်နဲ့တစ်ယောက် အပြစ်တွေ၊ အနာတွေ မပြောပါနဲ့ လို့ ကျွန်တော်ဒီနေရာကနေ မေတ္တာရပ်ခံချင်တယ်’’ ဟု သူရဦး ရွှေမန်းက ပြောသည်။

ပြည်ထောင်စုကောင်းကျိုး ဆောင်ပါတီ တရားဝင်တည် ထောင်ခွင့်ရပြီးနောက် နေပြည် တော်ရှိ သူရဦးရွှေမန်းနေအိမ်၌ ပါတီဌာနချုပ် ဖွင့်လှစ်ထားကာ တိုင်းဒေသကြီးများ၌ ပါတီရုံးခန်း များ ဖွင့်လှစ်ခြင်းနှင့် ပါတီဝင် စု ဆောင်းခြင်းတို့ ဆက်လက် ဆောင်ရွက်နေသည်။ ပါတီတည်ထောင်ခွင့်ရပြီး နောက် နှစ်လအကြာ လက်ရှိအ ချိန်တွင် တစ်နိုင်ငံလုံးအတိုင်းအ တာအရ ပါတီသို့ ဝင်ရောက်လာ သူ တစ်သိန်းကျော်ရှိပြီး ရန်ကုန် တိုင်းဒေသကြီးတွင် လူတစ် သောင်းကျော် ဝင်ရောက်ခဲ့ ကြောင်း ပြည်ထောင်စုကောင်း ကျိုးဆောင်ပါတီ တာဝန်ရှိသူများ ကဆိုသည်။

No comments:

Post a Comment