Thursday, May 30, 2019

ပြုန်းတီးသစ်တောများ ပြန်လည်အစားထိုးစိုက်ပျိုးနိုင်ရေး နည်းလမ်းရှာရန်နှင့် ဘတ်ဂျက်သုံးရန် လွှတ်တော်အမတ် အကြံပြု သစ်ခိုးမှု ဖမ်းဆီးရေး ၀န်ထမ်းများအား ပြည့်ဝစွာ ထောက်ပံ့ပေးရန်တိုက်တွန်း

 တစ်နိုင်ငံလုံးရှိ  သစ်တော ပြုန်းတီးနေမှုများကို ပြန်လည်အစားထိုးစိုက်ပျိုးနိုင်ရေး   ဆောင်ရွက်ရန် လှိုင်းဘွဲပြည်သူ့  လွှတ်တော်ကိုယ်စားလှယ် ဦးခင် ချိုက ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ အကြံပြုဆွေးနွေးခဲ့ သည်။ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ၎င်းက  ဆွေးနွေးစဉ် သယံဇာတနှင့် သ ဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန ဖြည့်စွက်လိုငွေ တောင်းခံမှုကိစ္စကို ထည့်သွင်း ဆွေးနွေးပြီး အထက်ပါအတိုင်း အကြံပြုခြင်းဖြစ်သည်။



 ‘‘တစ်နိုင်ငံလုံး သစ်တော ပြုန်းတီးနေမှုတွေ အစားထိုးပြန် လည်စိုက်ပျိုးနိုင်ဖို့အတွက် အစိုးရ  နဲ့ ပြည်သူတွေ ပါဝင်ဆောင်ရွက် နိုင်ဖို့အတွက်ကို နိုင်ငံတော်က နည်းလမ်းရှာဖွေပြီး လိုအပ်တဲ့ ဘတ်ဂျက်တွေ ထည့်သွင်းရေးဆွဲ ဖို့လိုမှာဖြစ်ပါတယ်’’ဟု ဦးခင်ချို ကပြောသည်။

သယံဇာတနှင့် သဘာဝပတ် ၀န်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန ဖြည့်စွက်လိုငွေတောင်းခံမှုတွင် တရားမ၀င်သစ်ဖမ်းဆီးမှု  များအပေါ် ကုန်ကျစရိတ်များ ပို လာသည်ကိုတွေ့ရကြောင်း ၎င်း ကဆိုသည်။

‘‘သစ်ခိုးထုတ်မှုများတဲ့ ဒေ သ၊ ဖမ်းဆီးရရှိမှုများတဲ့ဒေသတွေ အတွက်ကို ထိထိရောက်ရောက် ကာကွယ် တားဆီးနိုင်ဖို့အတွက်  နိုင်ငံတော်က ပြည့်ပြည့်၀၀ ဖြည့် ဆည်းနိုင်ဖို့နဲ့ မသမာမှုထဲ ပါဝင် နေသူတွေကိုလည်း ထိထိရောက်ရောက် အရေးယူနိုင်ဖို့လိုမှာဖြစ်ပါ တယ်’’ ဟု ဦးခင်ချိုကပြောသည်။ အငြိမ်းစား သစ်တောအရာ ရှိတစ်ဦး ပြောကြားချက်အရ ၀န်ထမ်းများအနေဖြင့် နိုင်ငံတော်၏ အထောက်အပံ့မရပါက သစ်ခိုးမှုဖမ်းဆီးရာတွင်  အခက်အခဲရှိ ကြောင်း၊ အဘယ်ကြောင့်ဆို သော် သစ်ခိုးမှုဖမ်းဆီးရန် အန္တရာယ်ကြားက သွားလာစဉ် ကုန်ကျသည့် စားသောက်စရိတ်များ အပြင် သစ်များဖမ်းဆီးရမိပါက အဆင့်ဆင့် သယ်ယူစရိတ်များ စွာရှိကြောင်း၊ ယင်းအတွက် မည်သူမျှ စိုက်ထုတ်မကုန်ကျလို၍ သစ်ဖမ်းဆီးမှုများ မလုပ်လို ကြောင်း သိရသည်ဟု ဦးခင်ချိုကဆွေးနွေးသည်။

No comments:

Post a Comment