Thursday, May 30, 2019

လက်ရှိအစိုးရ တာဝန်ယူစဉ် ကာလအတွင်း ပို့ကုန်သုံးဆ မြှင့်တင်နိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍဍာနှစ် မေ ၁၀ ရက်အထိ ပြည်ပကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၂၁ ဘီလျံကျော်အထိ ဆောင်ရွက်နိုင်ခဲ့ကြောင်း ဒုတိယဝန်ကြီး ပြောကြား

လက်ရှိအစိုးရ တာဝန်ယူစဉ် ကာလအတွင်း ပို့ကုန်သုံးဆ မြှင့်တင်နိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပြီး ကုန်သွယ်မှု ကဏ္ဍဍတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍဍာနှစ် မေ ၁၀ ရက်အထိ ပြည်ပကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၂၁ ဘီလျံကျော်အထိ ဆောင်ရွက်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

မေ ၂၉ ရက်က နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန၌ နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယ တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများ ရှင်းလင်းဆွေးနွေးရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ အဓိကတာဝန်မှာ ပြည်တွင်းပြည်ပ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ အဓိက ရည်မှန်းချက်ကတော့ ပို့ကုန်မြှင့်တင်ခြင်းဖြင့် စီးပွားရေး တိုးတက်မှုကို ရရှိရန်ဖြစ်ပါတယ်။ ပို့ကုန်မြှင့်တင်ရာမှာ လက်ရှိအစိုးရ တာဝန်ယူစဉ် ကာလအတွင်း ပို့ကုန်သုံးဆ မြှင့်တင်နိုင်ရေးကို ရည်မှန်းချက်ထား ဆောင်ရွက်လျက် ရှိပါတယ်။ ကုန်သွယ်မှုမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၂၀၉ ဘီလျံ၊ ၂၀၁၇- ၂၀၁၈ ဘဏ္ဍဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၅၃၈ ဘီလျံ၊ ၂၀၁၈ ခုနှစ် Mini Budget မှာ အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၆၇၉ ဘီလျံဆောင်ရွက်ခဲ့ပြီး ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍဍာနှစ် မေ ၁၀ ရက်အထိ အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၁၉၈ ဘီလျံ ဆောင်ရွက်နိုင်ခဲ့ပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။ ပို့ကုန်တင်ပို့မှုတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍဍာ နှစ်တွင် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၉၈၈ ဘီလျံ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍဍာနှစ်တွင် အမေ ရိကန်ဒေါ်လာ ၁၄ ဒသမ ၈၅ ဘီလျံ၊ ၂၀၁၈ ခုနှစ် Mini Budget တွင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၈၂၁ ဘီလျံ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍဍာ နှစ် မေ ၁၀ ရက်အထိ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၁၄၆ ဘီလျံဆောင်ရွက်နိုင်ခဲ့ပြီး  ပို့ကုန်နှစ်ဆနီးပါး တိုးမြှင့်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။

ဒုတိယဝန်ကြီးက “အဓိက ပို့ကုန်တိုးတက်တဲ့ ကဏ္ဍဍအနေဖြင့် CMP အထည်ချုပ် ကဏ္ဍဍဖြစ်ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၈၀ဝ ကျော်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍဍာနှစ် မေ ၁၀ ရက်အထိ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၆၁ ဘီလျံအ ထိ ပို့ကုန်သုံးဆနီးပါး မြှင့်တင်နိုင်ခဲ့ပါတယ်။ အတည်မပြု နိုင်သေးသည့် သတင်းများအရ ယခုနှစ်အတွင်း အထည်ချုပ်ကဏ္ဍဍမှ ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၄ ဒသမ ၇ ဘီလျံအထိ ရောက်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်” ဟု ပြောကြားသည်။

No comments:

Post a Comment