Thursday, May 30, 2019

သမိုင်းနှင့် ပထဝီဘာသာရပ်ကို ယခုထက် ပိုမိုသင်ကြားနိုင်ရေး ဆောင်ရွက်ရန် အဆိုအတည်ပြု

 မြန်မာနိုင်ငံတွင် သမိုင်းဘာသာနှင့် ပထဝီဘာသာ အကြောင်း တတ်သိကျွမ်းကျင် သော ပညာရှင်များ ပေါ်ထွန်းလာ စေရန် သမိုင်းဘာသာနှင့် ပထဝီ ဘာသာကို အခြေခံပညာအလယ် တန်းအဆင့်တွင် ယခုထက် ပိုမို သင်ကြားနိုင်ရေး အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ပြည် သူ့လွှတ်တော်အစည်းအဝေးက အတည်ပြုသည်။ ဆိပ်ဖြူပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိုက် တင်သွင်းသည့် ယင်းအဆိုကို မေ လ ၂၈ ရက်က ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် အတည် ပြုခဲ့ခြင်းဖြစ်သည်။
KG+12 အစီအစဉ်အရ ၂၀၁၉-၂၀ ပညာသင်နှစ်တွင် စတင်မည့် သင်ရိုးသစ်စနစ်သစ် အလယ်တန်းအဆင့်တွင် ပထဝီ ဝင်ဘာသာရပ်ကို အဓိကဘာသာ ရပ်အဖြစ် သင်ကြားနိုင်ရန် စီစဉ် ဆောင်ရွက်ပြီး    စနစ်သစ်အ ထက်တန်းတွင်လည်း ယင်းဘာ သာရပ်ကို အဓိကဘာသာရပ်တစ် ခုအဖြစ် သင်ကြားနိုင်ရန် သင်ရိုး ညွှန်းတန်းများ ရေးဆွဲဆောင်ရွက် ပြီးဖြစ်ကြောင်း၊ သမိုင်းဘာသာရပ် သည် မြန်မာ့လူ့အဖွဲ့အစည်းအ တွက်လည်း   အရေးပါကြောင်း ပညာရေးဝန်ကြီးဌာန   ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်းက ပြော သည်။

No comments:

Post a Comment