Thursday, May 30, 2019

လှိုင်သာယာမြို့နယ်တွင် အုပ်စုဖွဲ့ဓားထိုး လုယက်သူ လေးဦးဖမ်းမိ၊ တစ်ဦးမမိသေး

လှိုင်သာယာမြို့နယ်  ရွှေလင်ဗန်းစက်မှုဇုန်တွင် ဓားဖြင့် ထိုးကာရွှေထည်ပစ္စည်းများလု ယက်သူ ငါးဦးအနက် လေးဦးကို မေလ ၂၉ ရက်က ဖမ်းမိခဲ့ ကြောင်း လှိုင်သာယာမြို့မရဲစခန်း   မှူး ဒုရဲမှူးစန်းယုက ပြောသည်။ မေလ ၂၈ ရက်နံနက် ၄ နာရီခွဲက လုယက်ခံရသူ ရွှေပြည် သာမြို့နယ် မိကျောင်းအိုင်ရပ် ကွက်နေဦးမြင့်စိုးတို့ မိသားစုသုံး ဦးသည် ဧရာဝတီတိုင်းမြန်အောင် မြို့သို့ ပြန်ရန် ဒဂုံဧရာအဝေးပြေး  ကားဝင်းသို့ အခင်းဖြစ်သည့် အောက်ဆိုက်ကားဖြင့် လိုက်ပါ လာခဲ့သည်။ ၎င်းတို့နှင့်အတူ ယာဉ် နောက်ခန်း၌ အမည်မသိအမျိုးသားသုံးဦးလိုက်ပါလာပြီး ရွှေ ပြည်သာတံတားအဆင်းအလယ် ရွာထိပ်အရောက်ယာဉ်သည် ယာ ဘက်လမ်းထဲသို့ချိုး ကွေ့ဝင်သွား ၍ လမ်းမှားနေကြောင်း ဦးမြင့်စိုး ကပြောခဲ့သည်။



သို့ရာတွင်အဆိုပါ ယာဉ် နောက်ခန်းတွင် လိုက်ပါလာ သည့် အမျိုးသားသုံးဦးက ၎င်းတို့သွားစရာရှိကြောင်း ပြော ဆို၍ ယာဉ်ကိုရပ်တန့်ပေးခြင်း မရှိသဖြင့် ဦးမြင့်စိုးတို့က ယာဉ် ပေါ်မှဆင်းရန်ကြိုးစားခဲ့သည်။

ထိုသို့ယာဉ်ပေါ်မှ ဆင်းရန် ပြင်နေစဉ်ဦးမြင့်စိုးကို ၎င်းအမျိုး  သားသုံးဦးက ဓားဖြင့်ထိုး၊ ဖိနပ် ဖြင့်ရိုက်၍အမျိုးသမီးဖြစ်သူကို ရွှေထည်ပစ္စည်းများနှင့် အခြား တန်ဖိုးရှိပစ္စည်းများထုတ်ပေးရန် နှင့် မထုတ်ပေးပါကသတ်ပစ် မည်ဟု ခြိမ်းမြောက်ပြောဆိုပြီး ရွှေထည်ပစ္စည်းများယူဆောင် ကာ ကစင်ကျေးရွာသွပ်ပြားစက် ရုံရှေ့၌၎င်းတို့ကိုချထားပြီး ကား မောင်းထွက်ပြေးခဲ့သည်။

ရွှေနားကပ်သုံးရန်၊ ရွှေဆွဲ ကြိုးနှစ်ကုံး၊ ရွှေဟန်းချိန်းတစ်ခု၊ ရွှေလက်ကောက်တစ်ကွင်း၊ လက်စွပ်နှစ်ကွင်း၊ လက်ကိုင်ဖုန်း  နှင့် ကျပ်ငါးသောင်းကျော်လု ယက်ခံရပြီး ဦးမြင့်စိုးတွင် လက်ဖျံ ပြတ်ရှဒဏ်ရာ၊ နံကြားထိုးသွင်း ဒဏ်ရာများရရှိခဲ့သည်။

ပြစ်မှုကျူးလွန်သူများကို  မေလ ၂၉ ရက်က လှိုင်သာယာ မြို့နယ် (၁၆) ရပ်ကွက်၌ လုယက် မှုကျူးလွန်ရာတွင် အသုံးပြုသည့် လိုက်ထရပ်ယာဉ်နှင့်အတူ ဖမ်း မိခဲ့ကြောင်း ရဲမှတ်တမ်း၌ဖော် ပြသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက် ၍ ပြစ်မှုကျူးလွန်သူကျော်ထက် လင်းအပါအ၀င် လေးဦးကို ရာဇ သတ်ကြီး ပုဒ်မ ၃၉၄ (နာကျင် လုယက်မှု) ဖြင့် အမှုဖွင့်ပြီး ကျန်  တရားခံတစ်ဦးကို ဖမ်းမိရေး ဆောင်ရွက်နေသည်။

No comments:

Post a Comment