Thursday, May 30, 2019

အက်သလက်တီကိုက ပေါ်တိုနောက်တန်းလူ ဖီးလစ်ကို ယူရိုသန်း ၂၀ ဖြင့်ခေါ်ယူ

ဘရာဇီးဗဟိုနောက်ခံ လူ ဖိလစ်ကို ပေါ်တိုအသင်း သုံး နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့သည်ဟု အက်သလက်တီကိုမက် ဒရစ်အ သင်းက အတည်ပြုပြောကြား သည်။ ဖိလစ်အော်စဂတ်တို ဒီ အယ်လ်မိဒါမွန်တီယို (၃၀) နှစ် ကို ယူရိုသန်း ၂၀ ဖြင့် ရောင်းချရန် သဘောတူခဲ့သည်ဟု ပေါ်တိုအ သင်းက စောစောပိုင်းတွင် ကြေ ညာခဲ့သည်။ ဖိလစ်သည် ၂၀၁၆ ဇွန်လက ဘရာဇီးအသင်း ကိုရင် သီယန်အသင်းမှ ပေါ်တိုသို့ရောက် ရှိလာခြင်းဖြစ်သည်။



ဘရာဇီးလက်ရွေးစင်အ သင်းအတွက် တစ်ကြိမ်ကစားဖူး သော ဖိလစ်သည် စွယ်စုံရကစား သမားဖြစ်ကာ ပေါ်တိုအသင်း ခေါင်းဆောင်လည်းဖြစ်ပြီး အ တွေ့အကြုံနှင့် ခေါင်းဆောင်အ ရည်အချင်းများ ဆောင်ကြဉ်းလာ သည်ဟု အက်သလက်တီကိုမက် ဒရစ်က ထုတ်ပြန်ပြောကြား သည်။ အက်သလက်တီကိုသည်အ သင်းခေါင်းဆောင်နှင့် နောက် တန်းအလယ်လူ ဥရုဂွေးခံစစ်မှူး ဒီယေဂိုဂိုဒင် (၃၃) နှစ်ကို ဆုံးရှုံး ပြီးနောက် ဖိလစ်အားနောက်တန်း တွင် ခေါ်ယူအားဖြည့်ခြင်း ဖြစ် သည်။ ဂိုဒင်က ကိုးနှစ်ကြာ က စားခဲ့သောအသင်းမှ ရာသီကုန် တွင် ထွက်ခွာမည်ဟု ပြောကြား ထားသည်။ ပေါ်တိုသည် အခြားဘရာဇီး ဗဟိုနောက်ခံလူ အီဒါမီလီတာအို (၂၁) နှစ်ကို ယူရိုသန်း ၅၀ ဖြင့် ရီးရဲလ်မက်ဒရစ်သို့ ရောင်းချရန် သဘောတူခဲ့သည်ဟု မတ်လ လယ်က ကြေညာခဲ့သည်။

No comments:

Post a Comment