Thursday, May 30, 2019

မောင်တောတွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် အမျိုးသားလေးဦးကို ဖမ်းမိ

မောင်တောမြို့တွင် ကျပ်သိန်း ၁၆၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ရှစ် ထောင်ကျော်နှင့် အမျိုးသားလေး ဦးကို ယာဉ်တစ်စီးနှင့်အတူ ဖမ်းမိ ခဲ့သည်။ အဆိုပါစိတ်ကြွရူးသွပ်ဆေး ပြားများနှင့် လူများကို မေလ ၂၇ ရက်က မောင်တောမြို့နယ် ကျီး ကန်းပြင်စစ်ဆေးရေးဂိတ်တွင် ဖမ်းမိခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။



‘‘အမျိုးသားလေးဦးနဲ့အတူ ဖမ်းဆီးရမိတာပါ။ လက်ကိုင်ဖုန်း နှစ်လုံးနဲ့ ငွေသားနှစ်သိန်းကို လည်း သိမ်းဆည်းရမိခဲ့ပါတယ်’’ ဟု နယ်ခြားစောင့်ရဲအရာရှိတစ်ဦး က ပြောသည်။ ၎င်းတို့လေးဦးကို မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားသည်။

အလားတူ မေလ ၂၆ ရက်  ကမောင်တောမြို့ ကညင်တန်း ရပ်ကွက် မီးသတ်လမ်းဆုံတွင် ကျပ်သန်းနှစ်ထောင်ခန့် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ကိုးသိန်း ကျော်နှင့် လူနှစ်ဦးကို ဖမ်းမိခဲ့ သည်။ ရခိုင်ပြည်နယ်တွင် မောင် တောမြို့သည် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု အများ ဆုံးဖြစ်နေပြီး သန်းချီသော စိတ် ကြွရူးသွပ်ဆေးပြားများ မကြာ ခဏဖမ်းဆီးရမိနေသည်။

No comments:

Post a Comment