Thursday, May 30, 2019

နွေကာလ ရေနည်းပါးခြင်းကြောင့် ရေအားလျှပ်စစ်စက်ရုံခြောက်ခု ပိတ်ထားရ၊ အချို့မှာ နာရီပိုင်းသာ လည်ပတ်နိုင် ကျောက်မီးသွေးသုံး၍ လျှပ်စစ်ထုတ်ယူနိုင်ရေး ပြည်သူများကို ရှင်းပြရန် လွှတ်တော်အမတ်များအား ဒုဝန်ကြီး မေတ္တာရပ်ခံ

နွေကာလတွင် ရေ နည်းပါးသောကြောင့် ရေအား လျှပ်စစ်စက်ရုံခြောက်ခု ပိတ်ထားရပြီး စက်ရုံအချို့ နာရီပိုင်းသာ လည်ပတ်နိုင်သည့် အခြေအနေ သို့ ရောက်ရှိနေကြောင်း စွမ်းအင်နှင့် လျှပ်စစ်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်က လွှတ်တော်သို့ တင်ပြသည်။ လျှပ်စစ်ဓာတ်အား ရာနှုန်း ပြည့် ဖြည့်ဆည်းနိုင်ရေး တိကျ သည့် မူဝါဒများဖြင့် ဆောင်ရွက် ရန် အဆိုကို မေလ ၂၇ ရက်က ပြည်သူ့လွှတ်တော်၌ ဆွေးနွေးစဉ်ဒုဝန်ကြီးက ရေအားလျှပ်စစ်စက် ရုံများ လည်ပတ်နိုင်မှု လက်ရှိအခြေအနေများကို အသေးစိတ်ရှင်း ပြခဲ့သည်။



‘‘ရေအားလျှပ်စစ် စီမံကိန်းတိုင်းဟာ နွေရာသီကိုရောက်လို့ရှိရင် အထူးလျော့နည်းသွားတာဖြစ်ပါတယ်။ လက်ရှိအခြေအနေ လေးကို လွှတ်တော်ကိုယ်စား လှယ်ကြီးများ သိရှိအောင် တင်ပြ လိုပါတယ်’’ဟု ဒုဝန်ကြီး ဒေါက် တာထွန်းနိုင်က ပြောသည်။ မုန်း၊ဖြူး၊ မြစ်သာ၊ ရာဇဂြိုဟ်၊ တာပိန်၊ ဇောင်းတူ  စက်ရုံခြောက်ရုံ လျှပ်စစ်ထုတ်လုပ်နိုင်မှု လုံးဝမရှိတော့ကြောင်း ရှင်းပြသည်။

‘‘ကျန်ရှိတဲ့ ရေအားလျှပ်စစ်စက်ရုံများဟာ ယနေ့အချိန်မှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေ သေးသည် ဆိုသည့်တိုင်အောင် တစ်နေ့လုံးမှာမှ နှစ်နာရီထုတ်နိုင် တာ၊ တစ်နေ့လုံးမှာမှ လေးနာရီထုတ်နိုင်တာဆိုတဲ့ အခြေအနေ တွေ ရောက်ရှိနေတာဖြစ်ပါတယ်’’ ဟု ဒေါက်တာထွန်းနိုင်က ပြော ကြားသည်။

အဆိုနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် အချို့က ဆွေးနွေးစဉ် ရေအားလျှပ်စစ်သာ မက ကျောက်မီးသွေးသုံးလျှပ်စစ် ဓာတ်အားပေးစက်ရုံများ တည် ဆောက်ရန်နှင့် လက်ရှိတွင် အိန္ဒိယ၊ တရုတ်၊ ဂျပန် အပါအ၀င် နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံ များ၌ ကျောက်မီးသွေးသုံးစက်ရုံများစွာ တည်ဆောက်ထားသကဲ့ သို့ ဆက်လက်တည်ဆောက်ရန် စီစဉ်နေမှုများရှိကြောင်း ဆွေးနွေး ခဲ့သည်။ ယင်းနှင့်ပတ်သက်ပြီး လျှပ်စစ် ဒုဝန်ကြီးက ‘‘ကျောက်မီးသွေး ဟာ ထင်သလောက် အန္တရာယ်မရှိကြောင်း ရှင်းပြရန် လိုပါတယ်ဆို တာလည်း ကျွန်တော်တို့ ထောက် ခံပါတယ်။ ဒီအတွက် လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနဘက်က လည်း ဆောင်ရွက်သွားမှာ ဖြစ် သလို ယခုလို လွှတ်တော်ကိုယ် စားလှယ်ကြီးများဘက်ကလည်း ပြည်သူလူထု အများစုသိရှိအောင် ဆွေးနွေး ပြောကြားပေးဖို့လည်း မေတ္တာရပ်ခံလိုပါတယ်’’ဟု ပြော ကြားသည်။

No comments:

Post a Comment