Thursday, May 30, 2019

ယခုနှစ် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရာတွင် ယခင်နှစ်က ဖြစ်ပေါ်ခဲ့သော အားနည်းချက်များမဖြစ်စေရန် ဆောင်ရွက်ထားဟုဆို

ယခုနှစ်တွင် တက္က သိုလ်ဝင်စာမေးပွဲ အောင်မြင်လာမည့် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရာ တွင် ယခင်နှစ်ကဖြစ်ပေါ်ခဲ့သောအား နည်းချက်များမဖြစ်စေရန် ဆောင်ရွက် ထားကြောင်းသိရသည်။ေ မလ ၂၈ ရက်ကပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မိုင်းတုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဦးမေြး မန်းသည့် တက္ကသိုလ်ဝင်ခွင့်၊ ဆေး တက္ကသိုလ်ဝင်ခွင့်နှင့် တိုက်ရိုက်လျှောက် ထားနိုင်သော ကျောင်းများအား ဝင် ခွင့်လျှောက်ထားရာတွင်
ကျောင်းသား တစ်ဦးတည်း ကျောင်းသုံးကျောင်းတွင် ဝင်ခွင့်ပါနေခြင်းကြောင့် အမှတ်အနည်း ငယ်လျော့သော ကျောင်းသားများ သည် တက်ရောက်ချင်သောကျောင်းသို့ တက်ရောက်ခွင့်မရရှိဘဲ နစ်နာခဲ့မှု အပေါ် မည်သို့ဖြေရှင်းဆောင်ရွက်ခဲ့ သည်နှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ေ ရးကိုမည်သို့ စီမံဆောင်ရွက်ပေးမည် ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေး ခွန်းကိုမေးမြန်းခဲ့သည်။

ယင်းမေးခွန်းနှင့်စပ်လျဉ်းပြီး ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက""အောင်မြင်လာ မည့်ကျောင်းသား၊ ကျောင်းသူများ အတွက်ကြိုတင်ပြီး သတင်းစာနဲ့ဂျာ နယ်များတွင် ဆောင်းပါးများရေးသား ဖော်ပြလျက်ရှိပါတယ်။ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ပါမောက္ခချုပ်ကြီး များကိုယ်တိုင် စကားဝိုင်းဆွေးနွေးပွဲ များပြုလုပ်ပြီး ကျောင်းသား၊ ကျောင်း သူများနှင့် မိဘပြည်သူများအား ကြို တင်၍အသိပေးခြင်းများ ဆောင်ရွက် လျက်ရှိတဲ့အတွက် ယခင်နှစ်တွင် ဖြစ် ပေါ်လျက်ရှိတဲ့အတွက် တက္ကသိုလ်ဝင် ခွင့်လျှောက်ထားမှုအားနည်းချက်များ ကြိုတင် ဆောင်ရွက်ထားလျက်ရှိပါ တယ်""ဟု ပြန်လည်ဖြေကြားခဲ့သည်။

၂၀၁၈-၂၀၁၉ တက္ကသိုလ်ဝင် ခွင့်အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအတွက် သီးခြားဝင် ခွင့်ခေါ်မည့် တက္ကသိုလ် ၁၃ ကျောင်း၊ေ ဆးတက္ကသိုလ်နှင့် ဆေးနှီးနွှယ်တက္က သိုလ် ၁၅ ကျောင်းအတွက် တက္ကသိုလ် ဝင်ခွင့်လျှောက်လွှာတစ်ခုတည်းတွင် ဦးစားပေးအစီအစဉ်တိုင်း လျှောက် ထားစေခဲ့ကြောင်း၊ အဆိုပါတက္ကသိုလ် ၂၈ ခု၏ တက္ကသိုလ်ဝင်ခွင့်ကိုရွေးချယ် ရာတွင် ယင်းတက္ကသိုလ်များ၏လက်ခံ နိုင်မှုကို ပါမောက္ခချုပ်များပါဝင်သော ရွေးချယ်ရေးအဖွဲ့နှင့် ရွေးချယ်ခဲ့ကြောင်း သိရသည်။

ဆေးတက္ကသိုလ်နှင့် ဆေးနှီးနွှယ် တက္ကသိုလ်များကို ပထမအကြိမ်တွင် ၂၂၅ ဦး၊ ဒုတိယအကြိမ်တွင် ၂၅ ဦး၊ တတိယအကြိမ်တွင် တစ်ဦး၊ စတုတ္ထ အကြိမ်တွင် တစ်ဦးနှင့် လက်ခံထား ပြီးသူ ၁၉ ဦး အပါအဝင်စုစုပေါင်း ၂၇၅ ဦးရှိခဲ့ကြောင်း၊ ယင်းတို့အနက် ၄၇ ဦးကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ နောက်ဆက်တွဲလက်ခံ ခြင်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် လက်ခံခဲ့သေးကြောင်း၊ နောက်ဆက် တွဲအနေဖြင့် ကျောင်းသား၊ ကျောင်းသူ ၂၂၈ ဦးကိုလည်း ဝင်ခွင့်ပြုခဲ့သေး ကြောင်းသိရသည်။လာမည့်တက္ကသိုလ်ဝင်ခွင့်တွင် အဆင့်မြင့်ပညာဦးစီးဌာနမှ ထုတ်ပေး သော တက္ကသိုလ်ဝင်ခွင့်ေ လျှာက်လွှာ ဖြင့် ကျောင်းတစ်ကျောင်းတည်းတွင် သာ လျှောက်ထားရတော့မည်ဖြစ် သည်။

No comments:

Post a Comment