Thursday, May 30, 2019

ပြည်ပရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ရာတွင် လျှပ်စစ်ရရှိရေးက အဓိကစိန်ခေါ်မှုဖြစ်နေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များ ဖိတ်ခေါ်ရာတွင် လျှပ်စစ်မီး ရရှိရေးက ရန်ကုန်တိုင်းအစိုးရအ တွက် အဓိကစိန်ခေါ်မှုတစ်ခုဖြစ် ကြောင်း ၀န်ကြီးချုပ်ဦးဖြိုးမင်း သိန်းက ပြောသည်။ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုစသောနိုင်ငံများနှင့်အပြိုင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများဖိတ် ခေါ်ရန် ရန်ကုန်တိုင်းအစိုးရအတွက် လျှပ်စစ်ရရှိရေးပူပန်စရာ ဖြစ်နေပြီး အစိုးရအတွက် အဓိက စိန်ခေါ်မှုဖြစ်ကြောင်း ၎င်းက ပြောသည်။ ‘‘များများထုတ်ရင် များများ ရှုံးနေတယ်။ အစိုးရက စိုက်သုံး နေရတယ်’’ ဟု ၀န်ကြီးချုပ်က ပြောသည်။



နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စွာရောက်ရှိလာပါက လျှပ်စစ်လို အပ်ချက်ထပ်မံမြင့်တက်လာနိုင် ပြီး အစိုးရကထပ်မံစိုက်ထုတ်သုံး စွဲရမည့်အခြေအနေ ဖြစ်နေသည်ဟု မေလ ၂၉ ရက် ရန်ကုန်တိုင်းရင်းနှီးမြှုပ်နှံမှု ကော်မတီ (၈/၂၀၁၉) အစည်းအဝေးအပြီး ပထမအကြိမ် သတင်းစာရှင်းလင်းပွဲ၌ ၀န်ကြီးချုပ်က ပြောကြားသည်။

စိန်ခေါ်မှုများ ရှိနေသော် လည်း ရန်ကုန်ကို မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအဓိကမြို့တော်ဖြစ် လို၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခြင်းကို နည်းမျိုးစုံဖြင့် ဆောင်ရွက်နေသည်ဟု ၀န်ကြီး ချုပ်ကပြောသည်။

ရန်ကုန်မြို့တွင် ဟောင် ကောင်၊ စင်ကာပူ၊ ထိုင်းနိုင်ငံ ကဲ့သို့ နိုင်ငံတကာစီးပွားရေးလုပ် ငန်းရှင်များအရောင်းအ၀ယ်ပြု လုပ်နိုင်မည့်ပြပွဲများ ဖန်တီးပေး ပြီး ကမ္ဘာ့နိုင်ငံများအကြား ရန် ကုန်ဈေးကွက်တစ်ခုအဖြစ် ထင် ရှားလာရန်ပြင်ဆင်နေသည်ဟု ဦး ဖြိုးမင်းသိန်းက ၂၀၁၈ အတွင်း ပြောကြားခဲ့သည်။ ယင်းမတိုင်မီ နိုင်ငံတကာသို့ သွားရောက်ပြီး ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ် မည်ဟု ၎င်းကဆိုသည်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မေလ ၂၉ ရက်အထိ ရန်ကုန်တိုင်း၌ နိုင် ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၁၇၁ သန်းကျော်ရှိပြီး နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုကျပ်ဘီလီယံ ၃၀ ခန့်ရှိသည်။

အဆိုပါရင်းနှီးမြှုပ်နှံမှုများ က နိုင်ငံသားများအတွက် အလုပ် အကိုင်အခွင့်အလမ်း ခြောက် သောင်းခန့်ကို ဖန်တီးပေးနိုင် ကြောင်း ရန်ကုန်တိုင်းရင်းနှီးမြှုပ် နှံမှုကော်မတီ အတွင်းရေးမှူး  ဦးမျိုးခိုင်ဦးက ပြောသည်။ ၂၀၁၈ ဧပြီမှ စက်တင်ဘာ အထိခြောက်လအတွင်း ရန်ကုန် တိုင်း၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၇၂ သန်းကျော်နှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုကျပ် ၂၁ ဘီလီယံကျော်ရှိသည်။

No comments:

Post a Comment