Thursday, May 30, 2019

ဦးဝီရသူ ဖမ်းဝရမ်း ရဲတပ်ဖွဲ့ထံရောက်၊ ဖမ်းဆီးရန် လုပ်ဆောင်နေဟုဆို တိုင်းသံဃနာယကအဖွဲ့က ဦးဝီရသူကို သြဝါဒပေးရန် အစီအစဉ်ဆိုင်းငံ့

 ဆရာတော်ဦးဝီရသူကို ဖမ်းဆီးရန် တရားရုံးက ထုတ်ထားသောဖမ်းဝရမ်းကို ရဲတပ်ဖွဲ့က ရရှိထားပြီး ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးမျိုးသူစိုးက ပြောသည်။ ‘‘ဖမ်းဝရမ်း ရရှိပါပြီဗျ။ လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။ ဝရမ်းအတည်ပြုဖို့အတွက် လုပ်နေပါတယ်။ သက်ဆိုင်ရာသံဃနာယကအဖွဲ့နဲ့ ပေါင်းစပ်ညှိနှိုင်းပြီးတော့ ဝရမ်းအတည်ပြုပြီး ဆက်လက်ဆောင်ရွက်သွားမှာပါ’’ ဟု ၎င်းကပြောသည်။



ဦးဝီရသူသည် နိုင်ငံတော်အကြီးအကဲများအပေါ် မဖွယ်မရာ စကားလုံးများ သုံးနှုန်းပြောဆိုခြင်းနှင့် နိုင်ငံတော်တရားရေးနှင့် အုပ်ချုပ်ရေးစသည့်ကဏ္ဍများမှ တာဝန်ရှိသူများအပေါ် အကြည်ညိုပျက်အောင် ပြောဆိုမှုကြောင့် အ နောက်ပိုင်းခရိုင် ဒုအထွေထွေအုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်၍ မေလ ၂၈ ရက်တွင် တိုင်တန်းလာကြောင်း အနောက်ပိုင်း ခရိုင်တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦးမင်းသန့်က ပြောသည်။

တရားရုံးက တိုင်တန်းမှုကို စိစစ်၍ အမှုကိုလက်ခံကာ ပုဒ်မ ၁၂၄ (က) ဖြင့် ရဲတပ်ဖွဲ့ထံ ဖမ်းဝ ရမ်း ထုတ်ပေးကြောင်းဦးမင်းသန့်က အတည်ပြုသည်။

‘‘မဟာဗန္ဓုလပန်းခြံရှေ့မှာ နိုင်ငံတော်ကဏ္ဍ၊ တရားရေးက ဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍမှာရှိတဲ့ တာဝန်ရှိသူတွေကို အကြည်ညို ပျက်အောင်၊ နောက်ပြီးတော့ နိုင်ငံတော်အကြီးအကဲတွေကို မ ဖွယ်မရာစကားလုံးတွေ သုံးပြီး တော့ ပြောဆိုတာတွေကို ဖော်ပြ ပြီး တိုင်တန်းလာတာပေါ့’’ ဟု ၎င်းကပြောသည်။

‘‘ဝရမ်းကို အတည်ပြုတယ် ဆိုတာ သွားဖမ်းတာကို ပြော တာ။ ဝရမ်းကိုသွားအတည်ပြု တယ်၊ သွားဖမ်းတယ်၊ ထွက်ပြေး တိမ်းရှောင်နေတယ်ဆိုရင် ဝရမ်း ကို ပြန်သွင်းနိုင်တယ်။ အဲဒီ နောက်မှ တရားခံပြေးဆိုပြီးတော့ ကြေညာတာ’’ ဟု တရား လွှတ်တော်ရှေ့နေ ဦးညွန့်ဝေက ပြောသည်။

မေလ ၅ ရက်တွင် အမျိုး သားရေးလှုပ်ရှားသူများဦးဆောင် ၍ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ ရှေ့တွင် ပြုလုပ်သော ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉ အား ကာကွယ်စောင့်ရှောက်ရေး နှင့် ပုဒ်မ ၂၆၁ အား ပြင်ဆင်ရေး ဆန္ဒပြပွဲတွင် ဦးဝီရသူက စစ်သား များအား ဘုရားလိုကိုးကွယ်သင့် ကြောင်းလည်း ထည့်သွင်းဟော ပြောခဲ့သည်။

ဖမ်းဝရမ်းနှင့်ပတ်သက်၍ြေ ပာကြားချက် ကွဲလွဲ

ဦးဝီရသူ၏ ဖမ်းဝရမ်းကို တရားရုံးက မေလ ၂၈ ရက် ရုံး ချိန်းအတွင်း ရဲတပ်ဖွဲ့ထံ ပေးအပ် ခဲ့သည်ဟု ဦးမင်းသန့်က ပြော ကြားသော်လည်း ရဲတပ်ဖွဲ့ကမူ မေလ ၂၉ ရက် နေ့လယ်မှသာ လက်ခံရရှိသည်ဟု ဆိုသည်။

‘‘တရားရုံးကတော့ ဝရမ်း ထုတ်ပေးလိုက်မယ်၊ ရဲကဝရမ်း ကိုယူပြီးတော့ အတည်ပြုမယ်၊ အတည်ပြုပြီးပြန်လာမယ်။ ဝရမ်း ကို ဘယ်နှနာရီအတွင်း အတည် ပြုရမယ်ဆိုတာ တရားရုံးအလုပ်မ ဟုတ်ဘူး။ အဲဒါက ရဲအလုပ်ပါ’’ ဟု ဦးမင်းသန့်က ပြောသည်။

ဦးဝီရသူ ဖမ်းဝရမ်းထုတ်ခံရ မှုနှင့်ပတ်သက်ပြီး ယမန်နေ့ ည နေပိုင်းက မန္တလေးမြို့ မဟာ အောင်မြေမြို့နယ် သံဃနာယက ဆရာတော်နှင့်အတူ ရဲတပ်ဖွဲ့က မစိုးရိမ်တိုက်သစ်ရှိ ဦးဝီရသူ ကျောင်းထိုင်ရာ ဓမ္မသဟာရ ကျောင်းသို့ သွားရောက်ရှာဖွေ သော်လည်း မရှိသဖြင့် မဖမ်းဆီးနိုင်ခဲ့ပေ။

တိုင်းသံဃနာယကအဖွဲ့က သြ ဝါဒပေးရန် အစီအစဉ်ဆိုင်းငံ့

 ဦးဝီရသူကို ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် မဟာ ဗန္ဓုလပန်းခြံရှေ့၌ ပြုလုပ်ခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) ကာကွယ်စောင့် ရှောက်ရေးနှင့် ပုဒ်မ ၂၆၁ ပြင် ဆင်ရေး လူထုဆန္ဒထုတ်ဖော်ပွဲ တွင် ပါဝင်ဟောပြောခဲ့သဖြင့် နောက်နောင်ထိုကဲ့သို့ လူမှုရေး ကိစ္စများ၌ ပါဝင်ဆောင်ရွက်မှု မပြုရေး မေလ ၃၀ ရက်တွင် ရန်ကုန်မြို့၌ ခေါ်ယူသြဝါဒပေးရန် ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ က စီစဉ်ထားသော်လည်း အခြေ အနေအရဆိုင်းငံ့ထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန် ကြီးဌာနက ယမန်နေ့က ထုတ်ပြန် သည်။

ဦးဝီရသူက အဆိုပါသြဝါဒ ခံယူပွဲ တက်ရောက်ရန်ဆိုကာ ယမန်နေ့ကတည်းက ရန်ကုန်မြို့ သို့ ရောက်ရှိနေကြောင်း မီဒီယာ အချို့ထံ မိန့်ကြားထားသည်။ 7Day Daily သတင်းစာက ဦးဝီရ သူထံ ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ် မရသေးပေ။ ဖေ့စ်ဘွတ်လူမှုကွန်ရက်တွင် မေလ ၃၀ ရက်၌ ဦးဝီရသူကို ၀န်းရံပေးကြရန် မျိုးချစ်ဟုဆိုသော ပုဂ္ဂိုလ်များက လှုံ့ဆော်နေသည်ကို တွေ့ရသည်။

ဦးဝီရသူ ဖမ်းဝရမ်း ထုတ်ခံရမှုနှင့်ပတ်သက်ပြီး မြဝတီမင်းကြီး ကျောင်းတိုက်ဆရာတော် အရှင်အရိယဝံသာဘိဝံသက ‘‘ခု မှ တရားဥပဒေစိုးမိုးရေးက လမ်း ကြောင်းပေါ်ရောက်လာတယ်လို့ မြင်တယ်။ နိုင်ငံတွင်းက ဒီအဝတ်တစ်ခုတည်းကို ဝတ်ပြီးတော့ သောင်းကျန်းချင်တိုင်း သောင်း ကျန်းလို့ရတဲ့ တစ်ယောက်ရှိတယ် ဆိုတာ အမှန်ပြောရင်တော့ နိုင်ငံ အတွက်လည်း ရှက်ဖွယ်လိလိပါ’’ ဟု မိန့်ကြားသည်။

နိုင်ငံတော် အကြည်ညိုပျက် အောင် ပြုလုပ်ခြင်း ပုဒ်မ ၁၂၄ (က) သည် ထောင်ဒဏ် နှစ် ၂၀ ထိ ချမှတ်နိုင်သည်။

ဦးဝီရသူကို ၂၀၁၇ ကလည်း ဘာသာတစ်ခုနှင့်တစ်ခုကြား အ မုန်းတရားပွားပြီး ဘာသာရေးအဓိ ကရုဏ်းဖြစ်စေနိုင်သည့် ဟော ပြောမှုများ၊ အမုန်းတရားကြီးထွား စေရန် လှုံ့ဆော်ဟောပြောမှုများ၊ တရားဥပဒေစိုးမိုးမှုကို အဟန့်အ တားဖြစ်စေသည့် ဟောပြောမှု များနှင့် နိုင်ငံရေးပါတီများအကြား ဘက်လိုက်ဝေဖန်မှုများကို ဒေသ အနှံ့ ကြိမ်ဖန်များစွာ ပြုလုပ်ပြီး ယင်းသို့ပြုလုပ်ခြင်းသည် နိုင်ငံ တော် သံဃမဟာနာယကအဖွဲ့က ထုတ်ပြန်ထားသည့် ညွှန်ကြား လွှာများကို ဖောက်ဖျက်ကျူးလွန် သောကြောင့် တစ်နိုင်ငံလုံးတရား ဟောခွင့် ပိတ်ပင်ခဲ့ကြောင်း နိုင်ငံ တော်သံဃနာယကအဖွဲ့ကထုတ် ပြန်ခဲ့သည်။ ယင်းကြောင့် ၂၀၁၇ မတ်လ ၁၀ ရက်မှ ၂၀၁၈ မတ်လ ၉ ရက်ထိ ဦးဝီရသူကို တရားဟော ခွင့် တစ်နှစ်ပိတ်ပင်ခဲ့ဖူးသည်။

ယင်းနောက် တရားပြန် ဟောခွင့်ရသည့် ၂၀၁၈ မတ်လ ၁၀ ရက်တွင် ဦးဝီရသူက ရန်ကုန် မြို့ တောင်ဥက္ကလာပမြို့နယ် မင်္ဂလာသိဒ္ဓိ ကျောင်းတိုက်တွင် ပထမဆုံးအကြိမ် တရားပွဲပြုလုပ် ခဲ့သည်။

ပြီးခဲ့သည့် ဧပြီ ၂၉ ရက်က လည်း မြိတ်မြို့၌ ပြုလုပ်သော ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး ထောက်ခံဆန္ဒပြပွဲတွင် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ကို ရည်ညွှန်း၍ ညစ် ညမ်းသည့်စကားလုံးဖြင့် ဟော ပြောခဲ့သည်။

ဦးဝီရသူက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ရည်ရွယ်၍ ‘‘ကော်မရှင်ဖွဲ့လည်း ပြည်ပက ကောင်တွေပဲ၊ အနားခေါ်ထားလည်းပြည်ပကောင်တွေပဲ၊ အကြံပေးလည်း ပြည်ပကောင်တွေပဲ၊ အတူသွားလည်း ပြည်ပကောင်တွေပဲ၊ အတူအိပ်လည်း... အဲဒါကြီးကိုပဲ ကျုပ်တို့နိုင်ငံသမ္မတ ဖြစ်မယ်ဆိုရင် အကုန်လုံးခင်ဗျားတို့ ပြည်သူတစ်ရပ်လုံး ကုန်းသာ ပေးလိုက်ကြပေတော့။ သေရောဗျာ။ လွတ်လပ်ရေး ဘာလို့ယူနေသေးလဲ။ လွတ်လပ်ရေး ဆုံးရှုံးတာထက်တောင် ပိုဆုံးရှုံးသွားဦးမယ်။ အေး...ဗိုလ်ချုပ်ခမျာ အသက်အ သေခံပြီး လွတ်လပ်ရေး ယူသွား တယ်။ သူ့သမီးအကြောင်း မသိ ရှာလို့။ အတိုင်ပင်ခံနဲ့တင် ကျေ နပ်တော့။ ဘုရားလက်ထက်ဆို ရင် ခွေးကတက်မှာပဲနေရမှာ’’ ဟုပြောခဲ့သည်။ ထို့အပြင် ဆက်လက်၍လည်း  ‘‘မိတ်ကပ်လေး လိမ်းဖို့ လောက်တတ်၊ ဖက်ရှင်လေးဝတ် ဖို့လောက်တတ်၊ ဒေါက်မြင့်လေး နဲ့ ကော့ကော့လျှောက်သွားဖို့ လောက် တတ်၊ ဒီကြားထဲနိုင်ငံ ခြားသားတွေတွေ့ရင်... ကယမ်း  ချင်သေးတယ်။ ဒီလောက်သရမ်း  နေတဲ့ဟာကြီးကို  သမ္မတတင်ချင် သေးတယ်။ သေရောပေါ့ဗျာ ကျုပ်တို့နိုင်ငံ။ ဗိုလ်ချုပ်ပြောတဲ့  နိုင်ငံသေချာပေါက်’’ ဟု ရုန့်ရင်းကြမ်းတမ်းစွာပြောခဲ့သည်။

No comments:

Post a Comment