Thursday, May 30, 2019

ပုသိမ်မြို့တွင် မေလအတွင်း ပုံမှန်ရွာသွန်းမြဲ မိုးရေချိန်ထက် များစွာလျော့နည်းနေဟုဆို

ပုသိမ်မြို့တွင် ယခုနှစ် မေလအတွင်း ရွာသွန်းသော မိုးရေချိန်လက်မသည် နှစ်စဉ်ရွာသွန်းမြဲ မိုးရေချိန်ထက် ၁၀ ဒသမ ၂၃ လက်မလျော့နည်းကြောင်း ဧရာ ဝတီတိုင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန လက် ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုး စိုးလွင်က ပြောသည်။ ပုသိမ်မြို့၌ မေလအတွင်း မိုးရေချိန် ၁၀ ဒသမ ၉၄ လက်မ ပုံမှန် ရွာသွန်းသော်လည်း မေလ ၁၅ ရက် တစ်ရက်တည်းသာ မိုးရွာ၍ ၀ ဒသမ ၇၁ လက်မသာရှိကြောင်း ဒေါ်စိုးစိုးလွင်က မေလ ၂၈ ရက် တွင် ပြောသည်။
‘‘မေလ ၂၃ ရက်က မြန်မာ နိုင်ငံတောင်ပိုင်းကို မုတ်သုံဝင် သွားပါပြီ။ မြစ်ဝကျွန်းပေါ်ကို မေ လ ၂၄ ရက်ကနေ ၂၈ ရက်အ တွင်း ဝင်မယ်လို့ ခန့်မှန်းထားပေ မယ့် ခုထိဝင်မလာသေးတဲ့အ တွက် သတ်မှတ်ရက်ထက် ကျော်သွားမယ်လို့ သုံးသပ်ထားပါတယ်။ မုတ်သုံမလိုက်သေးတဲ့ သဘော ပေါ့’’ဟု ၎င်းက ပြောသည်။

ထို့ပြင် ဧရာဝတီတိုင်းတွင် အပူချိန်မြင့်မားမှု စံချိန်သစ်တင် ကာ ဧပြီ ၂၄ ရက် ပုသိမ်မြို့အ ပူချိန်သည် ၄၁ ဒသမ ၈ ဒီဂရီစင် တီဂရိတ်ရှိခဲ့သည်။ ထိုအပူချိန် သည် ၂၀၀၇ ဧပြီ ၂၆ ရက်က (၇၃)နှစ်အတွင်း စံချိန်သစ်တင် ခဲ့သော ၄၁ ဒသမ ၀ ဒီဂရီစင်တီ ဂရိတ်ထက် ၈ ဒီဂရီပိုခဲ့ကြောင်း အဆိုပါဌာနမှတ်တမ်းများ၌ ဖော် ပြထားသည်။

အလားတူ ဧပြီ ၁၁ ရက်က ဖျာပုံမြို့အပူချိန်သည် ၃၉ ဒသမ ၉ ဒီဂရီစင်တီဂရိတ်အထိ စံချိန်သစ်တင်ရာ ၂၀၀၄ ဧပြီ ၂၆ ရက်က အမြင့်ဆုံးအပူချိန်ဖြစ်သည့် ၃၉ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ကို ကျော်လွန်ခဲ့ကြောင်း ဒေါ်စိုးစိုး လွင်က ပြောသည်။

‘‘အားနည်းတဲ့ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကျွန်မတို့နိုင်ငံမှာ အပူချိန်တွေ သိသိသာသာ မြင့် တက်လာတာပါ။ ဒီနှစ်ထဲမှာ ထူး ထူးခြားခြား ဧရာဝတီတိုင်းထဲက မြို့နှစ်မြို့မှာ အပူချိန်စံချိန်သစ် တင်တာပါပဲ။ ဒီဖြစ်စဉ်တွေက နိုင်ငံတကာ ပစိဖိတ်သမုဒ္ဒရာပင် လယ်ရေမျက်နှာပြင် အပူချိန်လေ့ လာစောင့်ကြည့်ရေးဗဟိုဌာနက ထုတ်ပြန်ပေးတာပါ’’ဟု ၎င်းက ဆိုသည်။ ရာသီဥတုအကူးအပြောင်း ကာလတွင် မိုးတိမ်တောင်ဖြစ်စဉ် ကို သတိထားသင့်ကြောင်း ၎င်း က ပြောသည်။ မိုးတိမ်တောင် အရွယ်အစားကြီးမားမှုကို အခြေ ခံ၍ နေရာကွက်မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်း၊ မိုးသီးကြွေခြင်း၊ လေဆင်နှာမောင်းတိုက်ခြင်းနှင့် စိုက်ဆင်းလေပြင်းတိုက်ခတ်ခြင်း နှင့် မိုးကြိုးအန္တရာယ်တို့ သတိ ထားရန် လိုအပ်သည်။

No comments:

Post a Comment