Thursday, May 30, 2019

ဗိုလ်လုပွဲရောက် လီဗာပူးသည် ကိုင်တွယ်ခဲ့သမျှ အကောင်းဆုံးအသင်းဟု ကလော့ပ်ပြောကြား

 စနေနေ့တွင် စပါးနှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားမည့် လီဗာပူးအသင်းနည်းပြ ဂျာဂန်က လော့ပ်က လီဗာပူးသည် ဗိုလ်လု ပွဲ တစ်ပွဲအတွက် မိမိကိုင်တွယ်ခဲ့ သမျှ အကောင်းဆုံးအသင်းဖြစ် သည်ဟု ပြောကြားသည်။ ကလော့ပ်သည် ဒေါ့မွန်၊ လီ ဗာပူးအသင်းတို့နှင့် ဗိုလ်လုပွဲခုနစ် ပွဲရောက်ရှိခဲ့သော်လည်း ၂၀၁၂ ဂျာမန်ဖလားတွင် ဒေါ့မွန်က ဘိုင် ယန်မြူးနစ်ကို အနိုင်ရကာ ဖလား ရရှိခဲ့သော ပွဲမှလွဲ၍ ကျန်ခြောက် ပွဲ ရှုံးနိမ့်ခဲ့သည်။



‘‘ကျွန်တော့်ရဲ့ တခြားအ သင်းတွေကို အပြစ်မတင်ချင်ပါ ဘူး။ သူတို့လည်း အစွမ်းကုန်ပေး ဆပ်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ဒီအသင်းထက်ပိုကောင်းတဲ့အ သင်းမျိုးနဲ့ ဗိုလ်လုပွဲမတက်ခဲ့ဖူးပါ ဘူး’’ ဟု ကလော့ပ်က သတင်းစာ ရှင်းလင်းပွဲတစ်ရပ်တွင် ပြော ကြား သည်။

‘‘ဒါပေမဲ့ ကျွန်တော်အရမ်းမ အံ့သြပါဘူး။ ဘာဖြစ်လို့လဲဆို တော့ ကျွန်တော့်ကလေးတွေ (လီ ဗာပူးအသင်းသားတွေ) က သူတို့ ရဲ့ အလားအလာကို စိတ်ဓာတ်နဲ့ အကောင်းဆုံးပေါင်းစပ်ထားလို့ လည်းဖြစ်ပါတယ်’’ ဟု ကလော့ပ် က ဆက်လက်ပြောကြားသည်။ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် တွင် ဘာစီလိုနာကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရာမှ နှစ်ကျော့ပေါင်း ၄-၃ ဂိုးဖြင့် ကျော်ဖြတ်ခဲ့ခြင်းမှနေ၍ မိမိတို့ကစားသမားများ မည်မျှ စွမ်းဆောင်နိုင်သည်ကို ပြသနေ သည်ဟု ကလော့ပ်ကဆိုသည်။

ကလော့ပ်သည် ၂၀၁၃ က ဒေါ့မွန်နှင့်၊ ၂၀၁၈ က လီဗာပူးနှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရှုံးနိမ့် ခဲ့သည်။ ယမန်နှစ်က ကိဗ်မြို့တွင် ရီးရဲလ်ကိုရှုံးနိမ့်ခဲ့သော နာကျင်မှု က လီဗာပူးအသင်းကို ယခုရာသီ ၌ တွန်းအားပေးခဲ့သည်ဟုလည်း ကလော့ပ်က ပြောသည်။

ထိုအတောအတွင်းအင်္ဂလိပ်  နှစ်သင်းယှဉ်ပြိုင်ရန် ချန်ပီယံလိဂ် ဗိုလ်လုပွဲ လက်ခံကျင်းပမည့် မက် ဒရစ်မြို့က လုံခြုံရေးပြင်ဆင်မှု များအထူးတင်းကျပ်ကာ ရဲတပ် ဖွဲ့ဝင် အရေအတွက် စံချိန်တင်ချ ထားသည်။ ထရပ်ကားများကို ပိတ်ပင်ထားသလို ပရိသတ်ပြဿ နာနှင့် အကြမ်းဖက်မှု အန္တရာယ် ကို ကိုင်တွယ်ရန် ဒရုန်းများ အ သုံးပြုစောင့်ကြည့်နေသည်။

No comments:

Post a Comment