Thursday, May 30, 2019

ဘင်္ဂလားဒေ့ရှ် စီးပွားရေး ဂျပန် ကူညီ

Image may contain: 2 people, people standingဘင်္ဂလားဒေ့ရှ်နိုင်ငံ စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ မြန်နှုန်းရထားလမ်းစီမံချက်နဲ့ တခြားစီမံချက်တွေအတွက် အမေရိကန် ဒေါ်လာ သန်း တစ်ထောင်နဲ့ နှစ်သိန်း အကူအညီပေးမယ်လို့ ဂျပန်နိုင်ငံက မနေ့က ကြေညာလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ အလည်အပတ်ရောက်နေချိန်မှာ အဲဒီလို ကြေညာလိုက်တာပါ။ ဘင်္ဂလားဒေ့ရှ်မှာ လုပ်ငန်းရှိပြီး စွမ်းအင်အလုံအလောက်ရဖို့ ကူညီမယ့် ဂျပန် ကုမ္ပဏီတွေဆီလည်း ရှိတ်ဟာစီနာ သွားရောက်ပါမယ်။
တရုတ်နိုင်ငံက လုံခြုံရေးအရရော စီးပွားရေးအရပါ ခြိမ်းခြောက်နေတယ်လို့ ရှုမြင်ပြီး ဂျပန်နိုင်ငံဟာ အာရှက တခြားနိုင်ငံတွေ၊ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပကို မျက်နှာချိုသွေးနေရပါတယ်။ ဒီသီတင်းတစ်ပတ်ထဲမှာပဲ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးဟာ ဘင်္ဂလားဒေ့ရှ်အပြင် ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူနဲ့ လာအိုနိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါတင်မက ဂျပန်နိုင်ငံကို လေးရက်ကြာလာရောက်ပြီး အင်္ဂါနေ့က ပြန်သွားတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို အိမ်ရှင်အဖြစ်ဧည့်ဝတ်ပြုခဲ့ပါတယ်။

No comments:

Post a Comment