Thursday, May 30, 2019

"ဟန်ဂေရီမှာ တောင်ကိုရီးယားခရီးသည်တွေကို တင်ဆောင်လာတဲ့ သင်္ဘောတိမ်းမှောက်မှု ၇ ဦး သေဆုံး"

ဟန်ဂေရီနိုင်ငံ ဒန်နူဘီမြစ်အတွင်း တောင်ကိုရီးယား ကမ္ဘာလှည့်ခရီးသည်တွေကို တင်ဆောင်လာတဲ့ သင်္ဘာတစ်စီး တိမ်းမှောက်ခဲ့ရာ လူခုနစ်ဦးထက်မနည်း သေဆုံးပြီး လူဦးရေတစ်ဒါဇင်ကျော် ပျောက်ဆုံးနေကြောင်း သိရပါတယ်။ ဟန်ဂေရီနိုင်ငံ ဒန်နူဘီမြစ်အတွင်း တောင်ကိုရီးယား ကမ္ဘာလှည့်ခရီးသည်တွေကို တင်ဆောင်လာတဲ့ သင်္ဘာတစ်စီး တိမ်းမှောက်ခဲ့ရာ လူခုနစ်ဦးထက်မနည်း သေဆုံးပြီး လူဦးရေတစ်ဒါဇင်ကျော် ပျောက်ဆုံးနေကြောင်း သိရပါတယ်။


ဟန်ဂေရီစံတော်ချိန် မေ ၂၉ ရက်နေ့က ဘူဒါပတ်စ်မြို့တော်ကို ဖြတ်သန်းစီးဆင်းတဲ့ ဒန်နူဘီမြစ်အတွင်း သင်္ဘောမှောက်မှု ဖြစ်ပွားခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေကြောင်း အစိုးရသတင်းဌာန MTI နဲ့ အခြား မီဒီယာတွေက ပြောပါတယ်။

အဆိုပါ သင်္ဘောကို အခြား ကမ္ဘာလှည့်ခရီးသည် သင်္ဘောတစ်စီးက ဟန်ဂေရီ လွှတ်တော်အဆောက်အအုံအနီးမှာ ဝင်တိုက်ခဲ့ပြီးနောက် တိမ်းမှောက်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဘူဒါပတ်စ်မြို့မှာ လတ်တလော မိုးသက်မုန်တိုင်းကျနေခဲ့ပြီး ဒန်နူဘီမြစ်အတွင်း ရေများပြည့်ကာ ရေစီးအလွန်သန်နေကြောင်းလည်း Reuters သတင်းမှာ ဖော်ပြပါတယ်။

သင်္ဘောပိုင်ရှင်ကုမ္ပဏီရဲ့ ပြောကြားမှုကို ကိုးကားပြီး သတင်းဝက်ဘ်ဆိုက် Index.hu က ဖော်ပြထားမှုအရ Mermaid လို့ အမည်ပေးထားတဲ့ သင်္ဘောဟာ မြစ်အတွင်း တိမ်းမှောက်နစ်မြုပ်သွားခဲ့တယ်လို့ သိရပါတယ်။ တိမ်းမှောက်ခဲ့တဲ့ သင်္ဘောပေါ်မှာ သင်္ဘောအမှုထမ်း ၂ ဦးနဲ့ တောင်ကိုီးယား ကမ္ဘာလှည့်ခရီးသည် ၃၃ ဦး လိုက်ပါသွားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

အရေးပေါ်ဌာနမှ ပြောခွင့်ရအမျိုးသားက နိုင်ငံပိုင် ရုပ်မြင်သံကြားသတင်းဌာနကို ပြောကြားခဲ့မှုအရ သင်္ဘောတိမ်းမှောက်ခဲ့ပြီးနောက် လူ ၁၄ ဦးကို မြစ်ထဲမှဆယ်ယူခဲ့ကြောင်းနဲ့ ၎င်းတို့အနက် ခုနစ်ဦးဟာ သေဆုံးနေခဲ့ကြောင်း သိရပါတယ်။ နောက်ထပ် လူ ၂၁ ဦးအနက်မှ လူအရေအတွက် မည်မျှပျောက်ဆုံးနေကြောင်းကိုမူ အတိအကျ မသိရသေးဘူးလို့လည်း ၎င်းကပြောပါတယ်။

တိမ်းမှောက်နစ်မြုပ်ခဲ့တဲ့ သင်္ဘောဟာ လူဦးရေ ၆၀ တင်ဆောင်နိုင်ပြီး ရှုခင်းကြည့်ရှုရန် ဝန်ဆောင်မှုပေးနေတဲ့ နှစ်ထပ်သင်္ဘော ဖြစ်ပါတယ်။ သင်္ဘောမှာ မြင်းကောင်ရေအား ၁၅၀ အင်ဂျင်တပ်ဆင်ထားကြောင်း သင်္ဘောပိုင်ရှင် Panorama Deck Ltd. ကုမ္ပဏီက MTI သတင်းဌာနကို ပြောပါတယ်။ Mermaid သင်္ဘောကို ၂၀၀၃ ခုနှစ်မှာ စတင်အသုံးပြုခဲ့ပြီး ပုံမှန် ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ဆောင်ခဲ့ကြောင်း ကုမ္ပဏီကဆိုပါတယ်။

No comments:

Post a Comment