Thursday, May 30, 2019

တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ထွက်သည့်နေ့တွင် အမှတ်စာရင်းပါ ထုတ်ပေးမည်ဟူသည့် သတင်းမဟုတ်မှန်ဟုဆို

တက္ကသိုလ်ဝင်စား မေးပွဲအောင်စာရင်းထွက်သည့်   နေ့တွင် မြန်မာနိုင်ငံစာစစ်ဦးစီး ဌာနက အမှတ်စာရင်း ချက်ချင်း ထုတ်ပေးမည်ဟု လူမှုကွန်ရက် တွင် သတင်းထွက်ပေါ်နေပြီး ထို သတင်းမဟုတ်မှန်ကြောင်း၊ လုပ် ငန်းသဘောအရချက်ချင်းထုတ် ပေးရန် မလွယ်ကူကြောင်း မြန်မာ နိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်ဦးမျိုးညွန့်ကပြော သည်။ အောင်စာရင်းထွက်သည့် နေ့တွင် အမှတ်စာရင်းများကို စာစစ်ဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးများ၌ ထုတ်ပေးမည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက အကြောင်းကြားထားကြောင်း ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားချက် စာထွက်ရှိနေသော်လည်း မြန်မာနိုင်ငံစာစစ် ဦးစီးဌာနအနေဖြင့် ထိုသို့အကြောင်းကြားထား ခြင်းမရှိဟု ညွှန်ကြားရေးမှူးချုပ်က ငြင်းဆိုသည်။ 
‘‘အောင်စာရင်းထွက်တဲ့နေ့  အမှတ်စာရင်းထုတ်ပေးမယ်ဆို တာမဟုတ်ပါဘူး။ အရင်နှစ်တွေ အတိုင်းပဲ။ နောက်ပိုင်းမှ ထုတ် ပေးနိုင်မှာ။ ချက်ချင်းထုတ်ပေးဖို့ မလွယ်ဘူး’’ ဟု ဦးမျိုးညွန့်ကပြော သည်။

တက္ကသိုလ်ဝင်စာမေးပွဲ အ မှတ်စာရင်းများကို နှစ်စဉ်စာမေး ပွဲအောင်စာရင်းထွက်ပြီးတစ်ပတ်အကြာတွင် နေပြည်တော်၊ ရုံးအမှတ် (၅၂) ရှိမြန်မာ နိုင်ငံစာစစ်ဦးစီးဌာနနှင့် မြန်မာ နိုင်ငံစာစစ်ဦးစီးဌာန (လှိုင်တက္က သိုလ်နယ်မြေ) ရန်ကုန်ရုံးခွဲတို့၌ ထုတ်ပေးသည်။

အမှတ်စာရင်းကို ဖြေဆို သူကိုယ်တိုင် (သို့မဟုတ်) ကိုယ် စားထုတ်ယူခွင့်ပြုပြီး တစ်ဦးလျှင်  အမှတ်စာရင်းစောင်ရေအကန့် အသတ်မရှိထုတ်ယူခွင့်ပြုသည်။ အမှတ်စာရင်းထုတ်ယူရာတွင် အ မှတ်စာရင်းတောင်းခံလွှာနှင့် တံ ဆိပ်ခေါင်းဖိုးကျပ် ၄၀၀ ပေးသွင်း  ရပြီး တစ်မိနစ်အတွင်း ပျမ်းမျှ  ကျောင်းသားနှစ်ဦးအတွက်ထုတ် ပေးနိုင်ရန် မြန်မာနိုင်ငံစာစစ်ဦး စီးဌာနက ဆောင်ရွက်ထားသည်။ အမှတ်စာရင်းများစတင် ထုတ်ပေးပြီး နှစ်လခန့်အကြာ တွင်အောင်လက်မှတ်များကို ထို ရုံးများ၌ပင် ထုတ်ပေးသည်။

No comments:

Post a Comment