Thursday, May 30, 2019

ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သွားပါကကမ္ဘာ့အမြင့်ဆုံးကာကွယ်စောင့်ရှောက်မှုအဖြစ် နိုင်ငံတကာစစ်ပွဲများ ဖြစ်ခွင့်မရှိသည့်နယ်မြေ ဖြစ်လာမည်ဟုဆို

 ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက်သွားပါက ကမ္ဘာ့အမြင့်ဆုံးကာကွယ်စောင့်ရှောက်မှုပေးသည့်အနေဖြင့် စစ်ဖြစ်ခွင့်မရှိသော နယ်မြေသတ်မှတ်ကာ နိုင်ငံတကာစစ်ပွဲများဖြစ်ခွင့်မရှိအောင် ကာကွယ်ပေးသွား မည်ဟု ယူနက်စကို၏အမျိုးသားစီမံကိန်းအရာရှိ ဒေါ်ဥမ္မာမျိုးထံမှ သိရသည်။
နိုင်ငံတကာစစ်ပွဲများ ကမ္ဘာမှာဖြစ်ခဲ့လျှင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ထားသော အမွေအနှစ်ဒေသများကို ရှောင်ကွင်းသွားရမည်ဟုဆိုသည်။

""ပုဂံက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သွားရင် အမြင့်ဆုံးကာကွယ်စောင့် ရှောက်မှုပေးသွားမှာဖြစ်ပါတယ်။ အမြင့်ဆုံးကာကွယ်ပေးမှုဆိုတာ ဘာလဲဆို တော့ နိုင်ငံတကာ စစ်ပွဲဖြစ်ရင်တောင် အဲဒီနေရာကို ရှောင်ရှားရပါတယ်။ တကယ်လို့ အဲဒီပေါ်မှာစစ်သွားဖြစ်လို့ရှိရင် လုပ်တဲ့သူကို နိုင်ငံတကာတရားရုံး ကနေ တရားစွဲဆိုပြီးတော့ ပြစ်ဒဏ်ချမှတ်တဲ့အထိကြီးကျယ်ပါတယ်။ နောက် တစ်ခုက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သွားရင် အမွေအနှစ်ဒေသတွေမှာရှိတဲ့ ပစ္စည်းတွေကို ကိုယ်လုပ်ချင်တိုင်းလုပ်လို့မရဘူး။ စစ်တောင်မှ မဖြစ်ခိုင်းဘူးဆို တော့။ ဒါကြောင့် အမြင့်ဆုံးကာကွယ်မှုပေးချင်လို့ ပုဂံကို ကမ္ဘာ့အမွေအနှစ် လိုချင်တာ""ဟု ယူနက်စကို၏အမျိုးသားစီမံကိန်းအရာရှိ ဒေါ်ဥမ္မာမျိုးက ဒီမိုက ရေစီတူဒေးသို့ ပြောသည်။

ယင်းကဲ့သို့ကောင်းကျိုးများရှိသဖြင့် ပုဂံဒေသစစ်ဘေးမှကင်းဝေးကာ ကမ္ဘာ တည်သရွေ့ ရေရှည်တည်တံ့နိုင်ရန် ရည်ရွယ်၍ ကမ္ဘာ့အမွေအနှစ်စာရင်းတင် သွင်းကြရခြင်းဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက်ခြင်းနှင့်ပတ်သက်၍ ဒေသခံများ၊ လုပ် ငန်းရှင်များက စိုးရိမ်မှုများရှိနေသော်လည်း ပုဂံဒေသရေရှည်တည်တံ့ရန် ထည့် သွင်းစဉ်းစားပေးရန်လိုအပ်ကြောင်း သိရသည်။""ကမ္ဘာ့အမွေအနှစ်စာရင်းဝင်လို့ ဒေသခံတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ အတွက် စည်းကမ်းစည်းမျဉ်းတွေ သိပ်ပြီးတော့ တင်းကျပ်တယ်ဆိုတာတော့ ဖြစ် ကောင်းဖြစ်လာနိုင်လိမ့်မယ်။ ဒါပေမဲ့ အဲဒါတွေက ပုဂံဒေသရေရှည်တည်တံ့ရေး အတွက် လုပ်တာဖြစ်တဲ့အတွက် အားလုံးက နားလည်သဘောပေါက်ပြီးတော့ ညှိညှိနှိုင်းနှိုင်းနဲ့ အကောင်းဆုံးနည်းလမ်းတွေကို ရှာဖွေပြီးတော့လုပ်သွားဖို့ အရေး ကြီးပါတယ်""ဟု ၄င်းကဆက်လက်ပြောသည်။

ပုဂံဒေသခံလုပ်ငန်းရှင်တစ်ဦးကလည်း""ကျွန်မတို့က ပုဂံဒေသ ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်ရောက်မှာကိုကြိုဆိုပါတယ်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရောက်ရင် ကျွန်မတို့ရဲ့လုပ်ငန်းဝင်ငွေတွေတိုးလာနိုင်သလို တစ်ဖက်ကဘာကို စိုးရိမ်သလဲဆိုတော့ ကျွန်မတို့ ယွန်းလုပ်ငန်းကမြေတိုက်တွေထားရှိပြီး လုပ်ရတဲ့ အတွက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သွားရင် မြေတိုက်တွေထားဖို့ခက်ခဲမှာတွေ၊ ကျွန်မတို့အိမ်တွေတိုက်တွေ၊ လုပ်ငန်းတွေ ချဲ့ဖို့ခက်ခဲသွားမှာကိုတော့ စိုးရိမ်မိ ပါတယ်""ဟုပြောသည်။

ပုဂံဒေသတွင်အမွေအနှစ်များရှိသောနေရာများကို ဇုန်များအဖြစ်သတ် မှတ်ထားပြီဖြစ်ပြီး အမွေအနှစ်များမရှိသော လူနေရပ်များတွင်တော့ လုပ်ငန်း များ လွတ်လပ်စွာလုပ်ကိုင်နိုင်သလို မိရိုးဖလာလုပ်ငန်းများကို ဒြပ်မဲ့ယဉ်ကျေး မှုများအဖြစ်ဆက်လက်တည်ရှိနေအောင်လုပ်ဆောင်ရန် လိုအပ်ကြောင်း ရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှသိရသည်။

No comments:

Post a Comment