Thursday, May 30, 2019

မြန်မာကစားသမားအချို့ ကေလိဂ်တွင် ကစားနိုင်သည့် ခြေစွမ်းရှိကြောင်း ပိုဟန်းစတီးလားနည်းပြချီးကျူး

မြန်မာကစားသမား အချို့ တောင်ကိုရီးယားနိုင်ငံ ကေလိဂ်တွင် လာရောက်ကစား နိုင်သည့် ခြေစွမ်းမျိုးရှိကြောင်း ပို ဟန်းစတီးလား နည်းပြချွဲဆွန်းဟို က ဧရာဝတီနှင့် ခြေစမ်းပွဲအပြီး၌ ချီးကျူးသည်။ေ တာင်ကိုရီးယား-မြန်မာ  နှစ်နိုင်ငံ ချစ်ကြည်ရေးရည်ရွယ်၍ မေလ ၂၈ ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ကေလိဂ်ကလပ် ပိုဟန်းစတီးလားအသင်းနှင့် ဧရာ ဝတီအသင်းတို့ ခြေစမ်းပွဲယှဉ်ပြိုင် ခဲ့သည်။အဆိုပါပွဲတွင် နှစ်သင်းစလုံး အကြိတ်အနယ်ယှဉ်ပြိုင်ပြီး ပိုဟန်းစတီးလားအသင်းကဧရာဝ တီအသင်းကို ၃-၂ ဂိုးဖြင့် အနိုင် ရရှိသည်။ ဧရာဝတီအသင်းအ တွက် ဂိုးများကို မြန်မာယူ-၂၂ တိုက်စစ်မှူး အောင်ကောင်းမာန် နှင့် ကွင်းလယ်လူ လွင်မိုးအောင် တို့က တစ်ဂိုးစီသွင်းယူခဲ့သည်။



‘‘မြန်မာက ပထမပိုင်းမှာ ကျောနံပါတ် (၉)(အောင်ကောင်း မာန်)၊ ကျောနံပါတ် (၇) (သီဟ ဇော်) တို့ ကောင်းတာတွေ့ရ တယ်။ ဒုတိယပိုင်းမှာလည်း တစ် သင်းလုံးကစားတာ သဘောကျ တယ်။ ဒီခြေစွမ်းအတိုင်းကို သေ ချာစနစ်တကျလေး လေ့ကျင့်မယ် ဆို မြန်မာကစားသမားတချို့ ကေလိဂ်မှာ လာပြီးတော့ ကစား နိုင်မယ် မြင်မိပါတယ်။ ပထမပိုင်း အစမှာ ကစားရတာ လွယ်ကူမယ်  ထင်ခဲ့ပေမယ့် အနိုင်ရဖို့ ခက်ခက် ခဲခဲကြိုးစားကစားခဲ့ရပါတယ်’’ ဟု  ချွဲဆွန်းဟိုက ပြောသည်။

ကေလိဂ် အမှတ်ပေးဘော လုံးပြိုင်ပွဲတွင် လာမည့် ၂၀၂၀ ဘောလုံးရာသီ၌ အာဆီယံကစား သမားတစ်ဦး ထည့်သွင်းကစား စေရန် စည်းမျဉ်းသစ်ပြောင်းလဲ သဖြင့် မြန်မာအပါအ၀င် အာဆီ ယံနိုင်ငံများမှ ကစားသမားများ ပြောင်းရွှေ့ကစားခွင့်ရရန် အခွင့် အလမ်း ရှိလာသည်။

ပိုဟန်းစတီးလားအသင်း သည် ရန်ကုန်ခြေစမ်းခရီးစဉ်အ တွင်း ခြေစမ်းပွဲနှစ်ပွဲကစားမည် ဖြစ်ပြီး မေလ ၃၀ ရက်တွင် ပဏာ မ မြန်မာယူ-၂၂ အသင်းနှင့် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်မည်ဖြစ်ကာ  ၀င်ကြေးအခမဲ့ သတ်မှတ်ထား သည်။ တောင်ကိုရီးယားကေလိဂ် (၁) ကလပ် ပိုဟန်းစတီးလား အ သင်းသည် ၁၉၈၃ ကစတင် တည် ထောင်ပြီး ပြည်တွင်းရှုံးထွက်ပြိုင် ပွဲချန်ပီယံ လေးကြိမ်နှင့် အာရှချန် ပီယံလိဂ်ချန်ပီယံဆု သုံးကြိမ်ရရှိ ထားသည့်အသင်းဖြစ်သည်။  ၂၀၁၉ ကေလိဂ်-၁ ပွဲစဉ် (၁၃) အပြီးတွင် ပိုဟန်းစတီးလား  အသင်းသည် ရမှတ် ၂၀ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် (၆) နေ  ရာ၌ ရပ်တည်နေသည်။

No comments:

Post a Comment