Thursday, May 30, 2019

မွန်ပြည်နယ်တွင် ဆိုင်ကယ်အမှန်တကယ်သုံးစွဲသူများကိုဒေသတွင်း မွန်ဆိုင်ကယ်လိုင်စင် ထုတ်ပေးသွားမည်

မွန်ပြည် နယ်ဒေသအတွင်း သွားလာနိုင် ရေးအတွက် ဆိုင်ကယ်အမှန်တကယ် သုံးစွဲမည့်သူများကို ဒေသတွင်း မွန်ဆိုင်ကယ်လိုင်စင်ထုတ်ပေးမည် ဖြစ်ကြောင်း မွန်ပြည်နယ် လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ် မှူးကြီး နေထွဋ်ဦးက ပြောကြား လိုက်ကြောင်း သိရသည်။ေ မ ၂၇ ရက်တွင် မော်လမြိုင် မြို့ ငွေမိုးဟိုတယ်တွင် ကျင်းပ သော မွန်ပြည်နယ် ယာဉ်/လမ်း အန္တရာယ်ကင်းရှင်းရေးတွေ့ဆုံေ ဆွးနွေးပွဲတွင် ပြည်နယ်လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီးက ယင်း သို့ပြောကြားခြင်းဖြစ်သည်။

""ဆိုင်ကယ်နဲ့ပတ်သက်ပြီး စီး ပွားရေးဆန်တာမလုပ်ဖို့ သတိပေး လိုက်မယ်။ ဆိုလိုတာက အမှန်တ ကယ်သုံးစွဲမည့်သူတွေအတွက် ဆိုင်ကယ်လိုင်စင်ကို ထုတ်ပေး ခြင်းဖြစ်ပါတယ်။ စီးပွားရေးဆန် တဲ့ ပုဂ္ဂိုလ်တွေက စီးပွားရေးဆန် ဆန်လုပ်မယ်ဆိုရင်တော့ ဥပဒေ နဲ့အညီ တစ်ခါတည်း သိမ်းမယ် ဆိုတာကို ပြောချင်ပါတယ်""ဟု ဗိုလ်မှူးကြီး နေထွဋ်ဦးကပြောကြား သည်။

လိုင်စင်မဲ့ဆိုင်ကယ်များ စ နစ်တကျဖြစ်စေရန်အတွက် မွန် ပြည်နယ်အစိုးရ၏ခွင့်ပြုချက်၊ ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက် ဖြင့် မကြာမီအချိန်အတွင်းတွင် ဒေသတွင်းမွန်ဆိုင်ကယ်များလိုင် စင်ရရှိအောင် စီစဉ်ဆောင်ရွက်နေ ပြီးဖြစ်သည်။
""]ပြည်ထောင်စုအစိုးရကို တင်ပြလိုက်တော့ လုပ်ထုံးလုပ် နည်းညွှန်ကြားချက်တွေအတိုင်း ဆောင်ရွက်ပါဆိုပြီး ညွှန်ကြားခဲ့လို့ လိုင်စင်မဲ့ဆိုင်ကယ်တွေကို ကညန ရုံးမှာ အခွန်ဆောင်ပြီး မွန်လိုင်စင် ထုတ်ပေးဖို့ လုပ်နေပါတယ်။ ခွင့် ပြုချက်လည်းရရှိပြီးဖြစ်တဲ့အတွက် မကြာမီရရှိတော့မှာဖြစ်ပါတယ်""ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း ကဆိုသည်။

ဒေသတွင်းမွန်လိုင်စင်ပြုလုပ် ပြီးပါက လိုင်စင်မဲ့ဆိုင်ကယ်များ လိုင်စင်ရရှိပြီး ဒေသတွင်းလွတ် လပ်စွာသွားလာနိုင်မည်ဖြစ်ပြီး ရပ်နားထားသော ယာဉ်အန္တရာယ် ကင်းရှင်းရေး လင်းယုန်စီမံချက်ကို စဉ်ဆက်မပြတ်ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်သည်။

No comments:

Post a Comment