Thursday, May 30, 2019

ဖူဆယ်ဖလား အကြိုဗိုလ်လုပွဲတွင် MIU နှင့် On Doctor၊ မြို့မ YTD နှင့် ရွှေမြဝတီတို့ တွေ့ဆုံ

အလွတ်တန်းဖူဆယ် ဖလားပြိုင်ပွဲ (၁၆) သင်းအဆင့် ရှုံးထွက်ပြိုင်ပွဲတွင် MIUနှင့် On Doctor၊ မြို့မ YTD နှင့် ရွှေမြဝတီ အသင်းတို့က ပြိုင်ဘက်အသင်း များကို အသီးသီးအနိုင်ရပြီး အ ကြိုဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ သည်။ မေလ ၂၉ ရက်က အမျိုး သားအားကစားပြိုင်ပွဲရုံ (၁) သု ၀ဏ္ဏ၌ ကျင်းပသည့် အလွတ်တန်း ဖူဆယ်ဖလားပြိုင်ပွဲ ရှုံးထွက်အ ဆင့်တွင် လက်ရှိချန်ပီယံ MIU က Old Man ကို ခြေစွမ်းအသာဖြင့် ကစားပြီး ၁၃-၀ ဂိုးဖြင့် ဂိုးပြတ် အနိုင်ရခဲ့သည်။ အခြားပွဲစဉ်များတွင် On Doctor အသင်းက JYS အသင်း ကို ၁၆-၂ ဂိုး၊ မြို့မ YTD က ဖူ ဆယ်ချစ်သူအသင်းကို ၇-၂ ဂိုး၊ ရွှေမြဝတီက အောင်မျိုးမြင့်အ သင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့ သည်။


မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်က ကြီးမှူးကျင်းပသည့် MFFFutsal Open Cup 2019 (ရန်ကုန်) ပြိုင်ပွဲသို့ ၃၅ သင်း ဝင် ရောက်ယှဉ်ပြိုင်နေပြီး အုပ်စုရှစ်ခုခွဲကျင်းပကာ အုပ်စုတစ်ခုစီမှထိပ်ဆုံးနှစ်သင်းစီ ရှုံးထွက်အဆင့်သို့ တက်ရောက်ခဲ့သည်။ (၁၆)သင်းအဆင့် ရှုံးထွက် ပြိုင်ပွဲ ကျန်ပွဲစဉ်များကို မေလ ၃၀ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ကွာ တားအဆင့်ကို ဇွန်လ ၁ ရက်၊ အကြိုဗိုလ်လုပွဲကို ဇွန်လ ၃ ရက်၊ ဗိုလ်လုပွဲနှင့် တတိယလုပွဲတို့ကို  ဇွန်လ ၅ ရက်၌ ကျင်းပမည်ဖြစ် သည်။

No comments:

Post a Comment