Thursday, May 30, 2019

မကွေးတိုင်း ၃ မြို့နယ်၌ မိုးသက်​​လေပြင်း​ကြောင့် နေအိမ်အ​ဆောက်​ဦ ၅၈ လုံး ပျက်​စီး

မကွေးတိုင်းချောက်မြို့နယ်၊​ ရေနံ​ချောင်းမြို့နယ်​နဲ့ ဆိပ်ဖြုမြို့နယ်တို့မှာ  မေလ ၂၈ ရက် ညနေက မိုးသက်လေပြင်းတိုက်ခတ်လို့ ဘုန်း​တော်​ကြီး​ကျောင်း၊ ဓမ္မာရုံ၊ ကျေးလက် ဆေးပေးခန်း အပါအဝင် နေအိမ်အဆောက်အဦ ၅၈ လုံးပျက်စီးသွားပါတယ်​။ ချောက်မြို့နယ်၊ သံဘိုကျေးရွာအုပ်စု ကန်ရေလေးကျေးရွာမှာ ​မေ ၂၈ ညနေပိုင်း မိုးသက်လေပြင်းတိုက်ခတ်ပြီး ဓမ္မာရုံနဲ့ ကျန်းမာရေးဆေးပေးခန်း အပါအဝင် နေအိမ် အဆောက်အဦး ၁၄ လုံး သွပ်အမိုးလန်ပျက်စီးခဲ့ရတယ်လို့ မြို့နယ်ထွေအုပ်ရုံးက ပြောပါတယ်။


ရေနံချောင်းမြို့နယ်ထဲက ကက္ကိုဂွ​၊ မုန်ကန်၊ ကန်လေကုန်း​၊ ညောင်ပင်အိုင့်၊ အုတ်လှနဲ့ ရုံးဆိပ်ကျွန်းကျေးရွာတွေမှာလည်း လေပြင်းတိုက်ခတ်လို့ နေအိမ် ၆ လုံး ပြိုကျပျက်စီးပြီး ဘုန်းကြီးကျောင်း ၁ကျောင်း အပါအဝင်​ နေအိမ်အဆောက်အဦ ၁၃ လုံး အမိုးလန်ပျက်စီးဆုံးရှုံးသွားတယ်လို့ မကွေးမြို့ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနက သိရပါတယ်။

ဆိပ်ဖြူမြို့နယ်ပင်းတလဲကျေးရွာမှာလည်း လေပြင်းတိုက်လို့ နေအိမ် ၁လုံးပြိုကျပျက်စီးပြီး ဂိုဒေါင် ၂လုံး အပါအဝင် နေအိမ် ၂၂ လုံး အမိုးလန်ပျက်စီးခဲ့ကာ စုစုပေါင်းအဆောက်အဦး ၂၅ လုံး သွပ်မိုးလန်ပျက်စီးခဲ့တယ်လို့ ဆိပ်​ဖြူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်​။

ပြိုကျပျက်စီးသွားတဲ့နေအိမ် တအိမ်ကို ထောက်ပံ့ငွေ ကျပ် ၁သိန်း၊ အိမ်အမိုးလန်ပျက်စီး သွားတဲ့အိမ်တအိမ်ကို ငွေကျပ် ၂၀၀၀၀နဲ့  လူတဦးကို ဆန်ရိက္ခာ တပတ်စာ ငွေကျပ် ၂၁၀၀ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ ပေးအပ်သွားဖို့ ရှိနေပါတယ်။

No comments:

Post a Comment