Thursday, May 30, 2019

လက်ကျန်စပါးဝယ်ပေးနိုင်ရန်စီစဉ်နေ၊ သတ်မှတ်အခြေခံဈေးပေးမ၀ယ်နိုင်ဟု အစိုးရတာဝန်ရှိသူပြော အစိုးရတုံ့ပြန်မှု နှောင့်နှေးကြန့်ကြာလွန်းသည်ဟု ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ မှတ်ချက်ပြု

စပါးဈေးအခြေခံ သတ်မှတ်ဈေးနှုန်းအောက် ကျ ဆင်းနေသဖြင့် လယ်သမားများ အခက်ကြုံနေရသည့် အခြေအနေ ကို ဖြေရှင်းပေးရန် စီစဉ်ဆောင် ရွက်နေသည်ဟု စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေး ၀န်ကြီးဌာန  ဒုတိယ၀န်ကြီး ဦးအောင်ထူးက ပြောသည်။ေ ငွပေးချေဝယ်ယူနိုင်ရန် အ စိုးရမဟုတ်သည့် သမ၀ါယမ ဘဏ်များ၊ သမ၀ါယမအသင်း များနှင့် ချိတ်ဆက် ဆောင်ရွက်နေ သည့်အပြင် မြန်မာ့စီးပွားရေး ဘဏ်မှချေးငွေရယူ၍ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှတစ်ဆင့်  ၀ယ်ယူနိုင်ရေး ဆောင်ရွက်နေ သည်ဟု ၎င်းကဆိုသည်။



ဈေးကွက်အတွင်းမှ စပါး များဝယ်ယူနိုင်ရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က တင်ပြ ထားသော ချေးငွေပမာဏမှာ  ကျပ် ၁၅ ဘီလီယံဖြစ်ပြီး ရက် ပေါင်း ၁၂၀  ချေးပေးရမည်ဖြစ် ကြောင်း ဦးအောင်ထူးက ရှင်းပြ သည်။ နေပြည်တော်ရှိ ပြန်ကြား ရေးဝန်ကြီးဌာန၌ ယမန်နေ့က ပြု လုပ်သည့် နိုင်ငံတော်အစိုးရ၏  ပြည်သူ့အတွက် တတိယတစ်နှစ် တာကာလအတွင်း ဆောင်ရွက်ခဲ့ မှုများနှင့် ပတ်သက်သည့် သတင်း စာရှင်းလင်းပွဲတွင် ဒုဝန်ကြီးကအ ထက်ပါအတိုင်း ထည့်သွင်းပြော ကြားခြင်းဖြစ်သည်။

ဆန်စပါး အသင်းချုပ်လို အပ်နေသည့် ချေးငွေပမာဏနှင့် ပတ်သက်၍ စီမံဘဏ္ဍာဝန်ကြီး ဌာနက ကျပ် ၁၉ ဘီလီယံခန့်ချေး ပေးနိုင်သည်ဟု အကြောင်းပြန် ထားသည်ဟု ဦးအောင်ထူးက ထုတ်ပြောသည်။

‘‘ကျွန်တော်တို့ စီးပွားကူး သန်းကတော့ အစဉ်အလာအား ဖြင့်တော့ ၁၅ ဘီလီယံတောင်း လေ့ရှိပါတယ်။ အခုဒီကိစ္စမှာ လည်း ၁၅ ဘီလီယံတောင်းမယ့် သဘောရှိပါတယ်။ သမ၀ါယမက တော့ ဘယ်လောက်ဝယ်မလဲဆို တာ တော့မသိသေးပါဘူး။ သမ ၀ါယမကတော့ CB ဘဏ်က၀ယ် မှာဖြစ်ပါတယ်’’ဟု ဒုဝန်ကြီးက ပြောသည်။

သို့သော် ပြီးခဲ့သည့်နှစ်အ တွင်း အစိုးရကသတ်မှတ်ပေး ထားသည့် အခြေခံရည်ညွှန်းစပါး ဈေးနှုန်း တင်း ၁၀၀ လျှင် ကျပ်ငါး သိန်းပေးဝယ်မည် ဟုတ်၊မဟုတ် နှင့် မည်သည့်နှုန်းထားဖြင့်ပေးချေ  မည်ဆိုသည်ကိုမူ  တိတိကျကျ  ရှင်းပြခြင်းမရှိပေ။

ယင်းနှင့်စပ်လျဉ်း၍ 7 Day Daily က မေးမြန်းရာ ‘‘အဲဒီတော့ ၀ယ်ဖို့ဟာတွေကတော့ လုပ်နေပါ တယ်။ ပထမဆန်စပါး အသင်း ချုပ်က၀ယ်တယ်။ အခုကတော့ သမ၀ါယမအသင်း တွေက၀ယ်ဖို့ လုပ်ပါတယ်။ ကျွန်တော်တို့စီးပွား ကူးသန်းက လုပ်နိုင်တာကတော့ ကျွန်တော်တို့ အခြေခံဈေးကိုမ ပေးနိုင်ပါဘူး’’ ဟု ဦးအောင်ထူးက  ပြန်ဖြေသည်။

ဝန်ကြီးဌာန  တွက်ချက်မှု များအရ တောင်သူများ၏ ထုတ် လုပ်မှု ကုန်ကျစရိတ်သည်အနည်း ဆုံး ကျပ်သုံးသိန်းတစ်သောင်းမှ သုံးသိန်းရှစ်သောင်းကြား ရှိ ကြောင်း၊ အဆိုပါ ထုတ်လုပ်မှု ကုန်ကျစရိတ်အောက်သို့   စပါး ပေါက် ဈေးကျဆင်းမှသာ အစိုးရက ၀ယ်ယူပေးနိုင်မည်ဖြစ်ကြောင်း ဒုဝန်ကြီးက ဖြည့်စွက်ပြောကြား သည်။

‘‘အဲဒီထက်ကို ကျသွားတော့ မှ ကျွန်တော်တို့က ၀ယ်ပေးလို့ရ မယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကျွန် တော်တို့အနေနဲ့ အရေးပေါ်ဝယ် နိုင်အောင်ဆိုပြီးတော့ ဒီကိစ္စကို တင်ပြထားပါတယ်’’ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ ဆန်စပါးအ သင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ယခုဖြစ်စဉ်သည် ကြီးမားသော သက်ရောက်မှုဖြစ်၍ အသင်းအ နေဖြင့် လေး၊ငါးလခန့်စောကာ ၀န်ကြီးဌာနထံ တင်ပြထားသော် လည်း အစိုးရ၏ တုံ့ပြန်ဆောင် ရွက်မှုများ နှောင့်နှေးကြန့်ကြာ လွန်းသည်ဟု မှတ်ချက်ပြုသည်။

‘‘အဲဒီတော့ ပုဂ္ဂလိအခန်း ကဏ္ဍက အကြံပြုတင်ပြချက်တွေ  ကို နိုင်ငံတော်အစိုးရဘက်က ယ ခုထက်ပိုပြီးတော့ အာရုံစိုက်ပြီး တော့ နားထောင်ပေးဖို့ရယ်၊ ပုဂ္ဂ လိကကဏ္ဍနဲ့လည်း ယုံကြည်မှုရှိ ရှိနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း လိုတာပေါ့’’ဟု ၎င်းကပြောသည်။

ပြီးခဲ့သော ရက်များအတွင်း  ပဲခူးတိုင်းအရှေ့ခြမ်းတွင် စပါး တင်း ၁၀၀ လျှင် ကျပ်လေးသိန်း  လေးသောင်းနှုန်းဖြင့် စပါးတင်း  တစ်သိန်းလေးသောင်းခန့်ကို မြန် မာနိုင်ငံ ဆန်စပါးအသင်းချုပ်က  ၀ယ်ယူခဲ့ဖူးသည်။ လက်ရှိ မြန်မာနိုင်ငံ၏ စပါး  ဈေးနှုန်းကျဆင်းမှုသည် တရုတ်  ဈေးကွက်မှ ဆန်ဝယ်ယူတင်သွင်း မှု   ရပ်ဆိုင်းခဲ့ခြင်းကြောင့်ဖြစ်ပြီး ပြည်ပတင်ပို့ရန် ဆန်ကြမ်းလက် ကျန်  တန်ချိန်သုံးသန်းခွဲကျော် ကျန်ရှိနေသည်။ ပြီးခဲ့သည့်နှစ် များက  ပြည်တွင်း၌  ဆန်ကြမ်း လက်ကျန် တန်ချိန် လေးသိန်းမှ ငါးသိန်းအကြားသာ  ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် စာရင်းများကဆိုသည်။

No comments:

Post a Comment