Thursday, May 30, 2019

ဘဏ္ဍာရေးနှစ်ပြောင်းလဲမှု ရည်ရွယ်ချက်နှင့်အနှစ်သာရကို အစိုးရဌာနများ မဖော်ဆောင်နိုင်ဟု အမတ်ဝေဖန်

တည်ဆောက် ရေးလုပ်ငန်းများနှင့် စီမံကိန်းများ ကို ပွင့်လင်းရာသီရှစ်လအတွင်း အရည်အသွေးပြည့်မီစွာ  အချိန်မီ အကောင်အထည်ဖော်နိုင်ရေး  ဘဏ္ဍာရေးနှစ် ပြောင်းလဲကျင့်သုံး သော်လည်း သက်ဆိုင်ရာဌာန အဖွဲ့အစည်းများက ရည်ရွယ် ချက်ကို ဖော်ဆောင်နိုင်ခြင်းမရှိဟု  မန္တလေးတိုင်းဒေသကြီး အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးလတ်က ယမန်နေ့ တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်၌ ဝေဖန်သည်။

၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေး နှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေ ကြမ်းအပေါ် ၎င်းက ဆွေးနွေးစဉ်  မြေပြင်အခြေအနေများကို ဥပမာ  ပေးပြီး အထက်ပါအတိုင်း တင်ပြ ဆွေးနွေးခဲ့သည်ြ မန်မာနိုင်ငံ၌ ယခင်က ကျင့် သုံးခဲ့သည့် ဧပြီ - မတ် ဘဏ္ဍာရေး နှစ်အစား အောက်တိုဘာ ၁ ရက် မှ စက်တင်ဘာ ၃၀ ရက်သို့၂၀၁၈ -၁၉ ဘဏ္ဍာရေးနှစ်တွင် စတင် ပြောင်းလဲကျင့်သုံးနေသည်။ သို့ သော်  ၎င်း၏ မဲဆန္ဒနယ်မြင်းခြံမြို့ နယ်ရှိ မူလဘတ်ဂျက်ခွင့်ပြုငွေ တွင်ပါဝင်သော ပညာရေး၊ ကျန်း မာရေးဆိုင်ရာ တည်ဆောက်ရေး လုပ်ငန်းများ၏ လက်ရှိမြေပြင်အ ခြေအနေသည် လုံးဝအကောင်အ ထည်မဖော်ရသေးဟု ဦးအောင် မျိုးလတ်က ဆွေးနွေးသည်။

 ‘‘ဘတ်ဂျက်နှစ်စစချင်းမှ  ရေတွက်မည်ဆိုလျှင် ရှစ်လကြာ မြင့်သည့်အချိန်အတွင်း လုပ်ငန်း စတင်နိုင်ခြင်း မရှိသေးသည့်အ ခြေအနေ ဖြစ်ပေါ်နေပါတယ်။ တစ်နိုင်ငံလုံးနီးပါးမှာလည်းလက် ရှိကျွန်တော်တို့  ပြောနေတဲ့အ တိုင်းဖြစ်နေပါတယ်’’ဟု ၎င်းက ဆိုသည်။

ယခု ပြည်ထောင်စုလွှတ် တော်သို့ အစိုးရအဖွဲ့ကတင်သွင်း သည့် ဖြည့်စွက်ခွင့်ပြုငွေသုံးနိုင် မည့် အချိန်လေးလခန့်သာ ကျန် ရှိနေကြောင်း၊ ဖြည့်စွက်ဘတ် ဂျက်ခွင့်ပြုငွေဖြင့် လုပ်ငန်းစတင် တည်ဆောက်မည့်အချိန်သည် ဇွန်လ မိုးတွင်းကာလရောက်ရှိနေ ကြောင်းလည်း ဦးအောင်မျိုး လတ်က ဆွေးနွေးသည်။

‘‘သက်ဆိုင်ရာ တာဝန်ရှိသူ များအနေနဲ့လည်း ယခုဖြစ်ပေါ်နေ တဲ့ ဘတ်ဂျက်နှစ်ရဲ့ လုပ်ငန်းအ ကောင်အထည်ဖော်မှု နောက်ကျ ရခြင်းရဲ့ အကြောင်းရင်းများကို ရှင်းလင်းပေးစေလိုပါတယ်’’ ဟု ၎င်းက ပြောသည်။ ဘဏ္ဍာရေးနှစ်ကို ပြောင်းလဲ သတ်မှတ်ခြင်း၏ အဓိကရည်ရွယ် ချက်နှင့် အနှစ်သာရတွင် ဘဏ္ဍာရေးနှစ်စတင်သည့်  ကာလ ခြောက်သွေ့သည့်ကာလဖြစ်သည့်အပြင် ကာလရှည်ရုံးပိတ်ရက်နှင့် လွတ်ကင်းသဖြင့် လုပ်ငန်းဆောင် ရွက်မှု မြန်ဆန်ခြင်း၊ ဘဏ္ဍာရေး နှစ်အတွင်းတည်ဆောက်ရေးလုပ်ငန်းများ  ဆောင်ရွက်နိုင်သည့် ကာလသည် ရှစ်လကျော် တစ် ဆက်တည်းရှိခြင်း စသည့်အချက် များ ပါဝင်သည်။ ပြည်သူ့ငွေ စာရင်း   ပူးပေါင်းကော်မတီ အစီရင်ခံစာတွင် ၂၀၁၈-၂၀၁၉  ဖြည့်စွက်ခွင့်ပြုမည့်ငွေ သည်ကျပ် ၂,၆၃၅ ဘီလီယံဖြစ်ပြီး ထပ်မံခွဲ ဝေချထားပေးငွေကိုမသုံး စွဲနိုင်ပါက နိုင်ငံတော်နှင့် ပြည်သူ အတွက် အကျိုးမရှိသကဲ့သို့ ဌာန အဖွဲ့အစည်းများကိုလည်း စွမ်း ဆောင်နိုင်စွမ်းမရှိဟု ထင်မြင် ခံရမည်ဖြစ်ကြောင်း ဖော်ပြထား သည်။

No comments:

Post a Comment