Thursday, May 30, 2019

အစိုးရနုတ်ထွက်ပေးရေး သပိတ်မှ ဖမ်းဝရမ်းထုတ်ထားသူ တစ်ဦးကို ၂ နှစ်ခန့်အကြာတွင် ဖမ်းဆီး

ရန်ကုန်မြို့၌ လွန်ခဲ့ သည့် ၂နှစ်က အစိုးရနုတ်ထွက် ပေးရေးသပိတ်စခန်းဖွင့် ဆန္ဒပြမှု ကြောင့် ဖမ်းဝရမ်းထုတ်ခံရသူ ၁၀ ဦးအနက်တစ်ဦးကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က မေလ ၂၈ ရက်တွင် ဖမ်းဆီးခဲ့သည်။ အစိုးရနုတ်ထွက်ပေးရေး သပိတ်စခန်းဖွင့်တောင်းဆိုရာ တွင် ပါဝင်သောအမျိုးသားရေး လှုပ်ရှားသူဟုဆိုသူ အောင်သွေး ဘော်ကို အမှုဖွင့်ဖမ်းဝရမ်းထုတ် ပြီး ၂ နှစ်ခန့်အကြာ၌ ရဲတပ်ဖွဲ့က ၎င်းနေထိုင်ရာသန်လျင်မြို့တွင် ဖမ်းဆီးခြင်းဖြစ်သည်။


ရန်ကုန်သပိတ်အဖွဲ့ ဦး ဆောင်ဆရာတော်ဦးပညာဝံသ အပါအ၀င် သံဃာနှစ်ပါးနှင့် လူ ပုဂ္ဂိုလ်ရှစ်ဦးစုစုပေါင်း ၁၀ ဦးကို ပုဒ်မ ၅၀၅(ခ)ဖြင့် ၂၀၁၇ ဩဂုတ် ၄ ရက်တွင် ဗဟန်းမြို့နယ်တရား ရုံး၌ တရားစွဲဆိုဖမ်းဝရမ်းထုတ် ထားခြင်းဖြစ်သည်။ ထို့ကြောင့် ဖမ်းမမိသေးသူ ကိုးဦးကျန်ရှိနေ သေးသည်။

အမျိုးသားရေးလှုပ်ရှားသူ ဆိုသူများက လက်ရှိအစိုးရနုတ် ထွက်ပေးရန် ရန်ကုန်မြို့ ကြေး သွန်းဘုရားရှေ့တွင် ၂၀၁၇ ဩ ဂုတ်၂ ရက်မှ ၅ ရက်အထိ လေး ရက်ကြာ သပိတ်စခန်းဖွင့်တောင်း ဆိုခဲ့သည်။ ရန်ကုန်သပိတ်စခန်းမှ ဆန္ဒပြသူများသည် သပိတ်စခန်းစဖွင့်သော ၂၀၁၇ ဩဂုတ် ၂ ရက်တွင် အစိုးရနုတ်ထွက်ပေးရေးကို သာ တောင်းဆိုခဲ့သော်လည်း တတိယမြောက်ရက်၌ ဗုဒ္ဓဘာသာကို နှိမ့်ချနေသည့် ၀န်ကြီးသူရဦး အောင်ကိုကို အမြန်ဆုံးဖြုတ်ချ ပေးရန်၊ ဖမ်းဆီးခံအမျိုးသားရေး တက်ကြွလှုပ်ရှားသူများကို ခြွင်း ချက်မရှိ လွှတ်ပေးရန်နှင့် မြန်မာ နိုင်ငံ၌ မရှိသည့် ခိုးဝင်ဘင်္ဂါလီ များကို ကမ္ဘာကသိအောင်သမ္မတ လက်မှတ်ထိုး၍ ကြေညာပေးရန် ဟူသည့် အချက်သုံးချက်ကို ပြောင်းလဲတောင်းဆိုခဲ့သည်။

ဖမ်းဆီးခံရသူအောင်သွေး ဘော်ကို ယမန်နေ့က ဗဟန်းမြို့ နယ်တရားရုံးတွင် ရမန်ယူရုံး ထုတ်ခဲ့ကြောင်း အမျိုးသားရေးနှင့် ပတ်သက်သည့်ဆန္ဒပြပွဲကို ဦး ဆောင်သူ ဦးတင့်လွင်က ပြောသည်။ ၂၀၁၇ မေလ ၁၃ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် မြရာ ကုန်း၌ ဖြစ်ပွားသော ပဋိပက္ခ ဖြစ်စဉ်တွင် ပါဝင်သောသံဃာတော်နှစ်ပါးနှင့် လူပုဂ္ဂိုလ်ငါးဦးကို ပုဒ်မ ၅၀၅(ဂ)၊ ပုဒ်မ ၃၄ တို့ဖြင့် တရား စွဲဆိုရာ လူပုဂ္ဂိုလ်ငါးဦးကို ဖမ်းဆီးခဲ့သည်။ သို့သော် သံဃာတော်နှစ်ပါးဖြစ်သော ဆရာတော်ဦးသုစိတ္တ နှင့် ဦးပညာဝံသကို လက်ရှိအချိန်ထိ ဖမ်းဆီးအရေးယူဆောင်ရွက်ခြင်းမရှိသေးပေ။ ထို့ကြောင့် ဦးပညာဝံသသည်အစိုးရသပိတ်နှင့် မြရာကုန်းပဋိပက္ခအတွက် တရားရုံးနှစ်ခုက ဖမ်းဝရမ်းထုတ်ထားသည်။ မေလ ၁၅ ရက်က ဒဂုံမြို့ သစ်တောင်ပိုင်း၌ အစ္စလာမ် ဘာသာဝင်များ၏ ဥပုသ်လ၀တ် ပြုဆုတောင်းပွဲတားဆီးပိတ်ပင်မှု ကြောင့် ပုဒ်မ ၅၀၅(ခ)ဖြင့် ဖမ်း ၀ရမ်းထုတ်ထားသော မိုက်ကယ် ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့ကို လည်း ဖမ်းဆီးမိခြင်းမရှိသေးပေ။

No comments:

Post a Comment