Thursday, May 30, 2019

ကမ္ဘာ့တန်ဖိုးအရှိဆုံး အသင်းအဖြစ် ရီးရဲလ်မက်ဒရစ် ရပ်တည်

၂၀၁၉ ခုနှစ်အတွက် ကမ္ဘာ့တန်ဖိုးအရှိဆုံး ဘောလုံးအသင်းတွေကို ထုတ်ပြန်ခဲ့ရာမှာ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းက မန်ယူနိုက်တက်အသင်းကို ကျော်တက်ပြီး ကမ္ဘာ့တန်ဖိုးအရှိဆုံး အသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ကမ္ဘာ့တန်ဖိုးအရှိဆုံး အသင်းအဖြစ် သုံးနှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့ပေမယ့် အခုနှစ်မှာတော့ ရီးရဲလ်အသင်းက ကျော်တက်သွားခဲ့တာပါ။



နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ ဘောလုံးအသင်းတွေရဲ့ တန်ဖိုးသတ်မှတ်ချက်အရ ရီးရဲလ်မက်ဒရစ်အသင်းက ပေါင် ၂ ဒသမ ၉ ဘီလီယံတန်ဖိုးရှိပြီး မန်ယူနိုက်တက်အသင်းက ၂ ဒသမ ၈၃ ဘီလီယံ တန်ဖိုးရှိတယ်လို့ သတ်မှတ်ခဲ့ပါတယ်။

ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အသင်းက ပေါင် ၂ ဒသမ ၄၃ ဘီလီယံ တန်ဖိုးရှိပြီး အဆင့်သုံးနေရာမှာ ရပ်တည်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းကတော့ တန်ဖိုးအရှိဆုံး ထိပ်တန်းသုံးသင်း အပြင်ဘက်ကို ရောက်ရှိသွားခဲ့ပြီး ပေါင် ၂ ဒသမ ၄၁ ဘီလီယံနဲ့ အဆင့် ၄ မှာပဲ ရပ်တည်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ မန်ချက်စတာစီးတီး (၂ ဒသမ ၂ ဘီလီယံ)၊ ချဲလ်ဆီး (၂ ဘီလီယံ)၊ လီဗာပူး (၁ ဒသမ ၉ ဘီလီယံ)၊ အာဆင်နယ် (၁ ဒသမ ၈ ဘီလီယံ)၊ စပါး (၁ ဒသမ ၅ ဘီလီယံ)၊ ဂျူဗင်တပ် (၁ ဒသမ ၃ ဘီလီယံ) အသင်းတွေက ထိပ်ဆုံး ၁၀ သင်း စာရင်းမှာ ပါဝင်နေပါတယ်။

No comments:

Post a Comment