Thursday, May 30, 2019

ပြည်သူ့ အသည်းနှလုံးကို အပိုင်သိမ်းနိုင်ခဲ့သည့် မိုဒီကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၏ အမျိုးသားစိတ်ဓါတ် ပြင်းထန်စွာဖြင့် အာဘောင်အားရင်းသန်သန် ပြောဆိုတတ်မှုနှင့် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ゞင်းအနိုင်ရရှိထားမှုတို့အပေါ် ဝိုင်းဝန်းချီးကျူးမှုများ ရှိနေစဉ် ゞင်း အတန်ငယ် နှုတ်ဆိတ်နေခဲ့သော အခြားသော အကြောင်းအရာတစ်ခုလည်း ရှိနေသည်။ ယင်းကတော့ Modicare ဟု ခေါ်သည့် ကျန်းမာရေးစောင့်ရှောက်မှု အာမခံ အစီအစဉ်ပင် ဖြစ်သည်။



အဖုအထစ် ပြဿနာတစ်ချို့၊ ပြုပြင်ပြောင်းလဲရန် လိုအပ်နေသော ကိစ္စတစ်ချို့နှင့် ငွေကြေး ပိုမိုစိုက်ထူ သုံးစွဲရန် လိုအပ်နေမှု စသည့် လိုအပ်ချက်များ ရှိနေသော်ငြားလည်း ယမန်နှစ်က စတင်ခဲ့သည့် အဆိုပါ ကြီးမားသည့် အစီအစဉ်ကြီးမှာ မတူညီ ကွဲပြားခြားနားမှုတစ်ခုကို ဖြစ်စေခဲ့သည်။ လက်တွေ့မှာလည်း ယင်း Modicare အစီအစဉ်မှာ ကမ္ဘာ့ အကြီးဆုံးသော ကျန်းမာရေး စောင့်ရှောက်မှု အာမခံအစီအစဉ်ကြီးတစ်ခုပင် ဖြစ်သည်။

" ခုချိန်မှာ ဆင်းရဲတဲ့ ပြည်သူလူထုကြားမှာ သူတို့ နေထိုင်မကောင်းဖြစ်လာရင် ရူပီး တစ်ပြားမှ ကုန်စရာ မလိုဘဲ ဆေးကုသမှု ခံယူနိုင်တယ် ဆိုတဲ့ ယုံကြည်မှု တစ်ခု ရှိလာအောင် ဒီ စီမံချက်က အသက်သွင်းပေးနိုင်ခဲ့ပါတယ်၊  "ဟု Sitapur မြို့ ဆေးရုံတစ်ရုံက ဆေးရုံအုပ် အနီးလ် အဂါဝယ်လ် က ပြောသည်။

ယခင် သီတင်းပတ်ကမှ ပြီးဆုံးသွားခဲ့သည့် ရွေးကောက်ပွဲမှ ထွက်ပေါ်လာခဲ့သော ဆန္ဒမဲ ဒေတာအချက်အလက်များကို ကြည့်မည်ဆိုပါလျင်လည်း Modicare ကြောင့် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းနေသည့် ဆင်းရဲနွမ်းပါးသော ဧရိယာများတွင် မိုဒီ၏ လယ်ယာယိမ်း ပါတီအပေါ် အခိုင်အမာ ထောက်ခံအားပေးမှုများ ရှိခဲ့သည်ကို မြင်ရမည်ဖြစ်သည်။

" ဆင်းရဲနွမ်းပါးသူ ပြည်သူတွေကတော့ ဒီ အစီအစဉ်ကို ကောင်းကျိုးခံစားရနိုင်မယ့် လုပ်ဆောင်ချက်တစ်ခုအနေနဲ့ သေချာပေါက် ကြိုဆိုခဲ့ကြပါတယ်၊ နောက်ပြီး ဒီအချက်ကပဲ မိုဒီရဲ့ ရွေးကောက်ပွဲ အောင်ပွဲအတွက် အဓိက ထောက်ကူနေတယ်လို့ ယူဆရနိုင်ပါတယ် “ ဟု အကျိုးအမြတ်မယူသော အဖွဲ့တစ်ခုဖြစ်သည့် အိန္ဒိယ ပြည်သူ့ကျန်းမာဖောင်ဒေးရှင်း၏ ဥက္ကဌ ကေ ဆရီနက်သ် ရက်ဒီက ပြေကြားခဲ့သည်။

“Modicare” ဟု အမည်ပေးထားသည့် အဆိုပါ အစီအစဉ်သည် အိန္ဒိယဆင်းရဲသားပြည်သူ သန်း ၅၀ဝ ကျော် သို့မဟုတ် ပြည်သူအားလုံးထဲက အောက်ခြေလူထု ၄၀ ရာခိုင်နှုန်းအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို အကုန်အကျခံ ထောက်ပံ့ပေးနေခြင်းဖြစ်သည်။  အဆိုးဝါးဆုံး ရောဂါတွေအတွက် အခမဲ့ဆေးဝါးကုသမှုခံယူနိုင်ရန် တစ်နှစ်ကို လူတစ်ဦးလျင် ကျန်းမာရေး အာမခံ ဒေါ်လာ ၇,၂၀ဝ အထိ ခံစားခွင့်ရရှိမည် ဖြစ်သည်။

No comments:

Post a Comment