Thursday, May 30, 2019

ဝမ်းမီးတောက်ညည်းညူနေတဲ့ ရေပေါ်မျော စီးပွားရေးလုပ်ငန်း (သို့) ပင်လယ်ပြင်က အင်ဒိုနီးရှား ကျွန်တံငါသည်ဘဝများ

ကျွန်ပြုစေခိုင်းမှုတွေ၊ ရိုက်နှက်ညှင်းပန်းမှုတွေ၊ အစာအာဟာရ ချို့တဲ့မှုတွေအပြင် ပေါင်းခံထားတဲ့ ရေတစ်စက်အတွက်တောင် အသက်ကို ဖက်နဲ့ ထုပ်ထားရတာက ပင်လယ်ပြင်က ငါးဖမ်းတံငါသည်တွေရဲ့ ဘဝပါပဲ။ ရတ်ရှ်မာတူလက်ရှ်ဟာ သူ့ ဘဝကောင်းမွန်ဖို့အတွက် အင်ဒိုနီးရှားကနေ ကျောခိုင်းထွက်ခွာလာခဲ့ပြီး ပင်လယ်ပြင်က အခွင့်အလမ်းတွေကို ကြိုးစားရှာဖွေခဲ့ပါတယ်။ ဒါပေမယ့် ဘဝအတွက် အခွင့်အလမ်းတွေအစား ပင်လယ်ပြင်က ငရဲဆီမှာ သူ့ဘဝဟာ စုံးစုံးမြုပ် သက်ဆင်းသွားတော့ပါတယ်။



နှစ်စဉ်နှစ်တိုင်းမှာ ရတ်ရှ်မာတူလက်ရှ်လို ဘဝမျိုးဆီ အလုပ်အကိုင်အတွက် စွန့်စားရှာဖွေတဲ့ ထောင်ပေါင်းများစွာသော လူတွေ သက်ဆင်းကျရောက်နေပါတယ်။

နိုင်ထက်စီးနင်းပြုမူမှုတွေ၊ အန္တရာယ်ပြွန်းတဲ့ကြားက ကျွန်လို လုပ်ကိုင်ဆောင်ရွက်မှုတွေ ဒင်းကြမ်းပြည့်နေတဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ငါးဖမ်းလုပ်ငန်းဟာ အတင်းအကျပ် ကျွန်ပြုစေခိုင်းမှုတွေနဲ့ လည်ပတ်နေတဲ့ ဂုတ်သွေးစုပ် လုပ်ငန်းကြီး ဖြစ်နေပါတယ်။

ပင်လယ်ထွက်အစားအစာတွေကို ဝယ်ယူရောင်းချနေတဲ့ စတိုးဆိုင်စူပါမားကတ်ကြီးတွေ၊ စားသောက်ဆိုင်နဲ့ ဟိုတယ်ကြီးတွေကနေ ဝယ်ယူစားသုံးကြသူတွေဟာ ဒီ အစားအစာအတွက် ပေးဆပ်နေရတဲ့ အစစ်အမှန် ဆုံးရှုံးမှုတွေကို မသိရှိကြကြောင်း လူကုန်ကူးမှု တိုက်ဖျက်ရေး ပညာရှင်တွေက သတိပေးလျက် ရှိနေပါတယ်။

ခေါင်းပုံဖြတ်ခံ တံငါသည် အလုပ်သမားတွေဟာ လုပ်ခလစာ မပေးတာ၊ အချိန်ပို ခိုင်းတာ၊ အကြမ်းဖက်အနိုင်ကျင့်တာ၊ ထိခိုက်ဒဏ်ရာ ရတာတွေအပြင် အသက်ကိုတောင် စတေးခဲ့ရတဲ့ ဘဝတွေ များစွာ ရှိခဲ့ပါတယ်။
အင်ဒိုနီးရှားနဲ့ အရှေ့တောင်အာရှဟာ ဒီလို ကျွန်ပြုခံအလုပ်သမားတွေရဲ့ အဓိက အရင်းအမြစ်ကြီး ဖြစ်နေပါတယ်။ မသမာတဲ့ ပွဲစားတွေဟာ ဆင်းရဲပြီး ပညာမတတ်တဲ့သူတွေကို ပစ်မှတ်ထားပြီး ပင်လယ်ပြင်မှာ လုပ်ခလစာကောင်းကောင်းနဲ့ အလုပ်ရမယ်လို့ မျှားခေါ်စည်းရုံးပြီး တံငါသည်ငရဲခန်းဆီ ပို့ဆောင်လို့ လူကုန်ကူးနေကြတာပါ။

ဒီလို အလိမ်ခံရပြီး ဘဝပျက်ရတဲ့ သူတွေကြားမှာ ရတ်ရှ်မာတူလက်ရှ်လည်း ပါဝင်ခဲ့ပါတယ်။ သူဟာ ပီရူးက ရေပြင်မှာ တစ်လ အမေရိကန်ဒေါ်လာ ၄၀ဝ ရပြီး ငါးတစ်တန်ဆို အပိုဘောနပ်ပါ ပေးမယ်ဆိုတဲ့ မက်လုံးနဲ့ တံငါငါးဖမ်းသင်္ဘ࿿ောပေါ် တက်လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် သူ့ကို စေလွှတ်လိုက်တဲ့ အင်ဒိုနီးရှား အေဂျင်စီဟာ လှည့်စားခဲ့တာ ဖြစ်ပြီး သူဟာ ဆိုမာလီဆီ လူမှောင်ခိုကူး ခံလိုက်ရတာပဲ ဖြစ်ပါတယ်။ အဲဒီမှာ ရတ်ရှ်မာတူလက်ရှ်ဟာ တရုတ်ငါးဖမ်းသင်္ဘ࿿ောပေါ် တစ်နေ့ကို ၁၈ နာရီနဲ့ လူမဆန်စွာ လုပ်ကိုင်ခဲ့ရတဲ့ အချိန်ကာလတွေကို ဖြတ်သန်းရပါတော့တယ်။

“ကျွန်တော်တို့ ခံစားရတာ အလုပ်သမားလို မဟုတ်ပဲ ကျွန်တွေလို ခံစားရတယ်။ ကျွန်တော်တို့က အဲကွန်းက ကျတဲ့ ရေစက်တွေ စုစုထားပေမယ့် တရုတ် သင်္ဘ࿿ောအမှုထမ်းတွေက ယူသောက်ကြတယ်။ တကယ်လို့ ကျွန်တော်တို့ စုထားတဲ့ ရေ မလောက်ဘူးဆိုရင် ရိုက်နှက်ကြရော၊ နေထိုင်မကောင်းလည်း ရိုက်နှက်ခံရတာ ဖြစ်တယ်။”လို့ ゞင်းက ပြောခဲ့ပါတယ်။

ခုချိန်မှာတော့ သူတို့ကို သင်္ဘ࿿ောတင်စေလွှတ်လိုက်တဲ့ ခွင့်ပြုလိုင်စင်မရှိဘဲ လုပ်ကိုင်နေတဲ့ PT Maritim Samudera အေဂျင်စီကို ရတ်ရှ်မာတူလက်ရှ်နဲ့ ဘဝတူ အင်ဒိုနီးရှားနိုင်ငံသား ၄၀ ဟာ တရားစွဲနစ်နာကြေးတောင်းဖို့ လုပ်ဆောင်နေပါတယ်။

No comments:

Post a Comment