Thursday, May 30, 2019

အီဂျစ် ထိပ်တန်းစစ်သွေးကြွဟု သံသယရှိသူကို လစ်ဗျားက အီဂျစ်သို့ လွှဲပြောင်းပေး

အီဂျစ် ထိပ်တန်းစစ်သွေးကြွလို့ သံသယရှိသူ ဟီရှမ် အယ်လ် အက်ရှ်မာဝီကို လစ်ဗျားအရှေ့ပိုင်းကနေ အီဂျစ်နိုင်ငံဆီ စစ်လေယာဉ်နဲ့ လွှဲပေးလိုက်ပြီလို့ အီဂျစ်အစိုးရရုပ်သံက မေလ ၂၉ ရက်မှာ ကြေညာပါတယ်။ အီဂျစ်အထူးတပ်ဖွဲ့ အရာရှိဟောင်း အက်ရှ်မာဝီကို လစ်ဗျားနိုင်ငံ ဒါနာမြို့ထဲမှာ မနှစ် နှစ်ကုန်ပိုင်းက ဖမ်းမိခဲ့ပါတယ်။ ရဲတွေကို သေဆုံးတဲ့အထိ သဲကန္တာရထဲမှာ ခြုံခိုတိုက်ခိုက်မှုနဲ့ တခြား နာမည်ကြီး တိုက်ခိုက်မှုတွေကို စီစဉ်ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ သူ့ကို အီဂျစ်အစိုးရက အလိုရှိနေတာ ဖြစ်ပါတယ်။

No comments:

Post a Comment