Thursday, May 30, 2019

ထိုင်းလိဂ်မှ မြန်မာကစားသမားလေးဦး ဇွန်လ ၃ ရက်မှ လက်ရွေးစင်အသင်းနှင့် စတင်ပူးပေါင်းမည်

ထိုင်းလိဂ်တွင် သွား ရောက်ကစားနေသည့် မြန်မာက စားသမား အောင်သူ၊ ကျော်ကို ကို၊ စည်သူအောင်နှင့် ဇော်မင်း ထွန်းတို့ လေးဦးသည် ဇွန်လ ၃ ရက်မှ မြန်မာ့လက်ရွေးစင်အသင်း နှင့် စတင်ပူးပေါင်းလေ့ကျင့်နို်င် မည်ဖြစ်ကြောင်း ဘောလုံးအဖွဲ့ ချုပ်မီဒီယာ ဒါရိုက်တာဦးဇော်မင်း ထိုက်က ပြောသည်။ အဆိုပါ ကစားသမားလေး ဦးသည် မေလ ၂၉ ရက်နှင့် ဇွန်လ  ၁ ရက်တွင် ကျင်းပမည့် ထိုင်းလိဂ် ပွဲစဉ် (၁၃)အပြီးမှမြန်မာ့လက်ရွေး စင်အသင်း၏ လေ့ကျင့်ခန်း အစီ အစဉ်၌ လာရောက်ပူးပေါင်းနိုင်မည် ဖြစ်သည်။ စင်ကာပူဘောလုံးအဖွဲ့ချုပ် ၏ ဖိတ်ကြားမှုကြောင့် ဇွန်လ ၁၁  ရက်တွင် စင်ကာပူနိုင်ငံ National Stadium ၌ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနှင့် စင်ကာပူအ သင်းတို့ နိုင်ငံတကာ ခြေစမ်းပွဲ  ယှဉ်ပြိုင်မည် ဖြစ်သည်။



ယင်းခြေစမ်းပွဲအတွက် မြန် မာအသင်းသည် ပဏာမ ၂၆ ဦး ရွေးချယ်ကာ မေလ ၂၈ ရက်က  လေ့ကျင့်မှုများ စတင်နေသော်လည်း လက်ရှိတွင်လူစုံလေ့ကျင့်နိုင်ခြင်းမရှိဘဲ ကစားသမားခုနစ်ဦးဖြင့်သာ စတင်နိုင်ခဲ့ကြောင်း ဦးဇော်မင်းထိုက်က ပြောသည်။

‘‘လတ်တလောတော့ ကစား သမားတွေက ထိုင်းလိဂ်ရော၊ ဗိုလ် ချုပ်ဒိုင်း ဆီမီးပွဲရော ရှိတဲ့အတွက် လူမစုံသေးဘူး။ ခုနစ်ယောက် လောက်နဲ့ပဲ စနိုင်သေးတယ်။ ထိုင်းလိဂ်က ၁ ရက်နေ့၊ ဗိုလ်ချုပ် ဒိုင်းက ၂ ရက်နေ့ ပြီးမှာဆိုတော့ ဇွန်လ ၃ ရက်လောက်မှပဲ လူစုံ လေ့ကျင့်နိုင်တော့မှာပါ။ ပွဲက ၁၁ ရက်နေ့ဆိုတော့ ကြားထဲမှာ တစ် ပတ်လောက်တော့ လေ့ကျင့်ချိန် ရပါတယ်’’ ဟု   ၎င်းက   ပြောသည်။

မြန်မာ့လက်ရွေးစင် အသင်း အနေဖြင့် စင်ကာပူနိုင်ငံသို့မထွက် ခွာမီ ဂိုးသမားတစ်ဦး၊ ကစားသ မားနှစ်ဦး စုစုပေါင်းသုံးဦးချန်လှပ် ကာ အပြီးသတ် ၂၃ ဦး ရွေးချယ် ခေါ်ယူမည် ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်း ကို နည်းပြချုပ်အဖြစ် မွန်တီနီဂရိုး နိုင်ငံသား ရာဂျူလိုဗစ်က တာဝန် ယူဆောင်ရွက်မည်ဖြစ်ပြီး ၎င်းအ တွက် မြန်မာအသင်းနည်းပြအ ဖြစ် ပထမဆုံး နိုင်ငံတကာခြေစမ်း ပွဲ ကိုင်တွယ်ရခြင်းဖြစ်သည်။

No comments:

Post a Comment