Thursday, May 30, 2019

မက္ကဆီကိုအစိုးရက Pemex ရေနံကုမ္ပဏီ အကြီးအကဲဟောင်းကို လာဘ်စားမှုဖြင့် ဖမ်းဝရမ်းထုတ်

မက္ကဆီကို အစိုးရက Pemex ရေနံကုမ္ပဏီ အကြီးအကဲဟောင်း အေမီလီယို လိုသိုယာကို လာဘ်စားမှု၊ အခွန်လိမ်လည်မှု စတဲ့စွဲချက်တွေနဲ့ ဖမ်းဝရမ်းထုတ်လိုက်ပြီလို့ နိုင်ငံပိုင်မီဒီယာက မေလ ၂၈ ရက်မှာ ပြောလိုက်ပါတယ်။ ၂၀၁၂ ကနေ ၂၀၁၆ အထိ Pemex ရေနံကုမ္ပဏီကို ဦးဆောင်ခဲ့တဲ့ အေမီလီယို လိုသိုယာကို ဖမ်းဖို့ မက္ကဆီကို တရားသူကြီးက အမိန့်ထုတ်ခဲ့တယ်လို့ အစိုးရရှေ့နေချုပ်ရုံးက သတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး အစိုးရပိုင် နိုတီမက်စ် သတင်းဌာနက ဖော်ပြပါတယ်။
ဒါပေမယ့် အစိုးရရှေ့နေချုပ်ရုံးက တရားဝင်မှတ်ချက် မပြုသေးပါဘူး။ လိုသိုယာကို ဖမ်းမိန့်ထုတ်လိုက်တာက လက်ရှိသမ္မတ လိုပက်ဇ် အိုဘရာဒို ဦးဆောင်တဲ့ မက္ကဆီကို အစိုးရရဲ့ အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေးစီမံကိန်း ပထမဆုံး ခြေလှမ်းပါ။

ပြည်သူပိုင်အခန်းကဏ္ဍမှာ အကျင့်ပျက်ခြစားမှုတွေကို အမြစ်ပြတ် နှိမ်နင်းမယ်လို့ မဲဆွယ်ကတိပြုခဲ့တဲ့ သမ္မတ လိုပက်ဇ် အိုဘရာဒိုဟာ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပါတယ်။

လိုသိုယာဟာ မက္ကဆီကိုသမ္မတဟောင်း ပင်ညက် နီတိုရဲ့ ၂၀၁၂ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုကို ကြီးကြပ်ခဲ့သူပါ။ လက်ရှိမှာ လိုသိုယာ ပိုင်ဆိုင်တဲ့ ဘဏ်အကောင့်တွေကို ပိတ်ထားတယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။

No comments:

Post a Comment