Tuesday, May 21, 2019

ကလေးဝမြို့နယ် သစ်ချောက်ကျေးရွာတွင် ကျောက်မီးသွေးမိုင်း ပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် ၆ ဦး ဒဏ်ရာရရှိ

ကလေးဝမြို့နယ် သစ်ချောက်ကျေးရွာအုပ်စု အတွင်းရှိ ထူးဟန်သစ်ကျောက်မီးသွေး ကုမ္မဏီ၏ ကျင်းအမှတ် ၂ ၊ တွင် ပေါက်ကွဲမှု ကြောင့် တရုတ်နိုင်ငံသားတစ်ဦး နှင့် မြန်မာအလုပ်သမား ၅ ဦးတို့မှာ မီးလောင်ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြသည်ဟု သိရသည် ။ "အဲဒါလေးက ဒီလိုလေးပါ ။ ယမ်းဖောက်ခွဲပြီးတဲ့အခါမှာ ဂက်စ်ပွင့်ပြီးတော့မှ အပြင်ထွက်တာ ။ ဂက်စ်က အပေါ်ကပ်တဲ့ အမျိုးပါ ။ အဲဒီကနေပြီးတော့ ဖြစ်သွားတာ ။ လူအသေအပျောက်တော့ မရှိပါဘူး ။ ညနေ ၄ နာရီ ၄၄ မိနစ်ေ လာက်က ဖြစ်သွားတာပါ ။ ထိခိုက်ဒဏ်ရာ ရတာက တရုတ်တစ်ယောက် နဲ့ ၊ မြန်မာ ၅ ယောက် ထိခိုက် ဒဏ်ရာရတာပါ ။ ထူးဟန်သစ် လုပ်ကွက်မှာ ဖြစ်တာပါ ။ ဆေးရုံတင် ထားလိုက်တာပါ ။ အကျီင်္က࿿ နိုင်လွန်ဖြစ်တဲ့ အတွက် ဓါတ်ငွေ့ က အပူဆိုတော့ ခွာလိုက်တဲ့ အခါ အသားကွာ သွားတာပါ " ဟု သစ်ချောက်ကျေးရွာ အုပ်ချုပ်ရေးမှုး ဦးကြည်လွင်က ပြောကြားသည် ။


ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ် မေလ ၁၉ ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင်ခန့်က ကလေးခရိုင် ၊ ကလေးဝမြို့နယ် ၊ သစ်ချောက်ကျေးရွာအုပ်စုအတွင်းတွင် မြန်မာ့စီးပွားရေး ဦးပိုင်လုပ်ကွက် အတွင်းရှိ ၊ မြန်မာ့စီးပွားရေး ဦးပိုင် နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် ထူးဟန်သစ် ကျောက်မီးသွေး ကုမ္မဏီ၏ ကျင်း အမှတ် ၂ ၊ အတွင်းပိုင်း ၊ ပေ ၅၀ဝ အကွာတွင် ကျောက်မီးသွေး တူးဖော်ရာတွင် အသုံးပြုသည့် ယမ်းဖောက်ခွဲ ၍ ကျောက်မီးသွေး တူးဖော်ရာမှတဆင့် ထွက်ရှိလာသော မီသိန်းဓာတ်ငွေ့တို့  ထိတွေ့၍ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည် ။ အဆိုပါ ပေါက်ကွဲမှုကြောင့် ပေ ၂၀ဝ အကွာ တွင် ရှိသော တရုတ်နိုင်ငံသား တစ်ဦး နှင့် မြန်မာနိုင်ငံသား ၅ ဦး ၊ စုစုပေါင်း ၆ ဦးတို့သည် မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရှိရပါသည် ။ အဆိုပါ ဒဏ်ရာရရှိ သူများအနက်
တရုတ်နိုင်ငံသား နှင့် မြန်မာလုပ်သား တစ်ဦးကို ကလေးမြို့ ပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင်ထားခဲ့ပြီး ၊ မြန်မာလုပ်သား၎ ဦးမှာ ကလေးဝမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုများ ခံယူလျှက်ရှိသည်ဟု သိရသည် ။

No comments:

Post a Comment