Tuesday, May 21, 2019

စိတ်ကျန်းမာရေးဆေးရုံမှာ ဆေးကုဖို့ စစ်ဆေးနေတဲ့ နိုင်ငံခြားသားမှ ဆေးရုံအုပ်ကြီး ကားမောင်းပြေး

မန္တလေး စိတ်ကျန်းမာရေးဆေးရုံကြီးမှာ တက်ရောက်ကုသဖို့ စစ်ဆေးမှု ခံနေတဲ့ အမေရိကန်နိုင်ငံသားဟာ ရုတ်တရက် စိတ်ဖောက်ပြန်လာပြီး  ထွက်ပြေးကာ ဆေးရုံအုပ်ကြီးရဲ့ကားကိုမောင်းပြေးမှုဖြစ်ပွားခဲ့တ
မနေ့က ညနေ၄နာရီမှာဖြစ်ပွားခဲ့တာဖြစ်ပြီး ထွက်ပြေးသွားတဲ့ အမေရိကန်နိုင်ငံသားကို ၄၅မိနစ်အကြာမှာ ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံကိုလာရောက်တဲ့ အမေရိကန်နိုင်ငံသား ပန်းချီဆရာ ဟာ စိတ်ကြွ/စိတ်ကျရောဂါခံစားနေရသူဖြစ်ပြီး ပြင်ဦးလွင်မြို့မှာနေထိုင်စဉ် ကျန်းမာရေးဆိုးဝါးလာတဲ့အတွက် မန္တလေးစိတ်ကျန်းမာရေးဆေး၇ုံကြီးကိုရောက်ရှိလာစဉ်မှာ ဖြစ်ပွားခဲ့တာပါ။



နိုင်ငံခြားသားဟာ သော့တန်းလမ်းနဲ့ ရေဆေးနေတဲ့ ဆေးရုံအုပ်ကြီးရဲ့ ကားကို မောင်းယူထွက်ပြေးသွားလို့ ယာဉ်မောင်းက ဆိုင်ကယ်နဲ့ လိုက်လံတားဆီးခဲ့ပါတယ်။ ယာဉ်မောင်းက ဆေးရုံအကျော် မြစ်ငယ်တိုးဂိတ်ကို ကြိုတင်ရောက်ရှိ အသိပေးထားပြီး မောင်းတံချထားလိုက်ရာမှာ အဲဒီနိုင်ငံခြားသားက မောင်းတံကို ၀င်တိုက်မိပြီး ကားစက်ရပ်သွားချိန်မှာ ထပ်မံထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

အနီးကကျေးရွာတစ်ရွာက လူတွေက ဝိုင်းဝန်းဖမ်းဆီးပြီး ဆေးရုံကို ပြန်လည်ပို့ဆောင်ပေးခဲ့အတွက် အဲဒီလူနာဟာ လက်ရှိမှာတော့ ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာအေးသူအောင်ကပြောပါတယ်။ မန္တလေး စိတ်ကျန်းမာရေးဆေးရုံကြီးမှာဆိုရင် လက်ရှိ လူနာ၁၇၀ကျော်ရှိပြီး အချို့လူနာတွေဟာ စိတ်ဖောက်ပြန်ချိန်မှာ ဆေးရုံထဲကနေ ထွက်ပြေးတာတွေရှိတယ်လို့ဆိုပါတယ်။

No comments:

Post a Comment