Tuesday, May 21, 2019

ရန်ကုန်မိလ္လာပြွန်စနစ်အပါအဝင် မြို့ပြဖွံ့ဖြိုးရေး၊ လျှပ်စစ်ဓာတ်အား တိုးချဲ့ရေး JICA ထံမှ ယန်း ၈၂ ဘီလီယံကျော် ချေးငွေယူရန် အတည်ပြု

 ရန်ကုန်မြို့၏ လက်ရှိ မိလ္လာစနစ်သည် ၁၃၁ နှစ်ကျော်ကြာမြင့်နေပြီဖြစ်သဖြင့် မိလ္လာပိုက်လိုင်းများ အက်ကွဲမှု၊ ယိုစိမ့်မှု၊ ပိတ်ဆို့မှုများကြောင့် ရေဆိုးသယ်ဆောင်ရာတွင် စွမ်းအားကျဆင်းနေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။ေ မလ ၂၀ ရက်က ကျင်းပ သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဂျပန်နိုင်ငံ အ ပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ (JICA) ထံမှ ယန်း ၈၂ ဒသမ ၂၇၃ ဘီလီယံ ချေးယူပြီး ရန်ကုန်မြို့ ဖွံ့ဖြိုးမှုစီမံ ကိန်းဆောင်ရွက်ခြင်း ကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကိုယ်စား လွှတ်တော်သို့ ရှင်းလင်းရာတွင် စီမံဘဏ္ဍာဒုဝန်ကြီးက ထည့်သွင်း ပြောကြားသည်။



‘‘လေဖိအားနဲ့ မောင်းနှင်တဲ့ စနစ်ဖြစ်တဲ့အတွက် အဓိကလေ ထုတ်ပေးနေတဲ့ လေမှုတ်စက်ရုံ က လေထုတ်နိုင်စွမ်းလည်း ကျ ဆင်းနေပါတယ်’’ဟု ဦးမောင် မောင်ဝင်းက ပြောသည်။

မိလ္လာပိုက်သည် လေဖိအား မောင်းနှင်သည့်စနစ် ဖြစ်သော ကြောင့် အဓိက လေထုတ်ပေး သော လေမှုတ်စက်ရုံ လေထုတ် နိုင်စွမ်း ကျဆင်းနေခြင်း၊ လေပိုက်များ ယိုစိမ့်ခြင်း၊ ပေါက်ပြဲခြင်းများ ရှိနေသည်။ ထို့ကြောင့် စက်များ မောင်းနှင်နိုင်ရန်နှင့် မိလ္လာပိုက် များ အလုပ်လုပ်နိုင်ရန် လိုအပ်သော လေမရှိတော့သဖြင့် မိလ္လာ များလက်ခံပြီး တွန်းတင်ပေးသည့်အလုပ် ဆောင်ရွက်ရသည့် မိလ္လာတွန်းစက်အိုးများ အလုပ်လုပ်နိုင်သည့် စွမ်းရည်ကျဆင်းလာ ကြောင်း ဦးမောင်မောင်ဝင်းက ပြောသည်။

‘‘လက်ရှိစနစ်မှာ မနိုင်ဝန် ထမ်းနေရပြီး အစိတ်အပိုင်းအ လိုက် ပြုပြင်ခြင်း၊ Update လုပ် ခြင်းတို့နဲ့ မရတော့တဲ့အတွက် စနစ်တစ်ခုလုံးကို အလုံးစုံပြုပြင် ရန် လိုအပ်ရခြင်းဖြစ်ပါတယ်’’ ဟု ဦးမောင်မောင်ဝင်းက ပြောသည်။

ရန်ကုန်မြို့ မိလ္လာပြွန်စနစ် ဖွံ့ဖြိုးမှုစီမံကိန်းကာလကို ကိုးနှစ် သတ်မှတ်ထားပြီး ပထမ ၂ နှစ် သည် အကြံပေးရွေးချယ်ခြင်း၊ ဒီဇိုင်းရေးဆွဲခြင်း၊ တင်ဒါခေါ်ယူ ခြင်းဆောင်ရွက်မည့် ပြင်ဆင်ချိန်ကာလဖြစ်ကြောင်း စီမံဘဏ္ဍာ ဒုဝန်ကြီးက လွှတ်တော်သို့ ရှင်းပြ သည်။

ကျန်ရှိသည့် ခြောက်နှစ်ကို တည်ဆောက် တပ်ဆင်ခြင်း ဆောင်ရွက်မည့် ကာလအဖြစ် သတ်မှတ်ပြီး တစ်နှစ်ကို စောင့် ကြည့်ကာလအဖြစ် သတ်မှတ် ထားသည်။

 ‘‘ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက ရန်ကုန် မိလ္လာပြွန်စနစ် ဖွံ့ဖြိုးမှုစီမံကိန်းအ တွက် ချေးငွေပြန်လည်ပေးဆပ် ရာမှာ အခွန်အခကောက်ခံရရှိငွေ များနဲ့ ပေးဆပ်သွားမှာ ဖြစ်ပါ တယ်’’ဟု စီမံဘဏ္ဍာဒုဝန်ကြီးက ပြောသည်။

 ထိုသို့ ရေဆိုးစွန့်ပစ်ခ ကောက်ခံရန် ကိစ္စနှင့်ပတ်သက်ပြီး ထိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီး ယား၊ ဗီယက်နမ် စသည့် အာဆီ ယံနိုင်ငံများ၊ ဂျပန်နိုင်ငံတို့နှင့် နှိုင်းယှဉ်တွဲချက်ပြီး စီမံကိန်းဧရိယာ ခုနစ်မြို့နယ်ပေါ်တွင် နှုန်းထား သတ်မှတ်ကောက်ခံရန် ကိစ္စကို ဆက်လက် သုံးသပ်ဆောင်ရွက်ရ မည်ဖြစ်ကြောင်း ဦးမောင်မောင် ဝင်းက လွှတ်တော်သို့ ရှင်းပြ သည်။ ထို့အပြင် ရန်ကုန်မြို့တော် စည်ပင်ဧရိယာ ၃၃ မြို့နယ်စလုံး တွင် နှုန်းထားသတ်မှတ် ကောက်ခံရန် စီစဉ်ဆောင်ရွက်မည်ဖြစ် သည်။

JICA မှ ချေးငွေ၏ ၈၅ ရာ ခိုင်နှုန်းခန့်ကို မိလ္လာပြွန်စနစ် ပြု ပြင်တည်ဆောက်ရေး၊ ယာဉ် ကြောကျပ်တည်းမှု ဖြေရှင်းရေး၊ ရန်ကုန်မြို့တွင်း အချက်အချာ ခုနစ်မြို့နယ်တွင် လမ်းများ သာ ယာလှပရေး စသည့်လုပ်ငန်းများ အတွက် ရန်ကုန်စည်ပင်သာယာ ရေးကော်မတီက သုံးစွဲမည်ဖြစ် သည်။ ကျန် ၁၅ ရာခိုင်နှုန်းကိုမူ ရန်ကုန်နှင့် မန္တလေးမြို့ပြဧရိယာ ဓာတ်အားဖြန့်ဖြူးမှု ကောင်းမွန် ရေး ဆောင်ရွက်ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက သုံးစွဲမည် ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရ အဖွဲ့က ပြည်ထောင်စုလွှတ်တော် သို့ ရှင်းပြသည်။

ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင် ရာ ပူးပေါင်းဆောင်ရွက်ရေးအေ ဂျင်စီ (JICA)မှ ယန်း ၈၂ ဒသမ ၂၇၃ ဘီလီယံချေးငွေဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ရန်ကုန်မြို့ မိလ္လာပြွန် စနစ်ဖွံ့ဖြိုးမှု စီမံကိန်းအတွက် ယန်း ၄၅ ဒသမ ၉၀၀ ဘီလီယံ၊ ရန်ကုန်မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းအ တွက် ယန်း ၂၄ ဒသမ ၈၅ ဘီလီယံတို့ကို သုံးစွဲမည်ဖြစ်သည်။ ထို့အပြင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင် လျှပ်စစ်ဓာတ်အား ပိုမိုရရှိရေး တိုးချဲ့ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် ယန်း ၁၂ ဒသမ ၂၈၈ ဘီလီယံ အသုံးပြုမည်ဖြစ်သည်။ JICA မှ ချေးယူသော ချေး ငွေကိစ္စနှင့် ပတ်သက်ပြီး ပြည် ထောင်စုလွှတ်တော်တွင် စက်ခလုတ်နှိပ် မဲခွဲဆုံးဖြတ်ရာ ဆန္ဒမဲပေးခွင့်ရှိသူ ၅၈၆ ဦးရှိပြီး ထောက်ခံဆန္ဒမဲပေးသူ ၅၂၀ ဦး၊ ကန့်ကွက်ဆန္ဒမဲပေးသူ ၁၅ ဦးနှင့် ကြားနေဆန္ဒမဲပေးသူ ခုနစ်ဦးရှိရာ ထောက်ခံသူ များသောကြောင့် ချေးငွေရယူခြင်းကို အတည်ပြုကြောင်း လွှတ်တော်နာယက ဦးတီခွန်မြတ်ကပြောသည်။

No comments:

Post a Comment