Tuesday, May 21, 2019

စည်းလုံးမှုပျက်ပြားစေရန် သတင်းမီဒီယာသုံး၍ ၀ါဒဖြန့်နေဟု တပ်ချုပ်ပြော သိမ်းကျုံးပြီးပြောရန်မသင့်ဟု မီဒီယာကောင်စီဝင်မှတ်ချက်ပြု

 မြန်မာနိုင်ငံရှိ လူငယ် လူရွယ်များကို စည်းလုံးညီညွတ်မှု ပျက်ပြားစေရန် သတင်းမီဒီယာ များနှင့် လူမှုကွန်ရက်မှတစ်ဆင့် မဟုတ်မမှန် စကားလုံးများဖြင့် ၀ါဒဖြန့် ဆောင်ရွက်နေသည်ကို တွေ့ရကြောင်း  တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်၏ ပြောကြား ချက်သည် ယေဘုယျဆန်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီတွဲဖက်အတွင်းရေးမှူး ဦးမြင့်ကျော်က မှတ်ချက်ပြုသည်။

ရေကြောင်းနှင့်လေကြောင်း လူငယ်မောင်မယ်များအား ဂုဏ် ပြုတွေ့ဆုံပွဲအခမ်းအနားကို မေ လ ၁၉ ရက်က နေပြည်တော်၌ ပြုလုပ်ရာ ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ‘မိမိတို့နိုင်ငံ ပျက် စီးပြိုကွဲရန် လှုံ့ဆော်သွေးထိုးသူ များ၏  အယုံသွင်းခြင်းမခံရစေရန် အတွက် အထူးဂရုပြုနေထိုင်သွား ကြရမည်ဖြစ်ကြောင်း၊ သပ်လျှို သွေးခွဲသူများက အမိမြန်မာနိုင်ငံ တော်ကြီး ပြိုကွဲပျက်စီးစေဖို့အ တွက် ခေတ်အဆက်ဆက်တွင် ကြိုးစားနေခဲ့ကြကြောင်း၊ မိမိ တို့နိုင်ငံအထဲက လူငယ်လူရွယ် များကို မဟုတ်မမှန်စကားလုံးများ နှင့် စည်းလုံးညီညွတ်မှု ပျက်ပြား စေရန် သတင်းမီဒီယာများနှင့် လူ မှုကွန်ရက်များမှတစ်ဆင့် ၀ါဒဖြန့် ဆောင်ရွက်နေသည်ကိုတွေ့ရ လျက်ရှိကြောင်း’ ပြောကြားခဲ့ သည်ဟု တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက သတင်းထုတ် ပြန်သည်။

ယင်းသို့ ပြောကြားချက်နှင့် ပတ်သက်ပြီး ဦးမြင့်ကျော်က ‘‘မီဒီ ယာက ပြဿနာတွေကို ဖန်တီး တယ်ဆိုတာမျိုးကိုတော့ ကျွန် တော်တို့ ယေဘုယျအားဖြင့် သဘောမတူဘူး။ မီဒီယာကို လာပြီးသုံးကြတယ်ဆိုတဲ့ ဟာမျိုး  ကိုတော့ ကျွန်တော်လက်ခံတယ်။  အဲဒါမျိုးမဖြစ်အောင် အဖွဲ့အ စည်းအသီးသီးက ၀ိုင်းပြီးတော့ စောင့်ကြည့်ရမယ်၊ ဝေဖန်ရမယ်၊ ထောက်ပြရမယ်။ မီဒီယာကြောင့်  တိုင်းပြည် ပျက်တယ်ဆိုတဲ့ဟာ မျိုးကျတော့ တိုင်းပြည်ပျက်စေတဲ့  အကြောင်းရင်းကို လုပ်တဲ့အဖွဲ့အစည်းတွေရှိနေပြီးတော့ မီဒီယာက အသုံးချခံတာမျိုး၊ မီဒီယာကို အပြစ်တင်ကြတာမျိုးပဲ ထင်ပါတယ်’’ဟု ပြောသည်။

မြန်မာနိုင်ငံသာမက နိုင်ငံ တကာတွင်လည်း လူမျိုးရေး၊ဘာ သာရေး၊ နိုင်ငံရေး၊ ရွေးကောက် ပွဲကိစ္စများနှင့်ပတ်သက်ပြီး လူမှု မီဒီယာပလက်ဖောင်းကို သုံးစွဲ၍  သတင်းအချက်အလက်အမှား များဖြင့် ဆွဲဆောင်ခြင်း၊ ပုံဖျက် ခြင်းကိစ္စများ ဆောင်ရွက်လေ့ရှိ ကြောင်း၊ ပရော်ဖက်ရှင်နယ်  မီဒီယာနှင့် လူမှုကွန်ရက်မီဒီယာ ပလက်ဖောင်း အသုံးပြုသူများ မတူညီကြောင်း ဦးမြင့်ကျော်က ပြောသည်။

‘‘ပရော်ဖက်ရှင်နယ်မီဒီယာ က ဒီပဋိပက္ခတွေတို့ နိုင်ငံပြိုကွဲရ မယ်ဆိုတဲ့ဟာတွေကတော့   ဒီလို မျိုး သိမ်းကျုံးပြီး ယေဘုယျဆန် ဆန်ပြောတဲ့ ဟာတွေကတော့   ကျွန်တော်တို့ကတော့ ၀ါဒဖြန့်ချိ ရေးလို့ပဲ သဘောထားပါတယ်။ ဘာလို့လဲဆိုတော့ တကယ်တမ်း  တိတိပပပြောချင်ရင် ဘယ်မီဒီ ယာက ဘယ်လိုရေးတဲ့ဟာက ဘယ်လိုဖြစ်စေတယ်ဆိုတဲ့ အ ထောက်အထားတွေနဲ့ ပြောသင့်  တယ်လို့ထင်တယ်။ ဒီလို အားလုံး သိမ်းကျုံးပြီးပြောတာက ယေဘု ယျဆန်ဆန် ၀ါဒဖြန့်ချိရေးလုပ် တယ်လို့ပဲ မြင်ပါတယ်’’ဟု ၎င်းက ဆိုသည်။

အဖွဲ့အစည်း၊ နိုင်ငံရေး ပါတီနှင့် အစိုးရတို့၏ ထောက်ပံ့မှု ဖြင့် ဆောင်ရွက်သည့်မီဒီယာ သည် ၀ါဒဖြန့်ချိမှုကို လုပ်ဆောင် ပြီး လွတ်လပ်သည့်ပုဂ္ဂလိက မီဒီယာများက အမှီအခိုကင်းစွာ လွတ်လပ်စွာ ရပ်တည်ခံယူလုပ်  ဆောင်ကြောင်း၊ တစ်ဖက်တွင်  ပုဂ္ဂလိက မီဒီယာအချို့က နောက် ကွယ်တွင် တစ်ပိုင်းတစ်စအ ထောက်အပံ့ရယူခြင်းမျိုးရှိနိုင်၍ ပရိသတ်ကစောင့်ကြည့်မေးခွန်း ထုတ်ရမည့်ကိစ္စဖြစ်ကြောင်း ဦး မြင့်ကျော်က ပြောသည်။ ဇေယျာသီရိဗိမာန်ခန်းမ၌ ပြုလုပ်သည့်တွေ့ဆုံပွဲတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မူးယစ်ဆေးဝါးကို လက်နက်ကဲ့သို့သုံးပြီး ဖျက်ဆီးနေခြင်းကို သတိတရားနှလုံးသွင်း၍ အသိတရားရှိရှိ တွန်းလှန်ရန်ရေကြောင်းနှင့် လေကြောင်း လူငယ်မောင်မယ်များအား တိုက်တွန်းသည်။

No comments:

Post a Comment