Tuesday, May 21, 2019

❝ Huawei Mobile ၏ တရားဝင်ကြေငြာချက် ❞

Huawei မှ တစ်ကမ္ဘာလုံးတွင် Android တိုးတက်လာရေးနှင့် ကြီးထွားတိုးတက်လာမှုတို့အတွက် ဆောင်ရွက်ခဲ့ပါသည်။ Android ၏ အရေးပါသည့် ပါတနာတစ်ဦးဖြစ်သည့်အလျောက် ၄င်းတို့၏ open-source platform နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အသုံးပြုသူများအတွက်သာမက နယ်ပယ်တစ်ခုလုံး အကျိုးရှိစေမည့် Android စနစ်တစ်ခု တည်ဆောင်ရေးအတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ခဲ့ပါသည်။
.

❝လက်ရှိအချိန်တွင် Huawei အနေဖြင့် ရောင်းချခဲ့ပြီးသော Huawei ထုတ်ကုန်များ၊ ဈေးကွက်ထဲ Stock ရှိနေသော Huawei ထုတ်ကုန်များအားလုံးသည် Security Update အပါအဝင် အခြား Update နှင့် Service များအားလုံးကို ယခင်အတိုင်း ဆက်လက်ရရှိသွားမည်ဖြစ်သလို ❞ အသုံးပြုသူများအားလုံးအတွက် ပိုမိုကောင်းမွန်သည့် အတွေ့အကြုံများပေးစွမ်းနိုင်ရန် လုံခြုံစိတ်ချပြီး ခိုင်မာသည့် စနစ်ကို ဆက်လက်တည်ဆောက်သွားမည်ဖြစ်ပါသည်။

No comments:

Post a Comment