Tuesday, May 21, 2019

အမျိုးသမီးများ ရင်သားကင်ဆာ ကာကွယ်ရန် အဆီလျှော့စားပြီး အသီးအရွက် ပိုမိုစားသုံးသင့်

အမျိုးသမီးများအနေဖြင့် ရင်သားကင်ဆာဖြင့် သေဆုံးနိုင်သည့် အန္တရာယ်လျှော့ချရေး အဆီလျှော့စားပြီး  သစ်သီးနှင့် ဟင်းသီးဟင်းရွက် ပိုစားသင့်ကြောင်း သုတေသီများက အကြံပြုသည်။ သုတေသီများက အမျိုးသမီး ၅၀,၀၀၀ ကို ဆယ်စုနှစ်နှစ်ခုကြာ လေ့လာပြီးနောက် အထက်ပါကဲ့သို့ အကြံပြုခြင်းဖြစ်သည်။



အမေရိကန်နှင့် ဗြိတိန်တွင် အမျိုးသမီးရှစ်ဦး၌ တစ်ဦးသည် ၎င်းတို့ဘဝ၏ တစ်ချိန်ချိန်တွင် ရင်သားကင်ဆာဖြစ်ပွားမှုနှင့် ကြုံ တွေ့နေရကြောင်း အမေရိကန်သုတေသီများက ပြောသည်။ နေထိုင်စားသောက်ပုံကို ကျန်းမာရေးနှင့်ညီအောင် ပြောင်းလဲခြင်း၊ ကိုယ်အလေးချိန်လျှော့ချခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်းတို့က ရင်သားကင်ဆာအန္တရာယ်အတွက် သိသိသာသာ အထောက်အကူဖြစ်စေနိုင်ကြောင်း သုတေသီများကပြောသည်။

ရင်သားကင်ဆာသည် ကမ္ဘာပေါ်တွင် ဖြစ်ပွားမှုအများဆုံး ကင်ဆာရောဂါများအနက် တစ်ခုဖြစ်သည်။ ရင်သားကင်ဆာဖြစ်ပွားမှုကို စောစောစီးစီး စစ်ဆေးတွေ့ရှိပါက ကုသရလွယ်ကူသော်လည်း ရောဂါရင့်လာပါက ရင်သားနှင့်နီးစပ်သော နေရာများသို့ ကင်ဆာဆဲလ်များ ပျံ့နှံ့နိုင်ပြီး ကုသရခက်ခဲကာ အသက်အန္တရာယ်ရှိနိုင်သည်။ အသက်(၅၀)နှင့်အထက် အမျိုးသမီးများ ရင်သားကင်ဆာရောဂါနှင့် ကြုံတွေ့ရမှုများသော်လည်း ငယ်ရွယ်သူများ တစ်ခါတစ်ရံဖြစ်ပွားကာ အမျိုးသားများလည်း အဆိုပါရောဂါ ဖြစ်ပွားနိုင် သည်။

ရင်သားများကို ပုံမှန်စစ်ဆေးသင့်ပြီး ကိုယ်တိုင်စစ်ဆေးခြင်းအပါအဝင် ဆရာဝန်နှင့်လည်း ပုံမှန်စစ်ဆေးသင့်သည်။ ထို့အပြင် မိသားစုတွင် ရင်သားကင်ဆာဖြစ်ပွားမှု ရာဇဝင်ရှိပါက ကြိုတင် သတိထားရန် လိုသည်။ အသက်(၅၀)နှင့် (၇၀)ကြား အမျိုးသမီးများအနေဖြင့် ရင်သားကင်ဆာအတွက် ပုံမှန်စစ်ဆေးမှု ခံယူသင့်သည်။

No comments:

Post a Comment